ကျောင်းအပ်ချိန် အပိုငွေကောက်ခံက တိကျစွာ တိုင်ကြားရန်လို

0
532

ကျောင်းအပ်နှံချိန်တွင် အခြေခံ ပညာကျောင်းများက အပိုငွေကောက်ခံ ပါက တိကျစွာတိုင်ကြားရန် လိုအပ် မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာ ရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြား ရေးမှူးက ပြောကြားသည်။

သူငယ်တန်းမှ ဆယ်တန်းအထိ အခမဲ့ ပညာရေးစနစ်ဖြစ်သည့် အတွက် ကျောင်းအပ်နှံရာတွင် မည်သည့် အခ ကြေးငွေမျှ ပေးစရာ မလိုအပ်ကြောင်း အထက်ပါညွှန်ကြားရေးမှူး ဦးထွန်းရီက ပြောသည်။
” တကယ်လို့ ပိုက်ဆံကောက်ရင် တိုင်တဲ့သူ အနေနဲ့ နာမည်၊ မှတ် ပုံတင်တွေနဲ့တကွ တိတိကျကျတိုင်ဖို့ လိုတယ်။ တိုင်တဲ့အပေါ်မှာ သေချာ စစ်ဆေးပြီး ပေါ်ရင်ပေါ်သလောက် အ ရေးယူမယ် ” ဟု ဦးထွန်းရီက ဆိုသည်။
ကိုယ်ရေး အချက်အလက်များကို တောင်းပြီး တိုင်ကြားရန် ပြောခြင်းသည် ခြိမ်းခြောက်သည့် သဘောပါနေပြီး ကျောင်းသားမိဘ အတော်များများသည် ကျောင်းသူကျောင်းသားများ၏ ပညာ ရေးကိုငဲ့ပြီး တိုင်မည်မဟုတ်ဟု ထားဝယ် အ.ထ.က ၁ သတ္တမတန်းကျောင်းသား တစ်ဦး၏ အုပ်ထိန်းသူက ပြော သည်။
” ဒါပေမယ့် ကျွန်တော်ကြုံရင်တော့ တိုင်မယ် ” ဟု အထက်ပါ အုပ်ထိန်းသူက ဆိုသည်။
ယခုနှစ်တွင် သူငယ်တန်းမှ ၁၀ တန်းအထိ အခမဲ့ ပညာရေးစနစ်အပြင် မူလတန်းကျောင်းသား၊ ကျောင်းသူများ အားလုံးကို ကျောင်းဝတ်စုံ တစ်စုံစီနှင့် ဗလာစာအုပ် ၆ အုပ်စီ ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးရုံးထံမှ သိရ သည်။