ဝါယာရှော့ခ်ဖြစ်ရာမှ ဆီသင်္ဘောပေါ် မီးလောင်

0
584

ကော့သောင်းမြို့ ၊ ရွှေပြည်သာ ရပ်ကွက် သီတာလှေဒေါင့်ဝင်း အတွင်း ဒေါင့်တင်ရန် ဆိုက်ကပ်ထားသည့် ဆီတင် သင်္ဘောတစ်စီး မေလ ၁၅ ရက် နေ့ နံနက်ပိုင်းက ဝါယာရှော့ခ် ဖြစ်ရာမှ မီးလောင်းကျွမ်းမှု ဖြစ်ပွားခဲ့ သည်ဟု မျက်မြင် သက်သေများ၏ ပြောကြားချက် အရ သိရသည်။


Light Peace ကုမ္ပဏီပိုင်၊ အမ်တီမီ ခြယ်လီ ၉ အမည်ရှိ ဆီတင် သင်္ဘော ပေါ်တွင် ဝါယာရှော့ခ်ဖြစ်ကာ မီးလောင် ခဲ့သည်ဟု သင်္ဘောတာဝန်ရှိ သူတစ်ဦးက ပြောသည်။
လှေပေါ်ရှိ သံပြားတွေ ဖြတ်သည့် ဂဟေဆော် ဝါယာကြိုးပေါ် ဖြတ်ပြီးသား သံပြား ပြုတ်ကျပြီး ဝါယာရှော့ ဖြစ်ကာ သင်္ဘော အနောက်ဘက် စက်ခန်း မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု  စက်ဆရာ ဦးစိုးပိုင်က ရှင်းပြသည်။
” ဝါယာကြိုးပေါ် သံပြား ပြုတ် ကျ တာ မသိလိုက်ဘူး။ ရှော့ခ်ဖြစ် ပြီး မီးလောင်တော့မှ သိတာ ” ဟု ဦးစိုးပိုင်က ဆိုသည်။
လှေပေါ်တွင် ဆီမရှိသည့်အတွက် အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ဆုံးရှုံးမှု ပမာဏ အနည်းငယ်သာရှိသည်ဟု ကော့သောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။