မောတောင်သို့ ထိုင်းမှ လျှပ်စစ် ဝယ်ယူရန် ခြေလှမ်းစ

0
668

ထိုင်း – မြန်မာ နယ်စပ်ဒေသဖြစ် သည့် မောတောင်ဒေသသို့ ထိုင်းမှ လျှပ်စစ်ဝယ်ယူဖြန့်ဖြူးရန် တာဝါတိုင် စိုက်ထူမည်ဖြစ်ကြောင်း မေလဆန်း ပိုင်းက ကျင်းပသည့် ဆင်းခွန်နယ် စပ်ဂိတ် အဆင့်တိုးမြှင့်ရေး ထိုင်း – မြန်မာ တာဝန်ရှိသူများ တွေ့ဆုံပွဲမှ သိရသည်။


မောတောင်လျှပ်စစ် မီးအတွက် မောတောင်နှင့် ပရာကျွတ်မြို့တို့တွင် မီတာ ၄၀ အမြင့်ရှိ တာဝါတိုင် တစ်ခုစီ စိုက်ထူပြီး တိုင်တစ်တိုင်အတွက် ထိုင်း ဘတ် ၂၅ သန်းခန့် ကုန်ကျမည်ဖြစ် ကြောင်း ပရာကျော့မြို့ လျှပ်စစ်ဖြန့် ဖြူးရေး ကုမ္ပဏီတစ်ခု တာဝန်ရှိသူက ပြောသည်။thai-e
အဆိုပါ လျှပ်စစ်တာဝါတိုင် စိုက် ထူနိုင်ရန်အတွက် ဖိုးသီးချို လျှပ်စစ် ဓာတ်အားပေး ကုမ္ပဏီ၊ ထိုင်း ကုမ္ပဏီတို့ ပူးပေါင်းကာ ပူးပေါင်းကာ အမြန်ဆုံး စိုက်ထူရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ယင်းအစည်း အဝေးမှ သိရ သည်။
လျှပ်စစ်တာဝါတိုင် စိုက်ထူပြီး စီးပါက တစ်ယူနစ်ကို ထိုင်းဘတ် ၅ ဘတ်ခွဲနှုန်း ထိုင်းဘက်မှ လျှပ်စစ် ဝယ် ယူပြီး ရရှိမည်ဖြစ်ကာ မောတောင်တွင် တစ်ယူနစ်ကို ဘတ် ၇ ဘတ် (ကျပ် ၂၀၀ ကျော်) နှုန်းခန့်ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ကြောင်း အထက်ပါ အစည်းအဝေးမှ သိရသည်။
လက်ရှိ မောတောင်ဒေသတွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတစ်ခုမှ လျှပ်စစ်မီးပေးနေပြီး တစ်ယူနစ်ကို ငွေ ၇၀၀ ကျပ်ပေးနေရ ကြောင်း မောတောင်ဒေသခံတစ်ချို့ထံမှ သိရသည်။