ဘင်္ဂါလီ အဝင်အထွက် မရှိရန် ပါချန်မြစ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်

0
603

ဘင်္ဂါလီများ အဝင်အထွက် မရှိရန် ကော့သောင်းနယ်စပ် ပါချန်မြစ် တစ် လျှောက် လုံခြုံရေး တိုးမြှင့်ထားကြောင်း ကော့သောင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထိုင်းဘက်က အချုပ်ကျနေသည့် ဘင်္ဂါလီလူမျိုးများကို လှေများဖြင့် ကျွန်း များပေါ်တွင် လာပစ်ခြင်း၊ ရေလယ် တွင် လာချထားခြင်းတို့ မဖြစ် စေရန် မေလ ၁၅ ရက်နေ့မှ စပြီး ဒေသ ပူး ပေါင်း အဖွဲ့များဖြင့် လုပ်ဆောင်နေ ကြောင်း အထက်ပါ ရဲတပ်ဖွဲ့မှ သိရ သည်။

ထို့အပြင် ကော့သောင်းမှဆင့် တစ်ဖက်နိုင်ငံများသို့ သွားခြင်း မရှိ စေရန်အတွက် ဖြစ်ကြောင်း အထက်ပါ ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးက ပြောသည်။
” လုံခြုံရေးတိုးချတာ ကောင်း ပါတယ်။ သွားနေကြတာ လမ်းကြောင်း တွေ အများကြီးပဲလေ။ လူကုန်ကူး တာလည်း လျော့သွားမယ် ထင်တယ် ” ဟု ရွှေဟင်္သာရပ်ကွက်နေ ဦးစံသိန်းက မှတ်ချက်ပြုသည်။

လုံခြုံရေး တိုးမြှင့်ထားသည့် ကျွန်းများမှာ ကော့သောင်းမြို့နယ် ပါချန်မြစ်တစ်လျှောက် အထက် ဖက် ကျွန်းများ ဖြစ်သည့် ရတနာကျွန်း (ခ) မင်းလှကျွန်း၊ နွားကြီး၊ နွားငယ်၊ လူသတ်ကျွန်း၊ သောင်ဖြူ၊ ချောင်း စလန်း၊ ဝဲကြီး ၊ ရေလယ်ကျွန်း၊ ကျွန်း ကန့်လန့်အထိဖြစ်ပြီး အောက်ဘက် ပိုင်းတွင် ဆလုံကျွန်း၊ သူဌေးကျွန်းတို့ ဖြစ်ကြောင်း ၎င်းက ဆိုသည်။