တနင်္သာရီမြို့ထွက် အမှိုက်ပစ်ရန် စည်ပင်ပိုင် မြေမရှိ

0
526

ရပ်ကွက်ကြီး ၂ခုနှင့် လူနေ အိမ် ခြေ ၅၀၀၀ ကျော်ရှိသည့် မြိတ်ခရိုင် တနင်္သာရီမြို့ထွက် အမှိုက်များကို စွန့် ပစ်ရန် စည်ပင်ပိုင် မြေနေရာမရှိသဖြင့် ချောင်းကမ်းပါးတွင် သွားပစ်နေရ ကြောင်း ယင်းမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။


နေ့စဉ် ထွက်လာသည့် အမှိုက်များ ကို စည်ပင် အမှိုက်သိမ်းယာဉ်ဖြင့် တ နင်္သာရီမြို့နှင့် အလယ်တောင်ရွာကြား ကားလမ်းမကြီး နံဘေးရှိ ချောင်းကမ်း ပါးတွင် ပြီးခဲ့သည့် တစ်နှစ်ကျော်ကစပြီး သွားစွန့်ပစ်နေရသည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
” အမှိုက်ပုံထားတာက ကမ်းပါး စောက်မှာ ဖြစ်နေတဲ့အတွက် သုံးပုံတစ် ပုံလောက်က မြစ်ချောင်းထဲကို ကျနေပါ တယ် ” ဟု တနင်္သာရီမြို့ခံ ဦးအောင်ဦး ဆိုသည်။
ယင်းကဲ့သို့ ကားလမ်းကြီးနံဘေး တွင် အမှိုက်ပုံရှိနေသည့်အတွက် မော တောင်၊ ဘုတ်ပြင်း၊ ကော့သာင်း ခရီး သွားများအတွက် အကျည်းတန်သည့် မြင်ကွင်းတစ်ခုဖြစ်နေကြောင်း မြိတ်အ ခြေစိုက် မှန်လုံယာဉ်လိုင်းတစ်ချို့က ဆိုသည်။
” ခရီးသွားတွေအတွက် အမြင်တော့ မကောင်းဘူးပေါ့။ ချောင်းကမ်းပါးမှာ သစ်ပင်တွေ ခံနေတော့ ရေထဲအမှိုက် မကျနိုင်ပါဘူး မီးလည်းရှို့နေပါတယ် ” ဟု အထက်ပါ တာဝန်ရှိသူက တုန့်ပြန် သည်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က အလယ် တောင်ရွာ ရွာထိပ်တွင် မြေစာရင်းရုံးမှ ချပေးသည့် မြေလွတ်တွင် အမှိုက်များ သွားရောက် စွန့်ပစ်ခဲ့ဖူးသော်လည်း ရွာသားများက ဝိုင်းဝန်းကန့်ကွက် သည့်အတွက် နေရာပြောင်းခဲ့ရသည်ဟု သိရသည်။
တနင်္သာရီမြို့နယ်ရှိ မြစ်ချောင်းများ သည် ရေချိုချောင်းများဖြစ်ပြီး ယင်းအ မှိုက်ပုံမှ အမှိုက်များနှင့် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုများကြောင့် ရေချို ငါးသယံဇာတများ ရှားပါးလာမည်ကို မြို့ခံတချို့က စိုးရိမ်လျက်ရှိသည်။
ယင်းသို့ အခက်အခဲဖြစ်နေသည်ကို တိုင်းအစိုးရသို့ တင်ပြထားခြင်းမရှိဟု သိရသည်။