‘ ရ-ရဲ-ရွှေ-ဇော’ ဓာတ်ငွေ့တောမှာ

0
624

လက်ရှိ မြန်မာပြည်တွင် နိုင်ငံခြား ဝင်ငွေ ရှာပေးနေသည့် ကမ်းလွန် သဘာဝဓာတ် ငွေ့တွင်း ၄ တွင်း ရှိသည်။ ရတနာ၊ ရဲတံခွန်၊ ရွှေနှင့် ဇောတိက ဟူ၍ နာမည်လှလှ မှည့်ထား ကြသည်။ ‘ ရ-ရဲ-ရွှေ-ဇော’ ဟု အတိုမှတ်လျှင် ပို၍ လွယ်ကူမည် ထင်သည်။ မွန်နှင့် တနင်္သာရီ ကမ်းလွန် ဒေသတွင် ၃ တွင်းရှိပြီး ထိုင်းနိုင်ငံတင်ပို့ ရောင်းချ သည်။ ရခိုင်ကမ်းလွန်တွင် ထွက်ရှိသည့် ‘ ရွှေ ‘တွင်းမှာမူ တရုတ် နိုင်ငံသို့ တင်ပို့ သည်။


ကန်ထရိုက် စာချုပ်အရ ပြည်တွင်း အသုံးပြုရန် သန်း ၄၀၀ ခန့် ရရှိမည်  ဖြစ်သော်လည်း ယနေ့အချိန်အထိ ပြည်တွင်း ခွဲတမ်းကို အပြည့်အဝ ရယူသုံး စွဲနိုင်ခြင်း မရှိသေးချေ။ လွန်ခဲ့ သော နှစ်များက စက်အဆင်သင့် ရှိပါလျက် ဂက်စ်မရှိ၍ မီးအလှည့် ကျပေးခဲ့ရသည်အထိ အခြေအနေ ဆိုးခဲ့ ဖူးသည်။gas-forest သဘာဝအတိုင်း ထွက်ရှိလာ သော ဓာတ်ငွေ့အကြမ်းများကို ကမ်း လွန် ပင်လယ်စုရပ် ဏူအ်ေသမာ တွင် ပထမအဆင့် သန့်စင်သည်။ သန့်စင်ရာ မှ ထွက်လာသည့် ရေငွေ့နှင့်ဒြပ်ပေါင်း များ ရောနေသော ဂက်စ်အညံ့များကို မီးရှို့ဖျက်ဆီး ပစ်ရသည်။ မြန်မာပြည်မှ ဂက်စ်များမှာ ထိုင်းပင်လယ်ကွေ့မှ ဂက်စ်ထက် အရည်အသွေး အနည်းငယ် ညံ့သဖြင့် ထိုင်းတွင် လျှပ်စစ်ထုတ်သည့် အခါ  နှစ်မျိုးရောနှော အသုံးပြုကြောင်း သိရသည်။

ခွဲဝေခံစားမှု အချိုးအစား
ဓာတ်ငွေ့တွင်း တစ်တွင်းသည် ယေဘုယျအားဖြင့် နှစ် ၃၀ ခန့် ထုတ် ယူနိုင်သည်။ ပထမ ၅ နှစ်ကို အရင်း ကြေကာလ (Cost Recovery) ဟု သတ်မှတ်ပြီး ကျန် ၂၅ နှစ်ကို အသား တင် အမြတ်ကာလဟု ခေါ်သည်။ ဓာတ်ငွေ့ရောင်းချ ရရှိငွေကို ပထမ ၅နှစ် တွင် မြန်မာဖက်မှ ၄၅% နှင့် နိုင်ငံခြားကုမ္ပဏီမှ ၅၅% ခန့် ခွဲဝေယူ ကြသည်။ ကျန် ၂၅ နှစ်တွင်မူ မြန်မာ ဖက်မှ ၆၇% နှင့် ကုမ္ပဏီမှ ၃၃% သာ ရရှိကြသည်။
စာချုပ်အရ အောက်ပါအချက် ၄ ချက် ကို အခြေခံသည်။
(၁) Project သက်တမ်း နှစ်  ၃၀ စလုံးကို ခြုံငုံတွက်ချက်မည်ဆိုပါက  ဓာတ်ငွေ့ ရောင်းချရရှိငွေ၏ ၆၃% ခန့်ကို မြန်မာပြည်မှ ခံစားရရှိပြီး ကျန် ၃၇%ကို နိုင်ငံခြား ကုမ္ပဏီများမှ ရရှိကြသည်။
(၂) ထွက်ရှိလာသော သဘာဝဓာတ် ငွေ့ အားလုံး၏ ၂၀% ကို ပြည်တွင်း အသုံးပြုရန် ရောင်းချပေးရမည်ဖြစ်ပြီး ကျန် (၈၀%)ကိုမူ ထိုင်းနှင့်တရုတ်သို့ ပို့လွှတ်ရောင်းချ ခွင့်ပြုရသည်။
ရဲတံခွန်တွင်းမှ သဘာဝ ဓာတ်ငွေ့ နှင့်အတူ အပေါ့စားရေနံ (Condensate) တစ်ရက် ၁၂၀၀၀ barrel (စည်) ထွက်ရှိပြီး အားလုံးကို ပြည်တွင်းသုံးအဖြစ်  ရောင်းချခွင့်ရသည်။
(၃) ကျောက်ဖြူဒေသမှ တရုတ် ပြည်သို့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တစ်လိုင်းသွယ်တန်း ခွင့်ပြုထားခြင်း အတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၇ သန်း ရရှိသည်။
(၄) ဂက်စ်ပိုက်လိုင်းနှင့် အတူ ရေနံပိုက်လိုင်း တစ်ခုကိုလည်း တည် ဆောက်ဖြတ်သန်း ခွင့်ပြုထားပြီး တစ်နှစ် ဒေါ်လာ ၇ သန်း ခန့်ထပ်မံ ရရှိသည်။ ထို့အပြင်  ရေနံစိမ်းတစ်တန်ပို့ လွှတ်တိုင်း ဖြတ်သန်းခ တစ်ဒေါ်လာနှုန်း ပုံမှန် ရရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
လာမည့် ၂၀၁၇-၂၀၁၈တွင် ပုသိမ်မြို့တောင်ဘက်ရှိ ” အောင်သင်္ခ” အမည်ရသော ဓာတ်ငွေ့တွင်းမှ တစ်နေ့ လျှင် ဂက်စ် ကုဗပေ သန်း(၁၀၀) ထွက်ရှိ လာပါမည်။ ထိုင်းကုမ္ပဏီ (PTTEP) မှ တူးဖေါ်နေခြင်းဖြစ်ပြီး အားလုံးကို ပြည်တွင်း အသုံးပြုရန် ဖြစ်သည်။ တစ်နေ့ ကုဗပေ တစ်သန်း သည် လျှပ်စစ် ၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင် သည်ဖြစ်ရာ ကုဗပေ သန်း ၂၀ ရလျှင်ပင် ကျွန်ုပ်တို့ တနင်္သာရီ တိုင်းသား အားလုံး သုံးစွဲခွင့် ရနိုင်ပေသည်
မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်သည့်အခါ M- လုပ် ကွက်နှင့်A-လုပ်ကွက်ဟူ၍ ဖော်ပြသည် ကို တွေ့ကြရပေမည်။ မွန်နှင့် တနင်္သာရီ ဒေသ တဝိုက်ရှိနေရာများကို M- (Mata -ban) ဟု အတိုကောက် သတ်မှတ်ပြီး ရခိုင်ဒေသ တဝိုက်တွင်မူ A-(Arakan) ဟု သုံးနှုန်းပါသည်။  ပင်လယ်ရေအနက် ပေ ၅၀၀ ကျော်လျှင် Deep ဟု သတ် မှတ်ပြီး MD-AD စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲသည်။

 မြန်မာအခက် ထိုင်းအချက်
ထိုင်းနိုင်ငံ လျှပ်စစ်အတွက် အဓိ က စွမ်းအင်ဖြစ်သော သဘာဝဓာတ်ငွေ့ကို ထိုင်းပင်လယ်ကွေ့မှ တူးဖော် ရရှိသည်။ ၁၉၉၂ ခုဝန်းကျင်က မြန်မာပြည်၏ ရတနာ၊ ရဲတံခွန်တို့နှင့် တပြိုင်တည်း PTT မှ တူးဖော်သည်။ ထိုင်းနိုင်ငံ၏ လက်ရှိ လျှပ်စစ် သုံးစွဲသည့် ပမာဏမှာ ၃၀၀၀၀ မဂ္ဂါဝပ် ကျော် လာပြီဖြစ်ပြီး မြန်မာပြည်ထက် ၁၅ ဆခန့် ပိုမို ရရှိနေသည်။ ” ဓာတ်ငွေ့ စတင်ထွက်တာ ချင်း အတူတူ ဘာလို့ ၁၅ ဆတောင် ကျန်ခဲ့ရသလဲ” ဟု မေးစရာရှိသည်။ လုပ်ရည် ကိုင်ရည် ကွာပါသည်။
ထိုင်းပင်လယ်ကွေ့မှာ သဘာဝ ဓာတ်ငွေ့ စတင်တွေ့ရှိ ကတည်းက  Gas Turbine များ ကြိုဆောက် ထားသည်။”သူတို့မှာ ပိုက်ဆံ ပေါတာကိုး” ဆိုပြီး ဆင်ခြေပေးတာ ကြားဖူးသည်။ ထိုစဉ် အခါက ထိုင်းတွင် လည်း ငွေမရှိပါ။ သို့သော် အကြံဥာဏ်ကောင်းများ ရှိပါသည်။ ” ကျောက်မီးသွေး သုံးစွဲမှု လျော့ချမည့် လျှပ်စစ်ဖွံ့ဖြိုးရေး”  ခေါင်းစဉ်တပ်ကာ အာရှဖွံ့ဖြိုးရေး ဘဏ် (ADB)မှ ဒေါ်လာ သန်း(၁၀၀)ချေးယူ ပြီး သဘာဝဓာတ်အားပေးစက် များ တည်ဆောက်ခဲ့ကြပါသည်။
သဘာဝဓာတ်ငွေ့ အမှန်တကယ် ထွက်ရှိလာသောအခါထိုင်းနိုင်ငံ အတွင်း သို့ ဒီဇယ်လောင်စာတင်သွင်းမှု လျှော့ နည်းလာစေရန် သဘာဝဓာတ်ငွေ့ကို အစားထိုး အသုံးပြုနိုင်အောင် ဖန်တီးပေး သည်။ ပြည်တွင်းသုံးမည့် ဂက်စ်ကို အစိုးရမှ အရှုံးခံ၍ ဈေးလျော့ ရောင်းပေးပြီး၊ ဒီဇယ်မသုံးအောင် အခွန် တိုးကောက် ထားသည်။ မြန်မာပြည် တာဝန်ရှိ လူကြီးမင်းများ အတုယူသင့် ပေသည်။  ထိုင်းလျှပ်စစ်ဖူလုံရေး တာ ဝန်ယူထားသူများ၏ အကွက်မြင်မှု ကလည်း အံ့မခန်းပင် ဖြစ်သည်။ ၁၉၈၈ နောက်ပိုင်း မြန်မာပြည် အပေါ် အနောက်နိုင်ငံများက စီးပွားရေး ပိတ် ဆို့သည်။ ၎င်း Sanction ကို အခွင့် ကောင်းယူကာ ရတနာနှင့် ရဲတံခွန်မှ ဓာတ်ငွေ့ ၈၀ ရာခိုင်နှုန်းဖြစ်သော တစ်နေ့ ကုဗပေ သန်း ၁၀၀၀ ခန့် ကိုရအောင် ဝယ်ယူဖို့ စာချုပ်ချုပ် ဆို နိုင်ခဲ့သည်။ မြန်မာအခက် ထိုင်းအ ချက်ဟု ဆိုရပေမည်။ တရုတ်ကြီးလည်း ထိုနည်းလည်းကောင်းပင်။

ထိုင်းလျှပ်စစ်နှင့် မြန်မာ့အရင်းမြစ်
မြန်မာပြည်သူ ၃၄ ရာခိုင်နှုန်း လျှပ်စစ်ရရှိနေရာမှ နောက် ၅ နှစ် အကြာတွင် ၅၀ ရာခိုင်နှုန်းအထိ ရရှိ အောင် အသည်းအသန် ကြိုးစားနေ ချိန်တွင် ထိုင်းတာဝန်ရှိသူများက နောက် ၁၅ နှစ်အတွက် ငြင်းခုံနေကြပေပြီ။ ၁၅ နှစ် သက်တမ်း ရှိလာပြီဖြစ်သော ထိုင်း ပင်လယ်ကွေ့ ဓာတ်ငွေ့တွင်းများ ၂၀၃၀ တွင် ကုန်ခမ်းသွားမည် ဖြစ်သည်။ သို့အတွက် ကိုယ်ပိုင် ဂက်စ်တွင်းသစ်များ ထပ်တူးရန် ဝန်ကြီးချုပ် ပရာယု ကျန်အိုချာက လွှတ်တော်တွင် အဆို တင်သွင်းသည်။ လွှတ်တော် အမတ် တချို့နှင့် အရပ် ဖက်အဖွဲ့အစည်းအချို့က ” နောင်လာ နောင်သားများ အတွက် ချန်ထားရမည်” ဟုဆိုကာ အပြင်းအထန် ကန့်ကွက်ကြသည်။
အစည်းအဝေးအပြီးတွင် သတင်း ထောက်များ၏ အမေးကို ချန်အိုချာက” ဒီအကြောင်း ကျုပ်ကို ဆက်မမေးနဲ့၊ ကျောက်မီးသွေး ဆိုတော့လည်း မလိုချင် ဘူး၊ ဂက်စ်တူးမယ်ဆိုတော့လည်း ကန့် ကွက်တယ်။ ကျုပ် ခေါင်းကြီး ကွဲထွက် တော့မယ်”ဟု ဖြေဆိုသွားပါသည်။ ” သံလွင်မြစ်ကရေကို တူးမြောင်းဖောက် ဝယ်ယူပြီး လျှပ်စစ်ထုတ်မယ်ဆိုတာ စိတ်ကူးယဉ် မဆန်ဘူးလား” ဟု ထပ်မေး ခံရမှုကိုမူ  ” ငါမပြောဘူး၊ ပြောတဲ့လူကို သွားမေး”  ဆိုပြီး စစ်တပ်လေသံဖြင့် ခပ်ကြမ်းကြမ်း ဖြေဆိုသွားပေသည်။
နောက်ဆုံးတွင်မူ လမ်းစဉ်ဟောင်း အတိုင်း တနင်္သာရီတိုင်းနယ်စပ် တ လျှောက် (ထိုင်းပြည်သူများ အန္တရာယ် စက်ကွင်း လွတ်သောနေရာ)တွင် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ ကြီးများ တည်ဆောက်ရန်နှင့် လျှပ်စစ် ဓာတ်အား သီးသန့်ကိုသာ ထိုင်းသို့ သယ်လာရန် နည်းမျိုးစုံဖြင့် ထပ်ကြိုး စားကြဖို့ ဆုံးဖြတ်ကြလေသည်။EGAT မှ ထိုင်းလုပ်ငန်းရှင်များအား” ငွေကြိုက် သလောက် ကုန်ပါစေ။ လျှပ်စစ်ရလျှင် တော်ပြီ” ဆိုပြီး ပုဂ္ဂလိက ကုမ္ပဏီများအား ၀ကွက် အပ်ထား ပါသည်။ သံလွင်မြစ် တလျှောက် ရေအား လျှပ်စစ် စီမံကိန်းများ အကောင် အထည်ဖော်နိုင်ဖို့လည်း မျက်ခြေ မပြတ် စောင့်ကြည့်လျက် ရှိပါသည်။

 သမိုင်းဝင်မည့်နေ့
ကံပေါက် ဂက်စ် လျှပ်စစ်ဓာတ်အား စီမံကိန်းမှ လျှပ်စစ် စလွှတ်သည့်နေသည် ဓာတ်ငွေ့တောမှာ နေထိုင်ကြီးပြင်းခဲ့ သူများအတွက် သမိုင်းဝင် နေ့တစ်နေ့ အဖြစ် မှတ်တမ်းတင်ရပေမည်။
လိုချင်သော ပုံစံ မဟုတ်သေး သော်လည်း လုံးဝမရသည်နှင့် စာလျှင် များစွာ ပိုကောင်းလာသည် ဆိုရပေ မည်။ မည်သို့ဆိုစေ ပထမခြေလှမ်း ကောင်းကောင်းကြီး အောင်နိုင်တော့မည်။
ဒုတိယ အဆင့်အနေဖြင့် တစ်ယူ နစ် ကျပ် ၃၀၀ မှ ၂၅၀ ဖြစ်လာရန် အခြားသော ပြည်သူများနည်းတူ ဂက်စ် ဖိုး အခမဲ့ရဖို့ လိုသေးသည်။ ဆန္ဒစော နေခြင်း မဟုတ်ပါ။ ဂက်စ်ဖိုး (အလကား မရဘဲ) တစ်ခါပေးရပြီ ဆိုလျှင် တသက် လုံးပေးနေရတော့မည်။  ဒုတိယ ခြေလှမ်း အချိန်မီ စတင်နိုင်ဖို့   “Our Resource for Our People” တပ်ဖွဲ့ဝင်များ သွေးပူလေ့ကျင့်ခန်း လုပ်ထားဖို့လိုသည်။
နေပြည်တော်ရောက် တနင်္သာရီ တိုင်းမှ လွှတ်တော် အမတ် မင်းများအား လည်း ပန်ကြားလိုပါသည်။ ” ကျောက် ဖြူ၊ ကျောက်ဆည်နဲ့ မြင်းခြံမြို့ တွေမှာ ဓာတ်ငွေ့ တစ်နေ့ ကုဗပေသန်း  ၂၀ စီ အခမဲ့ ရနေသည်။ တပြည်လုံး သုံးနေသည့် လျှပ်စစ်အတွက် ဂက်စ်ဖိုး မည်သူမျှ တစ်ပြားမှ ပေးစရာ မလိုပါ။ကျွန်တော်တို့ကျမှ ၁ သန်းမျှသော ဂက်စ်အတွက် မည်သည့် အကြောင်း ကြောင့် ပိုက်ဆံပေး ဝယ်ရပါသနည်း။
ကျွန်တော်တို့က မြန်မာစာရင်း ထဲမှာ မပါ၍လော၊ လွှတ်တော်မှာ မေးခွန်းထုတ်ပေးပါ။
ရုပ်မြင်သံကြား လွှတ်တော်လိုင်း တွင် စောင့်မျှော်ကြည့်ရှု နေပါမည်။

တွင်းအမည်ပမာဏ(mmscfd)ပြည်တွင်း/ပြည်ပပို့
ရတနာ၈၀၀(၁၆၀/ ၆၄၀)
ရဲတံခွန်၄၀၀(၈၀/၃၂၀))
ရွှေ၅၀၀(၁၀၀/၄၀၀)
ဇောတိက၃၀၀(၆၀/၂၄၀))
စုစုပေါင်း၂၀၀၀(၄၀၀/၁၆၀၀)

[counterize]