တီဗွီကြည့် စကားများရာမှ ဓားခုတ်မှုဖြစ်

0
634

ကော့သောင်းမြို့ ရွှေပြည်သာရပ် ကွက် နေအိမ်တစ်အိမ်တွင် မေလ ၁၅ ရက်နေ့ ည ၁၀ နာရီက အမျိုးသားနှစ်ဦး တီဗွီကြည့်ရာမှ စကားများပြီး ဓားခုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက်ပါ အိမ်တွင် တီဗွီလာ ကြည့်သည့် အမျိုးသား နှစ်ဦးအနက် တစ်ဦးမှာ အရက်မူးနေပြီး တီဗွီကြည့် ရင်း စကားကျယ်လောင်စွာ ပြောသဖြင့် ကျန်တစ်ဦးက ဟန့်တားရာမှ စကားများ ရန်ဖြစ်ခြင်းဖြစ်ကြောင်း သိသည်။
ဓားချက်ကြောင့် အမျိုးသားတစ်ဦးမှာ ယင်းအိမ်ရှေ့ တွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး လက်ရှိ တွင် တရားခံမှ ထွက်ပြေးလွတ် မြောက်နေသည်ဟု သိရသည်။