ပုလုံးတုံတုံး ကမ်းခြေ အုပ်စုဖွဲ့ အဓမ္မကျင့်မှု ကာယကံရှင် အမျိုးသမီး နှစ်ဦး သက်သေမထွက်ဆို၍ အမိန့်ချရန် ကြန့်ကြာနေ

0
634

ကော့သောင်းမြို့နယ် ပုလုံးတုံတုံး ကျေးရွာ ကမ်းခြေတွင် အောက်တိုဘာလ (၄) ရက်က ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ မုဒိမ်းကျင့် လုယက်မှုတွင် ကာယကံရှင် အမျိုးသမီးနှစ်ဦး တရားရုံးတွင် လာ ရောက် သက်သေထွက်ဆိုခြင်း မရှိသည့် အတွက် အမိန့်ချရန် ကြန့်ကြာနေသည် ဟု ကော့သောင်းခရိုင် တရားရုံးမှ သိရသည်။

အဆိုပါ အမှုကို ကြားနာစစ်ဆေး နေသည်မှာ ၇ လကျော်နေပြီဖြစ် သော် လည်း ယခုအချိန်အထိ ကျူးလွန်ခံ ရသည့် အမျိုးသမီးနှစ်ဦးက တရား ရုံးတွင် သက်သေ လာရောက် ထွက်ဆို ခြင်း မရှိသေးဟု အထက်ပါ တရား ရုံးက ပြောသည်။
၎င်းပြစ်မှု ကျူးလွန်သူများသည် ပုလုံးတုံတုံးကမ်းခြေ ဘန်ဂလိုတွင် ည အိပ် တည်းခိုနေသည့် စုံတွဲနှစ်တွဲ အနက် အမျိုးသမီးနှစ်ဦးကို အုပ်စုဖွဲ့ မုဒိန်းကျင့် လုယက်ခဲ့ပြီး ယောက်ျားဖြစ် သူများကို လည်း တိုင်တွင် ကြိုးတုတ်ကာ ဓားထောက် ခြိမ်းခြောက် ခဲ့သည်ဟု ဝန်ခံထားကြောင်း သိရသည်။
” ဒီအမှုကို ဘယ်လို စီရင်ချက်မျိုး ချမှတ်မလဲဆိုတာကို စိတ်ဝင်စားတယ်” ဟု ပုလုံးတုံတုံးကျေးရွာ ဒေသခံ တစ်ဦး ဖြစ်သည့် ဦးမြင့်သိန်းက ဆိုသည်။
ယင်းဖြစ်စဉ်သည် ကော့သောင်းမြို့ တွင် မကြုံတွေ့ဖူးသည့် ဖြစ်စဉ်ဖြစ်သည့် အတွက် ဒေသခံများ စိတ်ဝင်စားကာ တုန်လှုပ်ခဲ့ရသည်။
အဆိုပါ အမှုတွင်ပါသည့် အမျိုး သမီးနှစ်ဦး၏ ထွက်ဆိုချက်ရှိမှ အမြန် ဆုံးအမိန့်ချနိုင်မည် ဖြစ်ကြောင်း သိရ သည်။ ပြစ်မှုကျူးလွန်ခဲ့သူများကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ (၁၀) ရက်တွင် ပြစ်မှုပုဒ်မ ၄၅၆/၃၇၆/၃၉၂ အရ တရားစွဲဆိုခဲ့ကြောင်း သိရသည်။