မွန်တွင် ငါးမဖမ်းရရာသီ မရောက်ခင် ငါးဈေးနှစ်ဆ မြင့်တက်

0
646

မွန်ပြည်နယ်အတွင် ငါးမဖမ်းရရာသီ မရောက်ခင် ရေချိုငါးဈေးနှုန်း နှစ်ဆခန့် မြင့်တက်နေကြောင်း မွန်ပြည်နယ်မော်လမြိုင်မြို့ရှိငါးဖမ်းလုပ်သားများနှင့် ငါးအဝယ်ဒိုင်ကြီးများ၏ ပြောပြချက်အရ သိရသည်။

” ရေချိုငါးတွေက မေလကစပြီး တော့ မဝင်တော့ဘူး၊ အခုဆိုရင်မွေးမြူရေးငါး တွေပဲရောင်းနေရတယ်၊ ဒီ အနီးနားမှာ ဖမ်းတာတော့ရှိတာပေါ့ နည်းနည်းပဲဆို တော့သူတို့ဟာ သူတို့ဈေးမှာရောင်း နေကြတယ်၊ ကျွန်မတို့ဆီကိုမသွင်းကြတော့ ဘူး၊ သူတို့ဟာ သူတို့ရောင်းတော့ဈေးပိုရတာပေါ့ ” ဟု မော်လမြိုင်မြို့သံလွင်ဈေးရှိမမာဦး ငါးဒိုင်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မွန်ပြည်နယ်တွင်ငါးမဖမ်းရရာသီကို ငါးအမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ထားပြီး ရေချိုငါးအတွက်ငါးမဖမ်းရရာသီကို ဇွန်လမှ ဩဂုတ်လထိသတ်မှတ်ထားသည်ဟု မွန်ပြည်နယ်ငါးလုပ်ငန်းငန်းဦးစီးဌာနမှသိ ရသည်။
” ကမ်းဝေး ငါးဖမ်းသမားတွေ ကျတော့ တခါထွက်ရင် လနဲ့ချီတယ်လေ၊ တချို့ဆိုမထွက်ကြတော့ဘူး၊ နားနေ ကြပြီဆိုတော့ ဒီကြားမှာငါးပြတ်သွား တာပေါ့၊ ရှိတော့ရှိမယ် ဒီကမ်းအနီး အနားလေးမှာ ရှာနေကြတာ လောက်ပဲရှိ မယ်၊ နဲနဲပါပဲ။ အဲကြောင့်မို့ မပိတ်ခင် ကတည်းက ငါးဈေးတွေ ကတက်နေတာ” ဟု ငါးဖမ်းလုပ်သားတဦးကပြောသည်။
ယခင်ကငါးတစ်ပိဿာလျှင် ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်ကြားရှိရာမှမေလမှစပြီး ငါးတစ်ပိဿာလျှင် ကျပ်၅၀၀၀ နှင့်၆၀၀၀ ကြား ရှိနေသည်ဟု မော်လမြိုင်ကျောက်တန်း ငါးလုပ်ငန်းပိုင်ရှင်ဦးမောင်စိုးကပြောသည်။
” ငါးဈေးတက်တာက ငါးရှား ငါးမရှိလာလို့ပေါ့။ လေး လပိုင်းကနေစပြီး တော့ ငါးရှားလာတယ်၊ ဒီရာသီက ငါးရှားတဲ့ ရာသီပဲလေပြီးတော့ငါးလုပ် ကွက်တွေပိတ်လိုက်တာလဲပါတာပေါ့ “ဟု၎င်းကပြောသည်။
၎င်းအပြင်ပြောင်းလဲလာသည့်ရာသီဥတုအခြေအနေ၊ ရာသီဥတုပူပြင်းမှုကြောင့်ငါးဖမ်းဆီးရမှုသည်တစ်နှစ်ထက်တစ်နှစ်နည်းပါးလာပြီး၊ ငါးဈေးလည်း မြင့်တက် လာကြောင်း ၎င်းကပြောသည်။