ကံပေါက်ဂက်စ် လျှပ်စစ်စက်ပိုင်းဆိုင်ရာ ပြဿ နာကြောင့် ရက်ချိန်းထပ်ရွှေ့

0
579
လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ကို မေလ ၂၃ ရက်နေ့ နံနက်ပိုင်း ကတွေ့ရစဉ် ဓါတ်ပုံ - ဖိုးဇော်

ကံပေါက် လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ မေ ၂၂ ရက်တွင်လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးမည်ဟု ဆိုသော်လည်း မဖြန့်ဖြူးနိုင်ခဲ့ဘဲ ယင်းညတွင် ထားဝယ် တစ်မြို့လုံး လျှပ်စစ်မီး ပြတ်တောက်ကာ အမှောင်ကျခဲ့သည်။


ဓာတ်အား ဖြန့်ဖြူးနိုင်ရန် ထားဝယ်မြို့ရှိ မူလဖြန့်ဖြူးနေသည့် ဖိုးသီးချို ဓာတ်အားလိုင်းများကို ဖြတ်တောက်ပြီး ၆၆ ကေဗွီ ဓာတ်အား လိုင်းသို့ ပြောင်းရွှေ့ချိတ်ဆက်ကာ မေလ ၂၂ရက်နေ့ ညနေ ၃နာရီခန့်တွင် လျှပ်စစ် ဓာတ်အား စတင်ဖြန့်ဖြူးပေးမည်ဟု ထားဝယ်မြို့တွင် ထုတ်လွှင့်သည့် ၂၄ ရုပ်သံလိုင်းမှတဆင့် အထက်ပါမီးလင်းရေး ကော်မတီက မြို့နေလူထုအား အသိ ပေးခဲ့သည်။

လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ကို မေလ ၂၃ ရက်နေ့ နံနက်ပိုင်း ကတွေ့ရစဉ် ဓါတ်ပုံ - ဖိုးဇော်
လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ကို မေလ ၂၃ ရက်နေ့ နံနက်ပိုင်း
ကတွေ့ရစဉ်  ။ ဓါတ်ပုံ – ဖိုးဇော်( ထားဝယ် )

ကံပေါက် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ ဂက်စ်အင်ဂျင်များ မောင်းပြီး အော်တိုခလုတ်များတင်ချိန် တွင် ပြန်ပြုတ်ကျနေသည့်အတွက် ထားဝယ် ဓာတ်အားခွဲရုံသို့ လျှပ်စစ်ဓာတ်အား မပို့လွှတ်နိုင်ခဲ့ဟု တနင်္သာရီတိုင်း

ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးရုံးမှ တာဝန်ရှိသူက ရှင်းပြသည်။ ” ဘယ်လောက်ကြာမယ်၊ ဘယ်နေ့ပြီးမယ်ဆိုတာမှန်းလို့မရသေးဘူး၊ မပြီးခင်စပ်ကြား အရင်ကအတိုင်းဘဲဖိုးသီးချိုလိုင်းနဲ့ပြန်ဂျိုင်း (ဆက်)ရမယ် ” အထက်ပါ တာဝန်ရှိသူက ဆိုသည်။ပညာရှင်များကမည်သည့်နေရာမှချို့ယွင်းခဲ့သည်ကိုရှာဖွေလျှက်ရှိပြီး ထိုင်းနိုင်ငံရှိကုမ္ပဏီထံသိုလည်း အီးမေးလ်ပို့ပြီး မေးမြန်းလျက် ရှိကြောင်း ၎င်းကပြောသည်။
ထို့ကြောင့်မေလ ၂၃ ရက်နေ့တွင် ဓာတ်အားလိုင်းများ ပြန်ချိတ် ဆက်ပြီး ဖိုးသီးချိုလျှပ်စစ် ဝန်ဆောင်မှု ကုမ္ပဏီမှ ယင်းနေ့မွန်းလွဲပိုင်းတွင် ယခင်အတိုင်း ပြန်လည်ဖြန့်ဖြူး ပေးခဲ့သည်။
” ၁ ရက်နေ့ (ကံပေါက်ဂက်စ်စက်ရုံက) မီးစပေးမယ်။ လကုန် အထိစိတ်ကြိုက်စမ်းလို့ရတယ်။ စက်ပြင်ပြီး စမ်းသပ်ဖို့အတွက်သရက် ချောင်းလိုင်း ပေးထားတယ်။ သူတို့စမ်းမယ့်အချိန်အဲဒီလိုင်းနဲ့စမ်း လိမ့်မယ်။ ဒီကြားထဲကျွန်တော်တို့မီးပေးမယ်” ဟု ဖိုးသီးချိုလျှပ်စစ် ဝန်ဆောင်မှု ကုမ္ပဏီမှအုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းထိန်က ပြောသည်။
စမ်းသပ်သည့်ကာလတွင် ယင်းသို့ဖြစ်တတ်ကြောင်း ဦးဝင်းထိန်က ထပ်လောင်းပြောသည်။

သို့သော်အစိုးရနှုန်းထားဖြင့်လျှပ်စစ်ဓာတ်အား ရရှိရေး လှုပ်ရှားတောင်းဆိုနေသည့်သယံဇာတအကျိုးခံစားခွင့်ရရှိရေး ကော်မတီ (ထားဝယ်)ကမူ ယင်းသို့ဖြစ်ခြင်းသည်ကြိုတင်ပြင်ဆင်မှုညံ့ဖျင်းခြင်းကြောင့်ဖြစ်ပြီး စတင်စီစဉ်စဉ်ကပထမစီမံချက်၊ ဒုတိယစီမံချက်စသဖြင့် စနစ်တကျချမှတ်ပြီး လုပ်ကိုင်သင့်ကြောင့်ထောက် ပြသည်။ ကံပေါက်ဂက်စ်ဖြင့်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပါကလက်ရှိ လျှပ်စစ် မီတာခနှုန်းထားထက်အနည်းငယ်သက်သာသည့်နှုန်းထားသည့် တစ် ယူနစ်ကျပ်၃၀၀ ဖြင့်သုံးစွဲနိုင်မည်ဖြစ်သည်။
သို့သော်သယံဇာတအကျိုးခံစားခွင့်ရရှိရေး ကော်မတီ၏ မူလရည်ရွယ်ချက်ဖြစ်သည့် တိုင်းအတွင်း မဟာဓာတ်အားလိုင်း ရောက်လာရေးကိုဆက်လက်တွန်းအားပေး လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ယင်းကော်မတီမှပြန်ကြားရေး တာဝန်ခံ ဦးကျော်ကျော်သက် က ပြောသည်။
မေလ ၂၂ရက်နေ့တွင် ယင်းသို့ ဓာတ်အား ပြောင်းချိတ်ဆက်မည်ကို ၂၄ ရုပ်သံလိုင်းက အသိပေးခဲ့သော်လည်း မသိလိုက်သူများ၊ ညနေ ၃ နာရီတွင်လျှပ်စစ်မီးဖြန့်ဖြူးမည်ကို ယုံကြည်ကာစောင့်ဆိုင်းနေသူများ ပြင်ဆင်ချိန်မရသဖြင့်လျှပ်စစ်နှင့်ဆက်စပ်လုပ်ကိုင်သူများ အခက်တွေ့ခဲ့ သည်။
ကံပေါက်ဂက်စ်လျှပ်စစ် စက်ရုံမှ လည်ပတ်ပါက ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူမြို့၊ ကလိန်အောင်မြို့နယ်ခွဲ၊ ကံပေါက် ကျေးရွာနှင့် ဆက်စပ်ကျေးရွာများအပါအဝင် ရပ်ကွက်ကျေးရွာပေါင်း ၆၀ကျော်ကို ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။