ကော့သောင်းတွင် မီးပွိုင့်ထားသင့်သည့် နေရာမရှိဟုဆို

0
483

ကော့သောင်းမြို့တွင် နယ်မြေ အနေအထားကြောင့် မီးပွိုင့်တပ်ဆင်ရန် သင့်တော်သည့် နေရာမရှိကြောင်း ကော့သောင်းမြို့နယ် ယာဉ်ထိန်းရဲတပ် ဖွဲ့မှ ရဲအုပ်မောင်မျိုးက ပြောသည်။


မြို့အနေအထားအရ တောင်အ တက် အဆင်းများခြင်း ၊ ယာဉ်အစီးရေ နည်းခြင်းနှင့် မီးပွိုင့် တပ်ဆင်သင့်သည့် လမ်းဆုံလမ်းခွ မရှိခြင်းတို့ကြောင့် မီးပွိုင့် တပ်ဆင်ပေးရန် မလွယ်ကူဟု ၎င်းက ပြောကြားသည်။kt-signal
” မီးပွိုင့်တပ်ဆင်ပေးဖို့ နေရာအ တော်များများကို လိုက်ကြည့်ပြီးပါပြီ။ ယာဉ်ထိန်းရဲအမြင်အရ မီးပွိုင့်ထားလို့ ရမယ့် နေရာမရှိဘူး ” ဟု ရဲအုပ်မောင် မျိုးက ဆိုသည်။
၎င်းအပြင် ကော့သောင်းမြို့ ယာဉ်ကြော အခြေအနေအရလည်း မီးပွိုင့်ထားရန် မလိုအပ်သေးဟု ၎င်းက ပြောသည်။
သို့သော် မီးပွိုင့်မရှိခြင်းနှင့် လမ်း ဆုံလမ်းခွ၊ ဈေး ၊ လူစည်းကားရာနေရာ ယာဉ်ရှုပ်ထွေးသည့် နေရာများတွင် မ ဆင်မခြင် မောင်းနှင်ကြခြင်း တို့ကြောင့် မလိုလားအပ်သည့် အန္တရာယ်ကို ဖြစ် ပေါ်စေသည်ဟု ရွှေဟင်္သာရပ်ကွက်နေ ဆိုင်ကယ် ကယ်ရီမောင်းနှင်နေသူ ဦးဝေက ပြောသည်။
” ပွဲလမ်း သဘင်နေ့တွေနဲ့၊ သင်္ကြန် လိုနေ့မျိုးတွေမှာ အရမ်းအန္တရာယ် များတယ် ” ဟု ဦးဝေက ဆိုသည်။
မီးပွိုင့်အစား မြို့လည်ခေါင်တွင် ဝိုင်းပတ် အနေအထားအဖြစ် နာရီစင် တစ်ခုရှိသော်လည်း ယာဉ်မောင်းသူ များက ဝိုင်းပတ်ခြင်းကို မလိုက်နာ သည့်အတွက် အသုံးမဝင်သကဲ့သို့ ဖြစ် နေသည်ဟု ရဲအုပ်မောင်မျိုးက ဝေ ဖန်သည်။
ကော့သောင်းမြို့တွင် ယခုလကုန် မှ စ၍ လူကူးမျဉ်းကြား၊ အဝိုင်းပတ် သည့် လမ်းညွှန်ဆိုင်းဘုတ်နဲ့ အချက်ပြ မီးများ တပ်ဆင်မည် ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ ထံမှ သိရသည်။
ကော့သောင်းမြို့တွင် မီးပွိုင့်တပ် ဆင်ပေးရန် အစည်းအဝေးများတွင် ဆွေးနွေး ညှိနှိုင်းခဲ့ပြီး ပြုလုပ်ပေးရန် အစီအစဉ်ရှိသော်လည်း နယ်မြေ အနေ အထားအရ မီးပွိုင့်ထားရှိမည့် နေရာ မရှိခြင်းကြောင့် မလုပ်ဖြစ်တော့ခြင်း ဖြစ်ကြောင်း အထက်ပါ ယာဉ်ထိန်း ရဲတပ်ဖွဲ့ထံမှ သိရသည်။