အစိုးရ လျှပ်စစ်မီတာဝယ်က နေ့ချင်းပြီး တပ်ဆင်ပေးဟုဆို

0
605

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးများတွင် လျှပ်စစ်မီတာ တပ်ဆင်ရန် လျှောက်ထားပါက နေ့ချင်းပြီး တပ်ဆင်ပေးသည့်စနစ်ဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူး ရုံးမှ တာဝန်ရှိသူ က ပြောကြားသည်။

လက်ရှိအချိန်တွင် ပုဂ္ဂလိက လုပ်ငန်းရှင် (သို့) ကုမ္ပဏီများမှ ရောင်းချကာ တပ်ဆင် အသုံးပြု လျက်ရှိသော လျှပ်စစ်မီတာများအား   ဒေသခံ အများစု အသုံးပြုလျက်ရှိသည်။ယင်း ပုဂ္ဂလိက လျှပ်စစ်မီတာကို နိုင်ငံတော်က အသိအမှတ်မပြု၍ လျှပ် စစ်စွမ်းအား ဝန်ကြီးဌာနမှ သွယ်တန်းပေးမည့် မဟာဓာတ်အားလိုင်း သက် ဆိုင်ရာ မြို့ရွာများသို့ ရောက်ရှိလာသည့် အချိန်တွင် အသုံးပြု၍ရမည် မဟုတ်ကြောင်း ၎င်းက ပြောဆို သည်။ ” လိုသလောက် ရောင်းချပေးနေတယ်၊ နေချင်းပြီး စနစ်နဲ့ တပ်ဆင်ပေးနေတယ် ” ဟု တိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးက ဆိုသည်။
လျှပ်စစ်မီတာ တပ်ဆင် လိုသူများသည် သက်ဆိုင်ရာ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၌ မီတာ သတ်မှတ်ကြေး၊ မီတာသုံး အခွန်အခ၊ အာမခံ စပေါ်ငွေ၊ မှတ်ပုံတင်ကြေးနှင့် အခြား ဝန်ဆောင်ခ အပါအဝင်စုစုပေါင်း ငွေကျပ် ကိုးသောင်းကို ပေးသွင်း၍ အိမ်ထောင်စုစာရင်း မိတ္တူ၊ မှတ်ပုံတင်မိတ္တူများဖြင့် လျှောက်ထားရ မည်ဟု သိရသည်။
ထားဝယ်မြို့တွင် တပ်ဆင်အသုံးပြု လျက်ရှိ သော ပုဂ္ဂလိက လျှပ်စစ်မီတာ တစ်လုံးလျှင် မီတာတန်ဖိုးနှင့် ဝန်ဆောင်ခ အပါအဝင် ငါးသောင်းကျပ် ကောက်ခံပြီး ယခုအချိန်တွင် တပ်ဆင် ရောင်းချခြင်း မပြုတော့ကြောင်း ဖိုးသီးချို လျှပ်စစ် ဝန်ဆောင်မှု ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလတွင်  ထားဝယ်မြို့ သို့ မဟာဓာတ်အားလိုင်း သွယ်တန်းမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျာထား ကြောင်း သိရသည်။