သန်းဖို ကျောင်းကန်ထရိုက် ကတိအတိုင်း ပြီးအောင် မဆောက်

0
741

သန်းဖို အ.မ.က ကျောင်းကို ပြုပြင် ရန် တာဝန်ယူထားသည့် ဆောက်လုပ်ရေး လုပ်ငန်းမှကတိအတိုင်း ပြီးအောင် မဆောက်ပေးဟု ကျောင်းအကျိုးတော် ဆောင်များထံမှ သိရသည်။

မြိတ်မြို့နယ် မြစ်မရပ်ကွက်ပုလဲ လမ်းရှိ ယင်းကျောင်းဆောင်ကို တိုင်း အစိုးရရန်ပုံငွေ ၄၃.၇ သိန်းဖြင့်ပြုပြင်မည် ဖြစ်ပြီး ကျောင်းပြုပြင်ရန်လုပ်ကိုင်ခွင့် ရသည့် လုပ်ငန်းရှင်က မတ်လ ပထမ အပတ်တွင် လာရောက်ပြုပြင်ပေးပြီး တစ်ဝက်တစ်ပျက်နှင့် ရပ်နားထားကြောင်း ကျောင်းအကျိုးတော်ဆောင် ဦးအေးဝင်း က ပြောသည်။
thanpho-ps-myeik

” ကျောင်းဖွင့်ချိန်ကနီးနေပြီ ” ဟု ဦးအေးဝင်း က ဆိုသည်။
ကျောင်းပြုပြင်ထားသည်မှာ တစ်ဝက် တစ်ပျက်ဖြစ်နေပြီး ကျောင်းဖွင့် ချိန်မှာ မိုးရာသီဖြစ်သည့်အတွက် ကလေးများ စာသင်ကြားရန် အခက်တွေ့ မည်ဟု အလယ်ကျွန်းနယ်မြေ အုပ်ချုပ်ရေးမှူး ဦးခိုင်ငယ်ကပြောသည်။
ဧပြီလကုန်တွင်အပြီးပြုပြင်မည်ဟု ကတိပေးထားသော်လည်း ယခုကျောင်း များ ပြန်ဖွင့်တော့မည့်အချိန်အထိ မပြီး သေးသည့်အတွက် ကျောင်းအကျိုးတော် ဆောင်များနှင့်ကျောင်းအုပ်က စိုးရိမ်နေ သည်ဟု ဦးခိုင်ငယ်ကပြောသည်။
အလားတူ ကတ္တလူကျေးရွာ အခြေခံ ပညာ အထက်တန်းကျောင်းကိုလည်း ပြုပြင်ရန်ကျပ်သိန်း ၃၃၀ ဖြင့်တင်ဒါ အောင်ထားသော အထက်ပါလုပ်ငန်းရှင် ဦးရဲအောင်က ဧပြီလ ၂၆ ရက်နေ့တွင် အပြီးဆောက်လုပ်မည်ဟု ကတိပေးထား သော်လည်း တစ်ဝက် တစ်ပျက်ဖြင့် ဆက် မလုပ်တော့ဘဲ ရပ်နားထားခဲ့ကြောင်း အဆိုပါ ကျောင်းများမှသိရသည်။
အ.မ.ကသန်းဖို ၂ ထပ် ကျောင်းဆောင်သည် သူငယ်တန်းမှ စတုတ္ထတန်းအထိ ဖွင့်လှစ်ထားပြီး၊ ကျောင်းသား၊ ကျောင်းသူဦးရေ ၁၀၀ နီးပါးခန့်ပညာသင်ကြားနေကြောင်း သိရသည်။
ယင်းကျောင်းတွင် ကျောင်းဆောင် ၏ ခေါင်မိုး၊ မျက်နှာကျက်၊ ပြတင်း ပေါက်များ၊ လှေကားလက်ယမ်းများ နှင့် ကျောင်းအရှေ့တံခါးများကို ပြန်လည်ပြုပြင် ရမည် ဖြစ်သည်။