ဘုရားကိုင်ချောင်း တဝက်ခန့်တိုင်းတာအပြီး ကျူးကျော်အိမ် ၂၀ ကျော်တွေ့

0
625

ကျပ်သိန်း ၈၀၀၀ အကုန်အကျခံ ကာ ကျောက်တန်းစီမည့် ဘုရားကိုင် ချောင်းကို တဝက်ခန့် တိုင်းတာပြီးနောက် ကျူးကျော်နေအိမ် ၂၀ ကျော်တွေ့ ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရ သည်။
လက်ရှိ တိုင်းတာပြီးသည်အထိ တချို့ နေအိမ်များသည် ချောင်းထဲသို့ ၁၂ ပေအထိ ရောက်နေကြောင်း အ ထက်ပါ တာဝန်ရှိသူက ပြောသည်။
” ချောင်း အထက်ဘက်မှာ ကျူးကျော် အိမ် ပိုများမယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။
ချောင်းကို လာတိုင်းစဉ်က အိမ် ပိုင်ဆိုင်မှု အထောက်အထားတွေ တောင်းကြည့် သွားသည်ဟု ချောင်းအတွင်း နေထိုင်သူ တစ်ဦးဖြစ်သူ အလယ်ကျွန်းနယ်မြေ ကြောင်ငယ်ရပ်ကွက်မှ ဒေါ်ခင်မာချိုက ပြောသည်။
” ဒီမှာနေထိုင်လာတာ ၁၀ နှစ် ဝန်းကျင်ခန့် ရှိပါပြီ၊ ပြောင်းရမယ်ဆို လည်း အများနည်း တူ ပြောင်းပေးရမှာပါ၊ ဖြစ်နိုင်ရင် အစားထိုးမြေကွက် ပြန်လို ချင်ပါတယ်” ဟု ကန်ဘောင်ရိုးရပ်ကွက် ချောင်းအတွင်း နေထိုင်သူ ဦးအောင်အောင်က ပြောသည်။
လက်ရှိတွင် အစည်းအဝေး မလုပ် ရသေးသည့်အတွက် ကျူးကျော်အိမ်များ ကိစ္စ မည်သို့ စီစဉ်မည်ကို မသိသေးဟု မြိတ်မြို့နယ် စည်ပင်သာယာရေး ကော် မတီ ဥက္ကဋ္ဌ ဦးမောင်မောင်လေးက ပြော သည်။
ပြီးခဲ့သည့် ၁၀ နှစ်ဝန်းကျင်ခန့် ကတည်းက ချောင်းနံဘေး နေအိမ် တစ်ချို့ မှ ချောင်းတွင်းဘက်သို့ အိမ် များ တိုးချဲ့ ဆောက်လုပ်လာပြီး လက် ရှိနေထိုင်သူတို့မှာ တဆင့်ခံ ပြန်လည် ဝယ်ယူထားသူများ ဖြစ်ကြကြောင်း သက်ဆိုင်ရာ နယ်မြေ အုပ်ချုပ်ရေး အသိုင်းအဝိုင်းမှ သိရသည်။
“ကျူးကျော် အိမ်တွေရှိလို့ ကျောက်တန်း စီဖို့ သိပ်မလွယ်ကူနိုင်ဘူး” ဟု မြိတ် တောင်နယ်မြေ အုပ်ချုပ်ရေးမှူး ဦးစိန်မင်းက ထင်ကြေးပေးသည်။