ကံပေါက်ဂက်စ် လျှပ်စစ် ဖြန့်ဖြူးရေး ဖိုးသီးချိုလုပ်ရန် မသေချာ

0
613

မေလ နှောင်းပိုင်းတွင် ဖြန့်ဖြူး မည်ဟုဆိုသည် ကံပေါက်ဂက်စ် လျှပ် စစ်စက်ရုံမှ ထွက်သည့် လျှပ်စစ် ဖြန့်ဖြူးရေး လုပ်ငန်းကို ဖိုးသီးချိုလျှပ် စစ်ဝန်ဆောင်မှု ကုမ္ပဏီမှ လုပ်ကိုင်ရန် မသေချာသေးဟု ယင်း ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းထိန် က ပြောသည်။


လျှပ်စစ် ဖြန့်ဖြူးစရိတ် အတိအကျ မတွက်ချက်ရသေးခြင်း၊ ဖြန့်ဖြူးရေး လုပ်ငန်းကို အခြား လုပ်ငန်းရှင်များပါ ဝင်ရောက် လုပ်ကိုင်နိုင်သည့် ပွင့်လင်း မြင်သာသည့် ပုံစံဖြစ်စေလိုခြင်း၊ ၎င်း တို့ ကုမ္ပဏီက လက်ဝါးကြီး အုပ်ထား သကဲ့သို့ ဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ကြောင်း ဦးဝင်းထိန်က ရှင်းပြသည်။
ဖြန့်ဖြူးစရိတ်ကို ကနဦး ခန့်မှန်း တွက်ချက်မှုအရ တစ်ယူနစ် ၃၇ ကျပ် ဟု သတ်မှတ်ထားသော်လည်း လက် တွေ့တွင် ကွဲလွဲမှုများ နိုင်သည်ဟု သိရသည်။PTC-E
” ဖြန့်ဖြူးရေးစရိတ် ဘယ်လောက် ဆိုတာ သိသွားရင် ဘယ်သူပဲ လုပ်လုပ် လေ” ဟု ဦးဝင်းထိန်က ဆိုသည်။
လျှပ်စစ် ဖြန့်ဖြူးသည့်အခါ သာ မန် လူထုအနေဖြင့် အလွယ်တကူ မသိနိုင်သည့် ခရီးအကွာ အဝေးကြောင့် ယူနစ် ဆုံးရှုံးမှုများ၊ အခမဲ့ ဖြစ်နေသည့် ယူနစ်များကိစ္စနှင့် တစ်နေရာနှင့် တစ်နေရာမတူညီသည့် ဖြန့်ဖြူးစရိတ်များ ရှိသော်လည်း မီတာခ တသမတ်တည်း ကောက်ခံရမည့် ကိစ္စများကို သေသေ ချာချာ ထည့်သွင်း စဉ်းစားရမည်ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။
မြို့နယ်မီးလင်းရေးနှင့် ဖိုးသီးချို တို့ လုပ်ကိုင်နေသည့် သုံးလ အတွင်း အခြားဖြန့်ဖြူးရေး လုပ်ကိုင်လို သူများရှိက လွဲပြောင်း ပေးမည်ဖြစ်ပြီး လုပ်မည့်သူမရှိက မြို့နယ် မီးလင်းရေး ကော်မတီနှင့် ဖိုးသီးချိုတို့ ညှိနှိုင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း မေလ ၁၁ ရက်နေ့ပြုလုပ်သည့် မီးလင်းရေး အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြသည်။
ကံပေါက်ဂက်စ် လျှပ်စစ်ကို တယူနစ် ၃၀၀ ကျပ်ဖြင့် ဖြန့်ဖြူးမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသူ များက  ကျပ် ၂၅၀ ကို တိုင်းဒေသ ကြီး မီးလင်းရေး ကော်မတီထံ ပေး သွင်းရမည်ဖြစ်ကာ ကျပ် ၅၀ ကို ဖြန့် ဖြူးသူက ရရှိမည်ဟု အထက်ပါ ရုံးမှ သိရသည်။
လျှပ်စစ်ဖြန့်ဖြူးသူရရှိမည့် ကျပ် ၅၀ မှ အခွန်အခ ၄ ကျပ်နှင့် တစ် ယူနစ်လျှင် ဖြန့်ဖြူးခ ၉ ကျပ်တို့ကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ ပေးသွင်းရမည်ဖြစ်၍ ဓာတ်အားတစ် ယူနစ်တွင် အသားတင် ဖြန့်ဖြူးသူက ၃၇ ကျပ် ရရှိမည်ဟု သိရသည်။                À