တနင်္သာရီတွင် တစ်ရက်အတွင်း လူသေမှုတစ်ခုနှင့် လူသတ်မှု တစ်ခု ဖြစ်ပွား

0
614

တနင်္သာရီမြို့နယ်ရှိ ကျေးရွာ နှစ်ခုတွင်  မေလ ၁၉ ရက်နေ့ က တစ်ရက်အတွင်း လူသေမှုတစ်ခုနှင့် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း တနင်္သာရီမြို့နယ် ရဲစခန်းမှ သိရှိရ သည်။


လူသေမှု နှစ်ခုတွင် တစ်မှုမှာ အသက် ၅၀ နှစ်ကျော် သံဃာတော် တစ်ပါးကြိုးဆွဲချ သေဆုံးခြင်းဖြစ်ပြီး  နောက်တစ်မှုမှာ ညီအကိုနှစ်ဦး စကား များ ရန်ဖြစ်ရာမှာ ဓားခုတ် မှုကြောင့် တစ်ဦး သေဆုံးခဲ့မှုဖြစ်ကြောင်း ဒေသခံ များနှင့် တနင်္သာရီမြို့နယ် ရဲစခန်း၏ မှတ်တမ်းအရ သိရသည်။
ပျံလွန်ခဲ့သည့် သက်တော် ၅၄ နှစ် နှင့် ဝါတော် ၂၁ နှစ်ရှိ သံဃာတော် သည် တနင်္သာရီမြို့နယ်၊ ဆင်ခြေဗုံး ကျေးရွာ အုပ်စု၊ မသောင်း အရှေ့ကျေးရွာ ရေပူစမ်း ဘုန်းတော်ကြီး ကျောင်းတွင် သီးတင်းသုံး နေထိုင်သည့် ကျောင်းထိုင် ဆရာတော် တစ်ပါးဖြစ်ကြောင်း သိရသည်။
ယင်းဆရာတော်သည် ဘုန်းကြီး ကျောင်းဝင်းအတွင်း ဆွမ်းစားဆောင် အရှေ့ အမြင့်ပေ ၂၀ ခန့်ရှိ ရော်ဘာပင် တွင် ငါးမူးလုံးခန့်ရှိ အဖြူရောင်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးခဲ့သည်ဟု ကျေးရွာနေ ဒေသခံများထံမှ သိရသည်။
၎င်းအပြင် မေလ ၁၉ ရက်နေ့တွင် ပင် ကျောက်စရစ်ကျေးရွာတွင် ညီအစ် ကိုနှစ်ဦး နေအိမ်အတွင်း စကားများ ရန်ဖြစ်ရာမှ ဓါးဖြင့် ခုတ်သတ်သည့်အမှု တစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း အထက် ပါရဲစခန်းထံမှ သိရသည်။
သေဆုံးသူသည် အရက်သေစာ သောက်စားပြီး အမြဲတမ်း မူးယစ် ရမ်းကား နေခြင်းကြောင့် ညီ ဖြစ်သူမှ သည်းမခံ နိုင်သည့်အတွက် ဓါးခုတ်မှု ဖြစ်ခဲ့သည်ဟု ကျောက်စရစ် ကျေးရွာရာ အိမ်မှူး ဦးမောင်ဇင်က ပြောသည်။
အဆိုပါ ဖြစ်စဉ်နှစ်ခုနှင့် ပတ် သက် ၍ တနင်္သာရီမြို့မ ရဲစခန်းတွင် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။