မြို့နယ်အလိုက် အားကစားပွဲများ တစ်နှစ်ပတ်လုံး ကျင်းပမည်

0
891

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ် အလိုက် အားကစားပွဲများကို ယခုနှစ်တွင် တစ်နှစ်ပတ်လုံး ကျင်းပမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။
မြို့နယ် အားကစား ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်ကို ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်မှ စ၍ မြို့နယ်တိုင်းတွင် ပြိုင်ပွဲများကို ယခင် ထက် တိုးမြှင့် ကျင်းပသွား မည်ဖြစ်ပြီး မြို့နယ်များ၏ စီမံ ခန့်ခွဲမှုဖြင့် တစ်နှစ် ပတ်လုံး ကျင်းပမည်ဖြစ်ကြောင်း တိုင်း အား^ကာမှ တိုင်းဦးစီးမှူး ဦးစိုးမိုးနိုင်က ပြောသည်။southern-myanmar
” မြို့နယ်တွေမှာ ပြိုင်ပွဲတွေနည်း တယ်။ တစ်နှစ်တစ်နှစ်ကို ဘောလုံးပွဲနဲ့ ပိုက်ကျော်ခြင်း လောက်ပဲ ရှိကြတာ။ အခုဆို အားကစားပွဲတွေနဲ့ စည်ကား လာမှာ ”  ဟု ဦးစိုးမိုးနိုင်က ပြောသည်။
အားကစား ပြိုင်ပွဲများ ပြုလုပ်ရန် မြို့နယ် များကို အဆင့်သုံးဆင့်ခွဲခြား ထားပြီး ပထမ ဦးစားပေးဖြစ်သည့် ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ လောင်းလုံး၊ ပုလော မြို့နယ်တို့တွင် အားကစား ပွဲ ၁၄ ပွဲ၊ ဒုတိယ ဦးစားပေးဖြစ်သည့် သရက်ချောင်း၊ ရေဖြူ၊ ကျွန်းစု၊ တန င်္သာရီ မြို့နယ်တို့တွင် ၇ ပွဲ နှင့် တတိယ ဦးစားပေးဖြစ်သည့် ဘုတ်ပြင်း မြို့ နယ်တွင် ၄ ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်အလိုက် ဦးစားပေး အဆင့်ကို လူဦး ရေ၊ အားကစား လှုပ်ရှားမှုနှင့် ဖြစ်နိုင်ချေတို့အပေါ် မူတည်ရွေး ချယ်ထားကြောင်း ၎င်းက ဆိုသည်။
မြို့နယ်များက ရပ်ကွက်ပေါင်းစုံ ပြိုင်ပွဲ၊ ကျေးရွာပေါင်းစုံပြိုင်ပွဲ၊ ဖိတ်ခေါ် ပြိုင်ပွဲ၊ တံခွန်စိုက် ပြိုင်ပွဲ စသည့်ဖြင့် အားကစားပွဲများကို ကျင်းပရမည် ဖြစ်ပြီး အားကစားပွဲတစ်ပွဲအတွက် ပျမ်းမျှ ငွေကျပ် ၁၀ သိန်း ခွင့်ပြုပေးမည် ဖြစ်ကြောင်း တိုင်းအား/ကာ ထံမှ သိရ သည်။
” ဒီလို မြို့နယ်တွေမှာ များများ လုပ်မယ်ဆိုရင် တော့ မျိုးဆက်သစ်ကစား သမားတွေ အများကြီး ပေါ်လာနိုင်တယ်” တနင်္သာရီတိုင်း လက်ရွေးစင် ဘောလုံး ကစားသမားဟောင်းတစ်ဦးက ပြောသည်။
ထားဝယ်မြို့နယ်တွင် ပထမ ၆ လအတွင်း ရပ်/ကျးပေါင်းစုံ ဘောလုံး ပြိုင်ပွဲ၊ ရပ်/ကျး ပေါင်းစုံ ပိုက် ကျော်ခြင်း ပြိုင်ပွဲ၊ ဖိတ်ခေါ် ဘောလီ ဘောပြိုင်ပွဲ၊ တံခွန်စိုက် ကြက်တောင် ပြိုင်ပွဲ၊ ကာယ ဗလမောင် တံခွန် စိုက်ပြိုင်ပွဲ၊ စားပွဲတင် တင်းနစ် တံခွန် စိုက်ပြိုင်ပွဲ၊ ဘိလိယက်နှင့် စနူကာ တံခွန် စိုက်ပြိုင်ပွဲများ ကျင်းပမည် ဖြစ်ပြီး ဒုတိယ ၆လတွင် အခြေခံ ပညာကျောင်း ပေါင်းစုံ ဘောလုံး၊ ပိုက် ကျော်ခြင်း၊ ပြေးခုန်ပစ်နှင့် တံခွန်စိုက် တင်းနစ်၊ ရေကူး၊ ကြက်တောင်၊ စစ်တုရင် ပြိုင်ပွဲတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။