ဘာရင်ကျွန်း မီးတောင် ပေါက် ကွဲမည့်သတင်း အခြေအမြစ်မရှိဟု ဒေါက်တာထွန်းလွင်ဆို

0
695

မြန်မာပြည်တောင်ပိုင်း မြို့များ တွင် ဘာရင်ကျွန်း မီးတောင် ပေါက်ကွဲ မည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ အခြေမြစ်မရှိသည့် သတင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ် စာမျက်နှာ မှ တဆင့် အသိပေးထားသည်။

မေလ ၂၇ ရက်နေ့တွင် မီးတောင် ပေါက်ကွဲမည်ဟု ထွက်ပေါ် နေသည့် သတင်းများနှင့် ပတ်သက်သည့် အခြေ အမြစ်ကို ရှာမတွေ့သည့်အပြင် ကမ္ဘာ့ သတင်း လောကတွင် မည်သူကမျှ ထုတ်ပြန် ကြေညာထားခြင်း မရှိ သေး ကြောင်း ဖေ့စ်ဘုတ် စာမျက်နှာတွင် မေလ ၂၅ ရက်နေ့နှင့် ၂၇ ရက်နေ့တို့က ရေးသားထားသည်။
အထူးသဖြင့် ဘာရင်ကျွန်းသည် အိန္ဒိယနိုင်ငံ ပိုက်နက်အတွင်း ရှိသည့် အတွက် သတင်းထုတ်ပြန်ရန် တာဝန်ရှိ သည့် အိန္ဒိယနိုင်ငံကပင် ဘာရင်ကျွန်း မီးတောင်ပေါက်ကွဲမည့်ကိစ္စကို လွန်ခဲ့ သည့် တစ်လခန့်က ထုတ်ပြန်ဖူး သည်မှ လွဲ၍ တစ်စုံတစ်ရာ ထပ်မံ ကြေညာခြင်း မရှိသေးဟု ၎င်းက ရေးသားထားသည်။
နောက်ဆုံး ရရှိသည့် သတင်းများ မှာ ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်သည့် မတ်လ နှောင်းပိုင်း ကာလအတွင်း ဘာရင် မီးတောင်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မီးတောင်၏ အလယ် ဗဟိုအဝမှ ချော် ရည်များ စီးဆင်းထွက်လာသည်ကို တွေ့ရသည်ဟု လည်းကောင်း၊ ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်သည့် လေယာဉ်မှူးတစ်ဦး၏ သတင်း ပေးပို့ချက်အရ ဘာရင်ကျွန်းမီးတောင်ဝမှ မီးခိုးပြာများအထက် ပေ ၁၀၀၀၀ ခန့်အထိ ထိုးထွက်နေသည်ကို တွေ့ခဲ့ ရခြင်းနှင့် ပက်သက်၍ မတ်လက ထွက်ခဲ့သည့် ချော်ရည်များ ဆက်လက် ထွက်နေခြင်း (သို့မဟုတ်) အသစ်ပြန် လည် ထွက်လာခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ကြသည်ဟု လည်းကောင်း စသည့် သတင်းများသာရှိကြောင်း ဒေါက်တာထွန်းလွင်က ရှင်းပြ ထား သည်။
ယင်းနောက်ပိုင်းတွင် ဘာရင် ကျွန်းမီးတောင်နှင့်ပတ်သက်၍ နောက်ဆုံး ရသတင်းထုတ်ပြန်ခြင်းမရှိသေးသည့်အတွက် အရေးကြီးသည့် အနေအထား မရှိသေးဟု ယူဆနိုင် ကြောင်း ၎င်းက ရှင်းလင်း ရေးသား ထားသည်။
သို့သော် မြိတ်မြို့နယ် တစ်ဖက် ကမ်းရှိ ကျွန်းစုမြို့ပိုင် မအိုကျေးရွာအုပ်စု၊ ပထော်၊ ပထက်၊ ရှင်မယာဉ်သာ ကျေးရွာတို့တွင် ယခုရက်ပိုင်းအတွင်း ဆူနာမီလာမည်ဟူသည့် ကောလ ဟာလကြောင့် ဒေသခံတချို့ ထိန့်တ လန်ြ့ဖစ်နေကြောင်း ယင်းကျေးရွာများမှ ဒေသခံတချို့က ပြောသည်။
” အသံတွေက မျိုးစုံပါပဲ။ ဆူနာမီ လာမယ်။ ရေကြီးမယ်။ ဒီရေတက် မယ်လို့ ပြောနေကြတာပဲ။ မဖြစ်နိုင်ဘူး လို့ ထင်ပါတယ်” ဟု ပထက်ရွာနေထိုင်ပြီး မြိတ်ဆိပ်ငယ်တံတားတွင် သဗ္ဗာန် မောင်းနေသူတစ်ဦးက ပြောသည်။
ယင်းသတင်းကြောင့် ရွာသား တချို့တောင်ပေါ်သို့ ရွှေ့ပြောင်း ခဲ့ကြောင်း သိရသည်။
ဘာရင်ကျွန်း မီးတောင် ပေါက် ကွဲမှုကြောင့် ဆူနာမီ ဖြစ်ပေါ်လာ မည်ဟူသည့် သတင်းနှင့် ပတ်သက်ပြီး တစ်စုံတရာသတင်း ထုတ်ပြန်ထား ခြင်းမရှိကြောင်း မြိတ် ခရိုင် လူမှုဝန် ထမ်းဦးစီးဌာနထံမှ သိရသည်။