ဝဲကျွန်းတွင် ရေနုတ်မြောင်း တူးဖော်

0
683

မြို့သစ်စီမံကိန်း အကောင်အထည် ဖော်ပြီး နှစ်ပေါင်း ၂၀ ကျော်အကြာထိ ရေစီးရေလာ မကောင်းသည့် ထားဝယ် မြို့၊ ဝဲကျွန်းမြို့သစ်တွင် မိုးမဝင်မီ ရေနုတ်မြောင်းများ တူးဖော်လျက်ရှိ ကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှရွှေထံမှ သိရ သည်။


ယခုနှစ် မိုးရာသီ မတိုင်မီ ရေစီး ရေလာ ကောင်းမွန်စေရန် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တူးဖော် နေခြင်းဖြစ်ကြောင်း ဦးလှရွှေက ပြော သည်။
” အမှတ် ၈ လမ်းတိုင်း ထားဝယ် မြစ်အထိ ရောက်အောင် တူးမယ် ” ဟု ဦးလှရွှေက ဆိုသည်။
ဝဲကျွန်းရပ်ကွက်၊ တရုတ်ဘုံ ကျောင်း နံဘေးလမ်းမှ ထားဝယ် မြစ် အထိ တဖြောင့်တည်းရှိသည့် ၈ လမ်း တစ်လျှောက် လမ်းနံဘေး ဝဲယာတွင် ငါးပေအနက်ရှိသည့် ရေနုတ်မြောင်း များကို တူးဖော်နေသည် ဟု စည်ပင် သာယာရေး ကော်မတီထံမှ သိရသည်။
သို့သော် ရေနုတ်မြောင်း အထက် ပိုင်းကို ထားဝယ်မြစ်အတွင်းသို့ တ ဆက်တည်း တူးဖော်ထားခြင်းမရှိဘဲ ဝန်ကြီးများ အိမ်ယာနံဘေးရှိ ချောင်းကို ဆက်သွယ်ထားကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာတစ်ဦးထံမှ သိရသည်။
ဝဲကျွန်းမြို့သစ်တွင် တူးဖော်ပြီး ပါက ထားဝယ်မြို့၏ အဓိက ချောင်း နှစ်ခုဖြစ်သည့် မြောင်းပုလဲချောင်းနှင့် ဘုမ္မော်ချောင်းတို့ကို တူးဖော်မည်ဖြစ်ကာ ချောင်းတစ်လျှောက်ရှိ ကျူးကျော်နေ အိမ်များကို ဖယ်ရှားပေးရန် သက်ဆိုင် ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များအား အကြောင်းကြားထားပြီး ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။