မောတောင်ဂိတ်မှ ထိုင်းနိုင်ငံသို့ တစ်ညအိပ်နှစ်ရက်ခရီး စသွားခွင့်ပြု

0
657

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခု ဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ တစ်ညအိပ်နှစ်ရက်ခရီး သွားလာခွင့်ကို မေလ ၂၃ ရက်နေ့မှစပြီး စတင်ခွင့်ပြုလိုက် ပြီဖြစ်ကြောင်း ပရာကျွတ်ခီရီခန် ခရိုင်ဝန် က ပြောကြားသည်။


ပရာကျွတ်ခရိုင် ပရာကျွတ်ဂရန်း ဟိုတယ်တွင်မေလ ၂၂ ရက်နေ့က ပြုလုပ်သည့် ပရာကျွတ်ခီရီခန်ခရိုင်နှင့် မြိတ်ခရိုင်တို့အကြား ကုန်သွယ်ရေး၊ ရင်း နှီးမြှုပ်နှံရေးနှင့် ခရီးသွားလာရေးကဏ္ဍတို့၏ စွမ်းဆောင်ရည်တိုးမြှင့်တည် ဆောက်ခြင်း နည်းလမ်းများ ဆွေးနွေးဖလှယ် ပွဲတွင် ပရာကျွတ်ခရိုင်ဝန်က ယင်းကဲ့သို့ ပြောဆိုခဲ့သည်။thai-myan-border-gte
မောတောင် နယ်စပ်ဂိတ်နှင့် တဆက်တည်းရှိ ထိုင်းနိုင်ငံဆင်းခွန်ဂိတ် ကို အထူးနယ်စပ်ဂိတ်အဖြစ်သို့တိုးမြှင့်ဖွင့်လှစ်ပွဲကိုမေလ ၂၃ ရက်နေ့ကဆင်းခွန်နယ်စပ်ဂိတ်တွင်ပြုလုပ်ခဲ့သည်။
” စနေဈေးလို့ခေါ်တဲ့ ပရာကျွတ် ဈေးထဲကိုပဲ သွားခွင့်ရခဲ့တာပါ။ အခု တော့ မြို့ကြီးတွေထဲကိုသွားလာ လည်ခွင့်ရမယ်” ဟု မောတောင်ဒေသခံ တစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ အထူးနယ်စပ်ဂိတ် အဖြစ်တိုးမြှင့်ခဲ့သဖြင့် မြန်မာဘက်မှ ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင်အတွင်းရှိ တိုက်နယ် ၅ ခုသို့ တစ်ညအိပ်နှစ်ရက်ခရီး အဖြစ် စတင်သွားလာခွင့်ပြုပေးခြင်းဖြစ် ကြောင်း အထက်ပါ ဆွေးနွေးဖလှယ်ပွဲအရ သိရသည်။
ယခင်ကဆင်းခွန် ယာယီနယ်စပ်ဂိတ်မှတဆင့်ပရာကျွတ်မြို့အနီးအနားသို့သာ နေ့ချင်းပြန်ခရီးသာသွားလာခွင့် ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မောတောင်နယ်စပ်ဂိတ်ကို တရားဝင် ဖွင့်လှစ်ထားပြီးဖြစ်သည့် အတွက် ထိုင်းဘက်မှ မြန်မာဘက်သို့ နယ်စပ်ဖြတ်သန်း ခွင့်လက်မှတ်Border Pass(BP) ဖြင့် ၁၃ ညအိပ် ၁၄ ရက်၊ ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် Temporary Border Pass(TBP) ဖြင့် ၆ ညအိပ် ၇ ရက်သွားလာ ခွင့်ပြုပေးသွားမည် ဟု မောတောင်နယ်စပ်ဂိတ် စခန်းမှသိရသည်။ မြန်မာဘက်မှ မောတောင်နယ်စပ် စခန်းကို ၂၀၁၃ ခုနှစ် မေလ ၈ ရက်နေ့က တရားဝင်ဖွင့်လှစ်ခဲ့သည်။