မိတ်တွင် စိတ်ကြွဆေးပြား ၆၀၀၀ ကျော် ဖမ်းမိ

0
736

မြိတ်ခရိုင၊် မြိတ်မြို့နယ်နှင့် တနင်္သာရီ မြို့နယ်တွင် မေလ ၁၃ နေ့က စိတ်ကြွ ဆေးပြား ၆၀၀၀ ကျော် ဖမ်းဆီး ရမိခဲ့ ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲစခန်း များထံမှ သိရသည်။


မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ခန့်က ကန်ဖျားနယ်မြေ ခရုတော ရပ်ကွက် လမ်းဆုံတွင် ယာဉ်စစ်ဆေးရေး ပြုလုပ်နေစဉ် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး မော်တော်ဆိုင်ကယ်ကို ထားကာ ထွက်ပြေးသွားပြီး လွယ်လာ သည့် လွယ်အိတ်ကို လမ်းတွင် ပစ်ခဲ့ ကြောင်း မြိတ်မြို့နယ် ရဲစခန်း၏ မှတ်တမ်းအရ သိရသည်။
၎င်းလွှင့်ပစ်ခဲ့သည့် အိတ်အား စစ်ဆေးရာ စိတ်ကြွဆေးပြား ၆၀၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
” တရားခံကိုတော့ အခုချိန်အထိ မမိသေးပါဘူး ” ဟု မြို့နယ်ရဲမှူး ဦး သန်းဦးက ပြောသည်။
အဆိုပါ အမျိုးသားကို မူးစိတ်ပုဒ်မ ၁၉ (က) အရ အမှုဖွင့်ထားပြီး သက် ဆိုင်ရာ နယ်မြေ ရဲကင်းများနှင့်အတူ ရှာဖွေနေသည်ဟု သိရသည်။
အလားတူ မေလ ၁၃ ရက်နေ့ တွင်ပင် တနင်္သာရီမြို့နယ် ညောင်ပင် ကွင်းကျေးရွာအုပ်စု၊ သဘော့လိပ် ကျေးရွာနေ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းဝရမ်းဖြင့် ဝင်ရောက် ရှာဖွေ ဖမ်းဆီးရာ စိတ်ကြွ ဆေးပြား ၄၂၅ ပြားကို ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အထက်ပါ စိတ်ကြွ ဆေးပြားများကို ကိုင်ဆောင်ရောင်းချ သူများအား တနင်္သာရီမြို့နယ် ရဲစခန်း တွင် မူးစိတ်ပုဒ်မများဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။