ကမ်းနီး ငါးဖမ်းလှေတစ်စီးအား အမည်မသိလှေ ၃စီး လာရောက် တိုက်ခိုက်

0
618

ပင်လယ်ပြင်တွင် ငါးဖမ်းရန် ပိုက် ချထားသည့် ပလာတူးပိုက် ကမ်းနီးလှေ တစ်စီးအား အမည်မသိလှေ ၃ စင်း မှ လက်နက်မျိုးစုံဖြင့် လာရောက်    တိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ခံရသည့် လှေထိုးသားများနှင့် လှေဦးစီးထံမှ သိရ သည်။


ဖြစ်စဉ်မှာမေလ ၁၅ ရက်နေ့ ည ၈  နာရီအချိန်ခန့်က ကော့သောင်း မြို့နယ်၊ ဇာဒက်ကြီးကျွန်း အရှေ့ဘက် ၄ မိုင် အကွာတွင် ပိုက်ချထားသည့် ကမ်းနီးလှေထံသို့ အမည်မသိလှေ ၃ စီးရောက်လာပြီး အသင့်ပါလာသည့် ဓား၊ ပုဆိန်၊ သံပိုက်လုံးတို့ဖြင့် ရိုက် နှက်ခဲ့သည်ဟု ဒဏ်ရာရရှိခဲ့သည့် လှေ ဦးစီး ဦးအောင်ကိုလတ်က ပြောသည်။
” လှေ ၃ စီးအနက် လူ ၁၀ ပါ လှေတစ်စီးပေါ်က လက်နက်ကိုင် ဆောင်လာတဲ့ လူအားလုံး ငါးဖမ်းလှေ ပေါ် တက်လာပြီး ဒီလှေပဲ ငါတို့ကို အရင်တစ်ခါကလည်း ဘ၀ပျက်အောင် လုပ်ထားတာ။ မလွတ်စေနဲ့။ အသေ သတ်ပစ်”  ဟု ကြွေးကြော်ကာ တိုက် ခိုက်ခဲ့ကြောင်း ဦးအောင်ကိုလတ်က ပြောသည်။
” လူမှားနေတယ် မလုပ်ပါနဲ့လို့ တောင်းပန်ပြောတာတောင် မရဘူး အ တင်းဝင်ရိုက်တာ။ လှေပေါ်က ၅ ယောက် စလုံးရေထဲဆင်းပြီး ပြေးတာ တောင် ကျန်တဲ့ လှေနှစ်စင်းက လူတွေ က လှေနဲ့ လိုက်တိုက်သတ်တယ်”ဟု ၎င်းက ပြောပြသည်။
လာရောက် တိုက်ခိုက်သူများသည် ကဏန်းမြုံးထောင်သူများ ဖြစ်ကြပြီး ၎င်းတို့ ထောင်ထားသည့် ကဏန်းမြုံး များကို ဖျက်ဆီးခဲ့သည့် လှေနှင့်မှားကာ ကြိုတင်ကြံစည် ရိုက်နက်ကြခြင်း ဖြစ် နိုင်သည်ဟု အရိုက်ခံရသည့် လှေသား များက ဆိုသည်။
၎င်းတို့အား လာရောက်တိုက်ခိုက် သူဦးရေမှာ အနည်းဆုံး ၁၂ ဦးမည် ဖြစ်ကြောင်း လှေသားများကပြော သည်။
”  လှေပေါ်က ပစ္စည်းအချို့ကိုလည်း ယူသွားတယ်။ ဖျက်လည်း ဖျက်ဆီး သွားတယ် ပိုက်တွေလည်း ပျက်စီးကုန် တယ်။ ဘာအတွက်ကြောင့်ဖြစ်ဖြစ် အမှု မှန်ပေါ်ပြီး ထိရောက်တဲ့ အရေးယူမှုမျိုး ပြုလုပ်ပေးစေလိုတယ် ” ဟု လှေဦးစီး ဦးအောင်ကိုလတ်က ဆိုသည်။
ငါးဖမ်းလှေပေါ်တွင် ရိုက်နှက်ခံရ သည့် ၅ဦးအနက် ၄ ဦးထိခိုက်ဒါဏ် ရာရရှိခဲ့ပြီး လှေဦးစီး၏ ဦးခေါင်းတွင် ပုဆိန်ဖြင့် အခုတ်ခံရသည့် ဒါဏ်ရာ ၆ ချက်နှင့် အခြား ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
ယင်းငါးဖမ်းလှေအား တိုက်ခိုက် ရာတွင် ပါဝင်သည်ဟု ယူဆရသူ ၄ ဦးကို မေလ ၁၆ ရက်နေ့တွင် ဖမ်းမိ ခဲ့ပြီး ထွက်ပြေး လွတ်မြောက်နေသူများကို အမြန်ဆုံး ဖမ်းဆီးနိုင်ရ ဆောင်ရွက် လျက်ရှိကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။
ဖမ်းမိထားသူ ၄ ဦးအား ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ ဖြင့် အမှု ဖွင့်ထားကြောင့် ကော့သောင်းမြို့မ  ရဲစခန်းထံမှ သိရသည်။