ဗိုလ်မှူးကြီး ဗထူး ကျဆုံးခြင်း နှစ် ၇၀ ပြည့်အခမ်းအနားကို ထားဝယ် မြို့တွင် လာမည့် ဇွန်လ ၂ ရက်နေ့၌ ကျင်းပမည် ဖြစ်ကြောင်း ထားဝယ်တိုင်း ရင်းသားများပါတီ(ဗဟို)မှ ပြန်ကြားရေး တာဝန်ခံ ဦးရာဇာစိုးက ပြောသည်။
ယင်းနေ့ နံနက်ပိုင်းတွင် ဗိုလ်မှူး ကြီး ဗထူးအား ရည်စူးပြီး ကုသိုလ်ပြု မည်အပြင် ဟောပြောခြင်း၊ ကဗျာရွတ် ခြင်းနှင့် ကမြောကင်း တံတားထိပ်ရှိ ဗိုလ်မှူးကြီး ဗထူးရုပ်ထုကို အလေးပြု ခြင်းတို့ကို ပြုလုပ်မည်ဟု ဦးရာဇာစိုးက ပြောသည်။
ထို့အပြင် ထားဝယ်တိုင်းရင်းသား ယဉ်ကျေးမှုပြခန်းကို ပြသခြင်း၊ ထားဝယ်ရိုးရာ အကဖြင့် ဖျော်ဖြေခြင်း၊ ထားဝယ်ရိုးရာ မုန့်ရောင်းခြင်းတို့ကိုပါ လုပ်ဆောင်သွားမည်ဟု သိရသည်။