ကပ္ပလီကျွန်းစုရှိ မီးတောင်ပေါက်က ကမ်းရိုးတန်းဒေသ ဆူနာမီအန္တရာယ်ရှိနိုင်

0
548

မတ်လကတည်းက မီးတောင်ချော် ရည်၊ ပြာများ၊ မီးတောက်မီးလျှံများ မှုတ်ထုတ်နေသည့်ကပ္ပလီပင်လယ်တွင်း က အိန္ဒိယပိုင်ဘာရန်ကျွန်း မီးတောင် ပေါက်ကွဲပါက မြန်မာကမ်းရိုးတန်းဒေသ တွင် ဆူနာမီလှိုင်းများဖြစ်နိုင်ချေရှိ သည့်အတွက် သတိပြုရန်မြန်မာမြေ ငလျင်ကော်မတီက သတိပေးထားသည်။


ယခုထက်ထိ ယင်းဘာရန်မီးတောင် ပေါက်ကွဲမှုအတွက် သတိပေးချက်များ မရှိသေးဘဲ ကင်မရာများ၊ ငလျင်တိုင်း စက်များ တပ်ဆင်ထားပြီး အချိန်ပြည့် စောင့်ကြည့်နေဆဲသာ ဖြစ်သည်။
ဘာရန်ကျွန်းနှင့် မြန်မာ ကမ်းရိုး တန်းသည် ကီလိုမီတာ ၄၀၀ ခန့် ဝေးသည့်အတွက် လှိုင်းလာခဲ့လျှင် ၃၀ မိနစ်မှ ၆၀ မိနစ်ထိ ပြင်ဆင်ချိန်ရပြီး ကုန်းမြင့်ရှိ တနင်္သာရီကမ်းရိုးတန်းများက လှိုင်းလွတ်အောင်ရှောင်နိုင်သော်လည်း ကမ်းနိမ့်ဒေသဖြစ်သည့် ဧရာဝတီက လွတ်ရာလွတ်ကြောင်းများအား ပြထားရန်လိုကြောင်း မြေငလျင်ကော်မတီကဆိုသည်။
ဆူနာမီဖြစ်ခဲ့လျှင် အနီးဆုံးမှာ အန်ဒမန်ကျွန်းများ ဖြစ်ပြီး မြန်မာကမ်းရိုးတန်းများဖြစ်သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ၊ တနင်္သာရီကမ်းရိုးတန်း၊ မြိတ်ကျွန်းစုများ ပါဝင်သည်။ ” အကယ်၍ ပေါက်ကွဲခဲ့ရင် သူ့ပြင်းထန်အားဘယ်လောက်ရှိမလဲပေါ့။ သူ့ပြင်းထန်အားအပေါ် မူတည်ပြီး အဲဒီပတ်လည်မှာ ငလျင်သေးသေးလေးတွေဖြစ်နိုင် တယ်ပေါ့။ မီးတောင်ပေါက်တိုင်း တော့ကြီးကြီးမားမား ငလျင်မလှုပ်ဘူး။ လူတွေကတော့ကြိုတင်ပြီး သတိဝီရိယထားရင်တော့ကောင်း တာပေါ့ဗျာ။ သို့သော်လည်း ဆူနာမီဖြစ်မယ်လို့ေ ပြာလောက်အောင်တော့ အချိန်စောသေးတယ်လို့ ယူဆတယ်။ သတိထားနေတာတော့ အကောင်းဆုံးပေါ့ဗျာ” ဟု မြေငလျင်ကော်မတီမှ ဒေါက်တာကျော်ထွန်းက 7 Day နေ့စဉ် သတင်းသို့ ပြောဆိုထားသည်။ ဘာရန်ကျွန်းသည် ကပ္ပလီကျွန်းစုအတွင်းရှိအိန္ဒိယနိုင်ငံပိုင်ကျွန်းဖြစ်ပြီး ကပ္ပလီကျွန်းစုတွင် ပါဝင်သော Port Blair မြို့၏ အရှေ့မြောက်ဖက် ၁၃၅ ကီလိုမီတာအကွာတွင်တည်ရှိသည်။ ဆူမတြာကျွန်းနှင့် မြန်မာနိုင်ငံအကြား တည်ရှိနေသော မီးတောင်အစွယ်တန်း ( (Volanic arc) ) တွင် တစ်ခုတည်းသော မီးတောင်ရှင်တစ်ခုဖြစ်သည်။  မြေအောက်အနက် ၂၂၅၀ မီတာအနက်မှ အထက်မြေပေါ်အမြင့် ၃၅၄ မီတာအထိ ထိုးထွက်နေသောမီးတောင်ရှင်ဖြစ်သည်။