ငါးမဖမ်းရ ရာသီနှင့် သူတို့အသံ

0
546

ရေသယံဇာတ ရှားပါးလာမှုကြောင့် ငါးသားပေါက် ရာသီများတွင် ငါးမရရာသီအဖြစ် သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ငါးသယံဇာတ ပြန်လည် ပေါများလာမှုအတွက် ငါးဖမ်းခွင့် ပိတ်သည့်အခါ မူဝါဒ ချမှတ်သူများအနေဖြင့် အခြားထည့်သွင်းစဉ်းစားသင့်သည့် အချက်များကို ဆဝါးနိုင်စေရန် ငါးလုပ်ငန်းနှင့် ဆက်စပ်နေသူများ၏ အမြင်များကို ဖော်ပြလိုက်သည်။

မြိတ်

ဦးထွန်းနု (ငါးခြောက်လုပ်ငန်း)
အောင်ဆန်း ၂ လမ်း
အောက်မင်္ဂလာ ရပ်ကွက်
ငါးဖမ်းရာသီ ပိတ်တာက ကောင်း ကွက်တွေ ရှိနိုင်ပေမယ့် ရေလုပ်သား ဆင်းရဲသားတွေအတွက် ကျပ်တည်းမှု ဖြစ်နိုင်ပါတယ်။ ကိုယ့်လုပ်ငန်းအတွက်က ငါးမရရင် ရပ်နားထားဖို့ပဲ ရှိတယ်။ ရေသယံဇာတကိုလည်း ထိန်းသိမ်းရာ ရောက်အောင် ဆင်းရဲသားတွေလည်း ကြပ်တည်းမှု မရှိရအောင် ဝါးလတ်လှေ ၄ စီးရှိမယ်ဆိုရင် ၂ စီးကို ငါးဖမ်း ခွင့်ပြုသင့်ပါတယ်။fishing-time

ဦးဌေးလှိုင် (ရေလုပ်ငန်းရှင်)
ရေပုန်းနယ်မြေ
တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက်စလုံး ပင်လယ်ပြင်မှာ ငါးဖမ်း နေကြတာ၊ သုံးလ နားရမယ်ဆိုတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ ဝါးလတ် မြှုံးလှေ ငါးမြှားတန်း စတဲ့ ကမ်းဝေး ငါးဖမ်းလှေတွေကိုပဲ ရပ်နား ထားသင့် တယ်။  ကမ်းနီး ငါးဖမ်းလှေ တွေဖြစ်တဲ့ ပုဇွန်ပိုက်လှေ၊ ပိုင်လှေ၊ မျှောပိုက်၊ ပုဂဲငုပ်စတဲ့ လှေများကို ဖမ်းဆီး ခွင့်ပြုပေးသင့်တယ်။ ကမ်းနီးလှေတွေက ရေသယံဇာကို ထိခိုက်မှုရှိရင်တောင် ရာခိုင်နှုန်း အတော်နည်း ပါတယ်။ မရှိ ဆင်းရဲသား များအတွက် ဝမ်းစာရေး လုပ်ငန်း တစ်ခုလည်း ဖြစ်တယ်။

ဦးဝင်းနိုင် (ရေလုပ်သား)
ဇေယျာ သီရီ(၄)ရပ်ကွက်
လုံးဝ ဖမ်းဆီးခွင့် မပေးတာမျိုး မဟုတ်ဘဲ ပေးသင့်တဲ့ လှေကို ပေးစေ ချင်ပါတယ်။ ပုဇွန်ပိုက် လှေဆိုရင် တစ်ရက်ဖမ်းမှ တစ်ရက်စား နေရသူများ ရှိနေပါတယ်။ လုပ်ငန်းကြီးတွေ လုပ်နေ သူတို့က ထွက်မရရင် ရတဲ့နည်းနဲ့ ထွက်မယ့် သူတွေပါ။ ကိုယ်က သူများခေါ်မှ လုပ်ရတာ ရေအလုပ်မရှိရင် ကုန်းအလုပ် ရှာလုပ် ရမယ်ပေါ့။ လက်ရှိ ကိုယ်ပိုင် တစ်ပိုင်တစ်နိုင် လုပ်နေကြတဲ့ သူအားလုံး နားရ မယ်ဆိုရင် ဘာသွား လုပ်ရမှာလဲ။  ရေအလုပ်ပဲ လုပ်နေကြတာ ကုန်းပေါ်က အလုပ် မလုပ်တတ်ကြဘူး။ ကုန်းအလုပ် လုပ်နေတဲ့သူတွေတောင် မနည်း ရပ်တည်နေရတာ။ အဓိကက ကမ်းဝေး ငါးဖမ်းလှေများကို သုံးလပိတ် သင့်တယ်။

ကော့သောင်း

ကိုသက်ပိုင် (လှေလုပ်သား)
ရွာမ (၂) လမ်း၊ ရွှေဟင်္သာရပ်ကွက်
လှေမထွက်ရတော့ ကျွန်တော်တို့ အလုပ်လက်မဲ့ ဖြစ်တာပေါ့။ ကိုယ်အ လုပ်မရှိတော့ ကိုယ့်မိသားစုလည်း ပင် ပန်းတယ်။ ပိတ်တာကတော့ သိပ်မထူးပါ ဘူး။ တချို့ လှေတွေလည်း ခိုးထွက် နေကြတယ် ဆိုတော့။ မထွက်ရဲတဲ့လှေက ပင်ပန်းတာပေါ့။ ဝါလတ်၊ ဝါတန်းတွေက ပိတ်တာ မှန်ပေမယ့် လှေငယ်လေး တွေကိုတော့ နားလည်မှုနဲ့ ပေးထွက် စေချင်တယ်။ ပိတ်တဲ့ ကာလမှာ  လှေငယ်လေးတွေကို တရားဝင် အစီးရေ ကန့်သတ်ပြီးပေးထွက်ရင် ကောင်းမယ်။

မဖြူဖြူထွေး (လှေလုပ်ငန်းရှင်)
ကျောက်တံတားလမ်း
ရွှေဟင်္သာရပ်ကွက်
အလုပ်လုပ်ရင်း ထမင်းစားနေကြ တာဆိုတော့ လှေကိုတော့ အမြဲ ထွက်ချင် တာပေါ့။ ဒါမှ အဆင်ပြေမယ်။ ကျွန်မတို့အတွက်ကတော့ သိပ်အကျိုး မရှိဘူး လို့ပဲ ပြောရမှာပေါ့။ ဘာလို့ လဲဆိုတော့ အလုပ်ရှင်က လှေမထွက် လည်း ပိုက်ဆံတွေ ကြိုရှင်းပေးထား ရတာတွေ ရှိတယ်လေ။ အလုပ်သမား တွေကလည်း မိသားစုနဲ့ဆိုတော့ အဝေးက လာတဲ့သူတွေရော လှေမှာ နေရတဲ့ လူတွေရောဆိုတော့ လှေတွေ ပိတ်ထားလို့ အလုပ်မရှိလည်း စားဖို့ သောက်ဖို့၊ အိမ်ခန်းငှားဖို့က အလုပ်ရှင် တာဝန်ပဲလေ။ ဒါကြောင့် လှေကတော့ မပိတ်ရင် အဆင်ပြေတာပေါ့။ ဒါပေမယ့် ငါးမျိုးပြုန်းတီးမှာ စိုးလို့ ပိတ်တာလည်း ပိတ်သင့်ပါတယ်။ ဖြစ်နိုင်ရင်တော့  ကမ်းဝေးတွေနဲ့ ကမ်းနီးတွေမှာ ကမ်းနီး တွေကိုတော့ အစီးရေ ကန့်သတ်ပြီး ပေးထွက်ရင် အဆင်ပြေမယ် ထင်တယ်။ ဒါကတော့ ကျွန်မတို့အမြင်ပေါ့။

 

ထားဝယ်

ဦးဗိုနွေး
ကျောက်ဆင်ကျေးရွာ
လောင်းလုံး
၃ လလောက် အလုပ် မလုပ် ရတော့ဘူးဆိုတော့ ပိုက်ဆံ မရတော့ ဘူးပေါ့။ တခြားအလုပ်လည်း မလုပ် တတ်ဘူး။ အရင်က တောခုတ်တဲ့ အလုပ် ရှိတယ်။ အခုက ခြံရှင်တွေ ကိုယ်တိုင် ကိုယ်ပိုင်စက်တွေနဲ့ ခုတ်နေကြတော့ အလုပ်ရှားသွားပြီ။ အလုပ် မရှိရင် ငတ်သွားနိုင်တယ်။
ပိတ်တာ အကျိုးတော့ ရှိတယ်လို့ မြင်တယ်။ ပြန်ဖွင့်ချိန်ဆို သားငါး ပေါများလာပြီး ရှာရဖွေရ သက်သာလာ မယ်။
ပင်လယ်ကို မှီခိုနေရတဲ့ ရေလုပ် သားတွေအတွက် အခြား အလုပ်တစ်ခုခု ဖန်တီးပေးသင့်တယ်။ မဖန်တီးပေးနိုင်ရင် ထောက်ပံ့ ပေးသင့်တယ်။ ဆင်းရဲသားတွေ ငတ်တော့မယ်..။ ဒီဘက်က ပိတ်သလို ငါးခိုးလှေတွေကိုလည်း ကြပ်ကြပ် မတ်မတ် ဖမ်းဆီး အရေးယူ ဆောင်ရွက် သင့်တယ်..။

ဒေါ်နီလာဝင်း (ထမင်းဆိုင်ရှင်)
ကညုံရပ်၊ ထားဝယ်
ငါးစားသမားတွေအတွက် အခက် အခဲရှိနိုင်တယ်။ တစ်ချို့ဆို အသား မစားဘူးလေ..။ ငါးရောင်းသူတွေ၊ ထမင်း ရောင်သူတွေ အဆင်မပြေမှုတွေ ရှိလာမယ်။ ငါးဈေးတွေ ကြီးလာနိုင် တယ်လေ။ ငါးဈေးတက်ရင် ပြန်ရောင်း တဲ့ ဈေးလည်း တက်လာမှာပေါ့။ ငါးရှားသွားပြီဆိုတော့ အသားနဲ့ အသီး အရွက် ဈေးတွေ တက်လာနိုင်တယ်။
လူတိုင်းအတွက် အခက်တွေ့ သွားနိုင်တယ်။ ဒီတော့ ဘယ်သူတွေ ကျိုးရှိမှာလဲ..။
၃ လ လောက် မနားသင့်ဘူး။ တကယ်နားမယ်ဆို ၁ လလောက်ပဲ နားသင့်တယ်။ မိုးကျတော့မယ်။ မိုးကျ ရင်ပိုကြပ်တည်းမယ်။ ငါးမရှိရင် ပိုပင် ပန်းမယ်..။

ကိုအောင်ခိုင်
(ငါးဖမ်း လှေငယ် ပိုင်ရှင်)
ကြက်စားပြင်ရပ်၊ ထားဝယ်။
ကျုပ်တို့ တံငါသည်တွေက တစ်နေ့လုပ်မှ တစ်နေ့ စားရတာဗျ။ အကြွေးတွေ အတိုးထက်မှာ အတက် ပေါက် ကုန်လိမ့်မယ်။ ငါးဖမ်း ရာသီ ပြန်ဖွင့်ချိန်ဆို အကြွေးဆပ်ရင်း လိုက်မီတော့မှာ မဟုတ်ဘူး။ နောက် နောင်အတွက်လည်း အတော် ခက်ခဲသွား နိုင်တယ်။
ပိတ်တာ မှန်တော့ မှန်တယ်။ ရေရှည်အတွက် ကောင်းနိုင်တယ်။
ဒီ ၃ လကို ဘယ်လို ရုန်းကန် ဖြတ်သန်းရမယ် မသိဘူး..။ အလုပ် မရှိရင် ချေးငှားဖို့က မလွယ်ဘူး။ ငါးပြန်ဖမ်းခွင့် ရချိန်မှာ ငါးအများကြီး ရမယ်လို့ ဘယ်သူ အာမခံနိုင်မှာလဲ။
တကယ်ဆို ကျွန်တော်တို့ လှေ ငယ်တွေကို မပိတ်သင့်ဘူး။ ကျွန်တော် တို့က ရေပေါ်မျှောပိုက်တွေ..။ ငါးသား ဖောက်တဲ့ ကိစ္စကို ဘာမှ မထိခိုက် နိုင်ဘူး။ ငါးဖမ်းကိရိယာ အမျိုးအစား ပေါ် မူတည်ပြီး ခွဲခြားပိတ်ရင် ပိုသင့်တော် လိမ့်မယ်။