ပြည်သူ့စစ်က ရွာသားကို ရိုက်နှက်သည့်အမှု မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ ဒုတိယအကြိမ်တိုင်ကြား

0
741

မွန်ပြည်နယ်မုဒုံမြို့နယ် ကလော့ သော့ကျေးရွာတွင် နေထိုင်သူ ဦးသောင်းဟန်အား ကျေးရွာနေပြည်သူ့ စစ်ခေါင်းဆောင်က သေနတ်ဒင်ဖြင့် ရိုက်နှက်ထားသည့်အမှုကို အရေးယူပေး ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံ ဒုတိယအကြိမ် တိုင်ကြားထားကြောင်း ကာယကံရှင်များ ကပြောသည်။


အဆိုပါ ရိုက်နှက်မှုကြောင့် ဦးသောင်းဟန်မှာ ပေါင်ရိုးကျိုးသွားခဲ့ပြီ ပြီးခဲ့သည့် ဇန်နဝါရီလက စတင်တိုင်ကြား ခဲ့သော်လည်း ထူးခြားမှုမရှိသည့်အတွက် ဒုတိယအကြိမ်ထပ်မံတိုင်ကြားခြင်း ဖြစ်ကြောင်း ဦးသောင်းဟန်ကပြောသည်။
” ကျွန်တော့် မိသားစုဝင်တွေက ကမာဝက်ရဲစခန်း(ကလော့သော့ရွာအနီး)ကို သွားတိုင်ထားပေမယ့်ရဲစခန်းက အမှုတော့ဖွင့်ထားပြီးပြီ။ ခုထိရုံ တင် စစ်ဆေးမှု မပြုလုပ်သေးဘူး ”  ဟု ဦးသောင်းဟန်က ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့ကိုထပ်မံတိုင်ကြားရခြင်းနှင့် ပတ်သက်၍ရှင်းပြသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာက ဦးသောင်းဟန်အိမ်ရှေ့ရှိ ဈေးဆိုင်တန်းမှ ဈေးသည် များမီးရှို့ရာမှ နေအိမ်ခြံဝင်း မီးဆွဲလောင်ခဲ့သည့်အမှုကို ကျေးရွာအုပ် ချုပ်ရေးမှူးထံတိုင်းကြားရာတွင် ကျေးရွာ ပြည်သူ့စစ် ခေါင်းဆောင်နှင့် ဝက်သက်ရုံ အလုပ်သမား သုံးဦးတို့ကဦးသောင်းဟန် အား ဝိုင်းဝန်းထိုကြိတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ဦးသောင်းဟန်ကပြောသည်။
ထိုသို့ထိုးကြိတ်ရာတွင် ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းငြိမ်း (ဦးပါပါး)က ဦးသောင်ဟန်အား သေနတ်ဒင်ဖြင့် ထုရိုက်ခဲ့သည့်အတွက် ကမာဝက် ရဲစခန်းသို့ သွားရောက် တိုင်ကြားရာ ရဲစခန်းမှ ပြည်သူ့စစ် ဖြစ်သည့်အတွက် တပ်နှင့်သာ သက်ဆိုင်ကြောင်း ပြန်လည် ပြောဆို ခဲ့သည်။
ပြည်သူ့စစ်ဖြစ်သော်လည်း တပ် နှင့်မသက်ဆိုင်ဘဲ အရပ်သားကဲ့သို့ ရဲစခန်းကသာအရေးယူသင့်ပြီး ရဲစခန်းမှ လည်း အမှုဖွင့်ပြီး တရားရုံက နှစ်ပတ်အတွင်းရုံးတင်စစ်ဆေးမှုများပြုလုပ်သင့် ကြောင်း ထိုအမှုအား ရှေ့နေအဖြစ်လိုက် ပေးမည့်သူ ဦးသောင်းရွှေက ပြောသည်။
သို့သော် ရဲတပ်ဖွဲ့မှဖမ်းဆီးစစ်ဆေး ခြင်းမရှိခဲ့သည့်အတွက်  ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများထံ တိုင်ကြား ခဲ့ကြပြီ ယခုအချိန်ထိထူးခြားမှုမရှိသေးကြောင်း ကာယကံရှင်များကပြောသည်။