တိုင်းအတွင်း မီးငြိမ်းသတ်ရာတွင် ဗဟိုထိန်းချုပ်စခန်းမှ မြေပုံများ အသုံးပြုကွပ်ကဲသည့် စနစ် မလုပ်နိုင်သေး

0
810
ဧပြီ လ ၃၀ ရက်နေ့ မီးလောင်မှုမြင်ကွင်း ။ ဓာတ်ပုံ - တင့်လွင်

မီးငြိမ်းသတ်ရာတွင် ရန်ကုန်နှင့် မန္တလေးမြို့များကဲ့သို့ ဗဟို ထိန်းချုပ် စခန်းမှ မြေပုံများအသုံးပြု ကွပ်ကဲသည့် စနစ် တိုင်းအတွင်း မလုပ်နိုင်သေးဟု တနင်္သာရီတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြား သည်။


ယင်းသို့ မကွပ်ကဲနိုင်သေးသော် လည်း မီးသတ်ယာဉ်များပေါ်ရှိ ရပ် ကွက်အလိုက် မြေပုံများဖြင့် မီးငြိမ်း သတ်သည့် လုပ်ငန်းများကို လုပ်ဆောင် လျက်ရှိကြောင်း အထက်ပါ တာဝန် ရှိသူက ပြောသည်။
” မီးသတ်ကားပေါ်မှာ ရှိတဲ့ မြေပုံမှာ ရေရရှိနိုင်တဲ့ နေရာ၊ မီးသတ် ကား ဝင်ရ/မရ လမ်းတွေ ပြထားတယ် “ဟု အထက်ပါ တာဝန်ရှိသူက ဆို သည်။
အဆိုပါ မြေပုံအသုံးပြု၍ မီး ငြိမ်းသတ်ခြင်း အလေ့အထကို မီးသတ်အရာရှိ သင်တန်း၊ မီးလောင်ပြင် ကွပ်ကဲမှု သင်တန်းစသော သင်တန်း တို့တွင် လေ့ကျင့် သင်ကြားပေးခဲ့ သည်ဟု သိရသည်။
အစိုးရ မီးသတ် ဝန်ထမ်းများတွင် ထားဝယ်မြို့ခံများနည်း၍ မီးလောင်မှု ဖြစ်ပွားလျှင် အချို့သော လမ်းများ၌ မီးသတ်ယာဉ် ဝင်^ထွက်ရန် အခက်အခဲ ဖြစ်နိုင်ပြီး မီးငြိမ်းသတ်ရန် အချိန် ကြန့်ကြာနိုင်ကြောင်း ထားဝယ်မြို့ခံ အချို့နှင့် ပုဂ္ဂလိက ရေကား မောင်းသူ များက သုံးသပ် ပြောဆိုသည်။
” သူတို့က မြို့ခံတွေလောက် လမ်း မသိနိုင်ဘူး ” ဟု အထက်ပါ ထားဝယ်မြို့ ခံက ဆိုသည်။
မီးလောင်မှု ဖြစ်စဉ်များကို အပေါ် စီးမှ အဝေးသို့ ကြည့်ရှုနိုင်ရန် ထားဝယ် မီးသတ်စခန်းတွင် တပ်ဆင်ထားသော လုံခြုံရေး ကင်မရာမှာ ဧပြီ လ ၂၇ ရက်နေ့က မိုးကြိုးပစ်ခံထားရ၍ ဧပြီလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် အိုးလုပ် မီးလောင်မှုဖြစ်စဉ်တွင် အသုံး မပြုနိုင်ခဲ့ ဟု သိရသည်။
ယင်း လုံခြုံရေး ကင်မရာကို မေ လ ၄ရက်နေ့က ပြန်လည် တပ်ဆင် ထားပြီးဖြစ်ကြောင်း လုံခြုံရေးကင်မရာ တပ်ဆင်သူများက ပြောသည်။