မြိတ် ၈၈ အဖွဲ့ဝင်တစ်ဦး အင်န်အယ်လ်ဒီ ပြောင်း

0
607

မြိတ်ခရိုင် ၈၈မျိုးဆက်နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဘဏ္ဍာရေး တာဝန်ခံ တစ်ဦးဖြစ်သူ ဦးတင်ကိုကိုဦးသည် မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေအဖွဲ့သို့ အဖွဲ့ဝင်အဖြစ် မေလဆန်း ပိုင်းက ဝင်ရောက်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အင်န်အယ်လ်ဒီ ပါတီဘက်မှ ၈၈ အဖွဲ့က လုံးဝ ရပ်တည်မည် ဟူသည့် သဘောထားကို ပြတ်ပြတ် သားသား ပေါ်ပေါက်ရန် ရည်ရွယ်၍ ပါတီသို့ ကူးပြောင်း လိုက်ခြင်းဖြစ် ကြောင်း ဦးတင်ကိုကိုဦးက ပြောသည်။
” ကူးပြောင်းတာက လောလော ဆယ်မှာ ကျွန်တော့် တစ်ယောက်တည်း ပါ။ ကျန်တဲ့ လူတွေလည်း ရှိကောင်း ရှိလာနိုင်မယ်။ မြိတ်ခရိုင်ထဲမှာ နောက် တစ်ဦးရှိလာဖို့ ရှိပါတယ် ” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲ အောင်နိုင်ရေးကို အင်န်အယ်လ်ဒီနှင့် ၈၈ အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်ရန် ရည်မှန်းချက် ရှိသည့်အတွက် ၈၈ အဖွဲ့၏ သဘော တူညီမှုဖြင့် ပါတီဘက်ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည့် သဘောဖြစ် ကြောင်း ၎င်းက ထပ်ဆင့်ပြောသည်။
” ရပ်ကွက်ထဲကနေပြီး ဝင်ထားတဲ့ ရိုးရိုး ပါတီဝင် တစ်ယောက်ပါပဲ အခြား ဘာရာထူးမှ မရှိပါဘူး ” ဟု ဦးတင်ကိုကိုဦး က ပြောသည်။
ဦးတင်ကိုကိုဦးသည် မြိတ်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတွင် ဘဏ္ဍာရေး တာဝန်ခံ အဖြစ် ၃ နှစ်ခွဲခန့် တာဝန်ယူခဲ့ သူ ဖြစ်သည်။