တားမြစ် ခနောက်စိမ်းသန့်စင်စက်ရုံ ဆက်လည်ခွင့်အတွက် ကုမ္ပဏီကြိုးပမ်း

0
840

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ညောင်ပင်ဆိပ်ကျေးရွာအုပ်စုရှိ မော်လ မြိုင်စက်မှုဇုန်တွင်မြန်မာဆန်းဇော်သတ္တု တူးဖော်ရေး ကုမ္ပဏီကတည်ဆောက်ထား သည့်ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံ ဆက်လက်လည်ပတ်ခွင့်ရရန်ကြိုးပမ်းလျက်ရှိကြောင်း ယင်းကုမ္ပဏီမှသိရသည်။


စက်မှုဇုန်ကော်မတီ၊ မြို့နယ် ကော်မတီ ၃ ရပ်တို့၏ တင်ပြမှုကြောင့်နှင့် မြို့ရေပေးဝေရေး စီမံကိန်းကိုထိခိုက်နိုင် သည်ဟု ဆိုကာမော်လမြိုင်စက်မှုဇုန် အတွင်း ခနောက်စိမ်းသန့်စင်စက်ရုံ ဆောက်လုပ်ခွင့်များကို မွန်ပြည်နယ် အစိုးရအဖွဲ့က တားမြစ်ထားသည်ဟု ပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။
သို့သော်ကုမ္ပဏီကမူရင်းနှီးမြှုပ်နှံ ပြီးသားဖြစ်သဖြင့်ဆက်လုပ်နိုင်ရန်မော်လမြိုင်မြို့ရှိရပ်ကွက်/ကျေးရွာ ပြည်သူလူထုတို့နှင့်လည်းကောင်း၊ စက် မှု ဇုန်ရှိပြည်သူလူထုတို့နှင့်လည်းကောင်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။
အကယ်၍ စက်ရုံကြောင့် ဆိုးကျိုး ဖြစ်လာမည် သဘာဝပတ်ဝန်းကျင် ထိခိုက်လာမည်ဆိုပါက စက်ရုံပိတ်သိမ်း ပေးသွားမည်ဟု ပြည်သူလူထုနှင့်တွေ့ဆုံစဉ်ကုမ္ပဏီကကတိပေးထားခဲ့သည်။
ယင်းစက်ရုံကြောင့် ပတ်ဝန်းကျင် ထိခိုက်နိုင်သည့်အတွက်ကန့်ကွက်ခြင်းဖြစ်ပြီး ကုမ္ပဏီအနေဖြင့် အဆင့်မြင့် နည်းပညာကိုသုံးစွဲပါကကန့်ကွက်မည်မဟုတ်ကြောင်း မော်လမြိုင်မြို့နယ်ဖွံ့ ဖြိုးတိုးတက်ရေး အထောက်ကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ရှိန်ကပြောသည်။
မော်လမြိုင်စက်မှုဇုန်တွင် ခနောက်စိမ်း သန့်စင်စက်ရုံ ၆ ရုံခန့်ရှိသည်ဟု မွန် ပြည်နယ်သစ်တောနှင့် သတ္တုတွင်းဝန်ကြီး က ပြောသည်။