ဆရာမထံ ရေးတဲ့စာ

0
4642

သို့

ဆရာမ . . .

ရိုသေစွာ စာရေးလိုက်ပါတယ်။

ဆရာမက ပညာရေး ကိစ္စတွေ စီမံခန့်ခွဲခွင့်ရတဲ့ ရုံးတစ်ခုမှာ တာဝန် ကျပြီး ကတည်းက အရင်ကထက် စိုစို ပြေပြေ ဖြစ်လာတယ် ကြားရလို့ ဝမ်းသာ မိပါတယ်။

ဆရာမ ဘယ်နေရာပဲ ရောက် ရောက်..၊ ဘာတွေပဲ လုပ်နေလုပ်နေ ကျွန်တော်တို့ တပည့်ဟောင်းတွေရဲ့ ရင်ထဲမှာတော့ ဆရာမက ကျွန်တော် တို့ရဲ့ထာဝရ ဆရာမပါ..။
မြန်မာ့ယဉ်ကျေးမှုအရ ဆရာမနဲ့ တကွ ပညာရေးဝန်ထမ်း အားလုံးကို အတုယူဖွယ် ပုဂ္ဂိုလ်များ အဖြစ် ရှုမြင် ထားတာပါ။ ကျွန်တော်တို့ ဥာဏ်မမီတဲ့ ပြဿနာ တစုံတရာ ပေါ်လာရင်တောင် ဆရာမတို့ကို အားကိုး အားထား ပြုတတ်ကြမြဲလေ။ teacher
ဒါကြောင့်လည်း အိမ်ဦးခန်းနဲ့သာ ထိုက်တန်တဲ့ အနန္တဂိုဏ်းဝင်များအဖြစ် သတ်မှတ်ထားကြ၊ ဘယ်နေရာ ဆုံဆုံ ” မင်္ဂလာပါ ဆရာမ ” လို့ အားပါးတရ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ခဲ့ကြတာပေါ့။ စေတနာ၊ ဝါသနာ၊ အနစ်နာနဲ့ ပြည့် စုံခဲ့တဲ့ ဆရာမရဲ့ တပည့်ဖြစ်ခွင့် ရခဲ့ တာကို ဂုဏ်ယူမဆုံး ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ဆရာမရယ်..။ ခုတ လော ဆရာမတို့ ပညာရေးဌာနတွေရဲ့ သတင်းတွေ ပြန်ပြန်ကြားရတာ ကျွန်တော့် ရင်မှာ မချိဘူးခင်ဗျ။
ဆရာ၊ ဆရာမနဲ့ ပညာရေး ဝန်ထမ်း အသစ်ခန့်တိုင်း အမျိုးမျိုး ဂွင်ဖန် ကြတယ်လို့ ပြောကုန်ကြပြီ။ ကျွန်တော် လည်း ကိုယ့်ဆရာမကို တိုက်ရိုက် စော်ကားသလိုဖြစ်လို့ မခံချင်စိတ်နဲ့ သေချာအောင် စုံစမ်းကြည့်တော့..၊ နားနဲ့မနာ ဖဝါးနဲ့နာပါ ဆရာမရယ်။
ဒီနှစ် အလုပ်ဝင်နေတဲ့ ဆွဲခန့် ဆရာမ တစ်ယောက်က သူ အလုပ် ဝင်ခွင့်ရ အောင် ငွေ ၃သိန်းပေးခဲ့ရသတဲ့။ သမ္မတကြီးက တရားဝင် ယူခွင့်ပြုထား တဲ့ ငွေပမာဏနဲ့ ကွက်တိနော် ဆရာမ..။ အဲဒါက အလုပ်သေချာဖို့ အခြေခံပဲ ရှိသေးသတဲ့။ ကိုယ်နေတဲ့ မြို့၊ ရွာနဲ့ နီးနီး ရဖို့ဆိုပြီး ဟိုပေး ဒီ ကန်တော့နဲ့ လုပ်ငန်းခွင် အရောက် ၅ သိန်းလောက် ကုန်သွားခဲ့သတဲ့။ ဘယ်သူ့ကို ပေးခဲ့လဲဆိုတော့ ပေါက်ပေါက် ရောက်ရောက် ရှိတဲ့ ရွာခံ ဆရာမက တစ်ဆင့် ဆရာမတို့ ရုံး တွေကို ပေးကြရသတဲ့လေ။ အဲဒီ ဆွဲခန့် ဆရာမလေးက ဆရာမရဲ့ နာမည်ကိုပါ သိနေတယ်။ ကျွန်တော် ရှက်လိုက်တာ ဆရာမရယ်. . .။
ဝါဝင်ဝါထွက် ကန်တော့တဲ့အခါ ကိုယ်ကျင့်သီလ စောင့်ထိန်းဖို့၊ မတော် လောဘ မထားဖို့၊ ကိုယ်ချင်းစာ တရားနဲ့ လူတိုင်းအပေါ် မေတ္တာထားဖို့ ဆရာမ ဆုံးမခဲ့တယ်။ ကျွန်တော်တို့ အမြဲ နားထောင်ခဲ့ရတယ်လေ..။ ခုတော့ ဆရာမတို့ ကိုယ်တိုင် တန်ဖိုး ကြီးမား လှတဲ့ အနန္တဂုဏ်ကို မတည်မြဲ မသန့် ရှင်းတဲ့ ငွေကြေးဥစ္စာနဲ့ လဲလှယ် နေကြ ပြီ။ မေတ္တာတရားတွေ ဆိတ်သုဉ်း ကုန် ပြီလား မသိဘူးနော် ဆရာမ . .။
ဒီနှစ် ပညာရေး ကောလိပ်ဝင်ခွင့် (ဏွှ) ဖြေထားတဲ့ တူတော်မောင် တစ်ယောက်ရဲ့ ပြောပြချက်အရ သူတို့ စာမေးပွဲအောင်ဖို့ ကြမ်းခင်းဈေး ကျပ်ငွေ ၈ သိန်း ဈေးပေါက်နေသတဲ့။ ဒါ အမှန်ပဲဆိုရင်တော့ သမ္မတကြီး ခွင့်ပြု ထားတဲ့ ငွေပမာဏထက် အများကြီး ပိုသွားပြီနော် ဆရာမ။ ယူသူရောပေး သူပါ အန္တရာယ် ကြီးလှပါတယ်။
၃ သိန်းကျော်ရင် လာဘ်ပေး လာဘ်ယူမှု မြောက်တယ်ဆိုတာ ဆရာမ သိပြီးသား ဖြစ်မှာပါလေ။ အခု ကျွန်တော် ပြောနေတာတွေက ဘုန်းကြီးကို တစ္ဆေ ခြောက်သလိုများ ဖြစ်နေ ပြီးလား မသိဘူးနော် ဆရာမ။
၃ သိန်း၊ ၅ သိန်း၊ ၈ သိန်း စသဖြင့် ဒီလောက် အရင်းအနှီး ကြီးလှ တဲ့ လုပ်ငန်းခွင်ကို ဝါသနာအရ ဘယ်ပညာ တတ် လူငယ်တွေ အနစ်နာခံ ဝင်ရောက် လာတော့မှာလဲ။ တိုင်းပြည်ရဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်လာဖို့ သင့်တော်တဲ့ ဝန်ထမ်းကောင်းတွေ..၊ စေတနာပါတဲ့ လူငယ့် ခွန်အားတွေ ဆုံးရှုံး ကုန်မှာပေါ့။
ပြီးတော့ ငွေပေးပြီး ဆရာ၊ ဆရာမ ဖြစ်လာသူလေးတွေ ဘက်ကလည်း တစ်ချက် ပြန်တွေးကြည့်ပါဦး ဆရာမ ရယ်..။
ဘွဲ့လေးတစ်ခုရပြီး ယောင်လည် လည်ဖြစ်နေချိန် ပုံမှန်ဝင်ငွေလေး ရချင်လို့ အလုပ်လျှောက်ပါတယ်ဆိုမှ..၊ သူတို့ လေးစားအထင်ကြီးစွာ အားကိုးခဲ့ ဖူးတဲ့ ဆရာ၊ ဆရာမတွေရဲ့ အကြောင်း အမျိုးမျိုးပြ ငွေညှစ်မှုကို ခံလိုက် ရတာလေ။ သူတို့ သိကြုံလိုက်ရမယ့် လောကကြီးက ဘယ်လောက် ခါးသီး လိုက်မလဲ။
ဒီအလုပ်အတွက် သူတို့ ပေးဆပ် ခဲ့ရတဲ့ အရင်းအနှီးက မသေးတော့ ရမယ့် လစာလေးနဲ့ ဘယ်ရောင့်ရဲ နိုင်မလဲလေ။
နောင်တော့် နောင်တော် ဆရာ ဆရာမတွေရဲ့ ကျင့်ကြံအားထုတ်မှုကို အတုယူကြပြီး မိုးခါးရေတွေ သောက် ကြရော။
ကျောင်းမှာ မေးခွန်းရေး..၊ အိမ်ကျ မှ အဖြေသင်ပေးတဲ့ ကျူရှင် သရဖူကို ဆက်လက် ထိန်းသိမ်း ကာကွယ်စောင့် လျှောက်ကြတော့မှာ မြေကြီးလက်ခတ် မလွဲဘူးပေါ့ ဆရာမ။
သူတို့တတွေ မိုးခါးရေ သောက်နေ ကြရတာ ကြည့်ပြီး ဆရာမရဲ့ ဂရုဏာ တွေကို ပြန်အမှတ်ရ နေမိပါတယ်။
ကျွန်တော်တို့ကို ဆရာမက စေတ နာနဲ့ အချိန်ပို ခေါ်သင်ရင်တောင် မျက် နှာကြီးတွေ စူပုပ်ထားကြလို့ ဆရာမရဲ့ မရှိမဲ့ရှိမဲ့ ပိုက်ဆံလေးနဲ့ မုန့်တွေ ဝယ်ဝယ် ကျွေးခဲ့ရတယ် မဟုတ်လား..။
အခုတော့ ကျူရှင် ပြဿနာက ဘယ်လောက် လျှော်လျှော် အရောင် မထွက်နိုင်တဲ့ မွဲပြာ ပုဆိုးဖြစ်နေပြီ။ နိုင်ငံ အစွန်အဖျား ကျေးတော ဇနပုဒ် အထိ ရောက်နေပြီ ဆရာမ။
တချို့ အုပ်ထိန်းသူတွေဆို ကျောင်းသားက ကျူရှင် သင်ခွင့်မရရင် စာမေးပွဲ မအောင်တော့ဘူး၊ စာမတတ် တော့ဘူးလို့တောင် အထင်ရောက်နေပုံ လေ။ အတန်းပိုင်က ကျူရှင်မပြရင် မနေတတ် မထိုင်တတ် စိတ်လက် မအီ မသာ ဖြစ်ကြတဲ့အထိ။ ကျူရှင် မပြတဲ့ ဆရာ၊ ဆရာမများကို အပျင်းထူ တယ်လို့ စွပ်စွဲတဲ့အထိ ကျူရှင်ယဉ်ကျေးမှု အရိုးစွဲနေခဲ့ပြီ ဆရာမ။
ဆရာမရေ..။ ကျွန်တော် နောက် ဆုံး ပြောချင်တာကတော့ ဒီပြဿနာ အားလုံးရဲ့ဒဏ်ကို အဓိက ခံနေရတာက ကလေးတွေ ဆိုတာပါ..။
သူတို့ခမျာ..၊ ကျောင်းတွေ ပြန်မ ဖွင့်သေးပေမယ့် မေလဆန်းတာနဲ့ လွယ် အိတ် ပြင်နေကြရပြီ ဆရာမ..။ သူတို့ ခြေလှမ်းတွေက စာသင်ဝိုင်း၊ ဘော်ဒါ ဆောင်၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ အတန်းပိုင် ဆရာမတွေရဲ့အိမ် ကျူရှင် ခန်းမတွေ ဆီကိုပေါ့။ သူတို့ရဲ့ တစ်နှစ် တာ အားလပ်ရက် ကုန်ဆုံးခဲ့ပြီ ဆိုရမှာ ပေါ့ ဆရာမရယ်။
တချို့ကလေးတွေဆို အဲဒီ နှစ် လတာလေးကိုတောင် ကောင်းကောင်း မနားရပါဘူးဗျာ..။ မွှန်းထူနေတဲ့ သူတို့ ဦးနှောက်လေးတွေထဲကို နွေရာသီ သင်တန်း အမျိုးမျိုးက သင်ခန်းစာတွေ မဆံ့မပြဲ သွတ်သွင်း ခံကြရပါလေရော..။ ကလေးတွေရဲ့ လက်တွေ့ လိုအပ်ချက်နဲ့ ကင်းကွာလွန်းတယ်လို့ ကျွန်တော်တော့ ထင်တယ် ဆရာမ။
ဆရာမတို့၊ ကျွန်တော်တို့ရဲ့ ကလေးဘ၀ ကျောင်းပိတ်၊ ကျောင်းလွှတ် ချိန်တွေကို ကုန်လွန် ဖြတ်သန်းခဲ့ပုံက အဲလိုမှ မဟုတ်တာ။ လွတ်လွတ်လပ်လပ် အားရပါးရ ဆော့ကစားရင်း သဘာဝ လောကကြီးဆီက အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ကိုယ့်ဝါသနာကို ကိုယ်တိုင် ဆန်းစစ်ခွင့်၊ မွေးမြူခွင့်တွေ ရခဲ့ကြတယ် မဟုတ်လား။
အိုးပုပ် ချိုးရုပ် ကစားရင်း လက် မှုပညာ..၊ အိမ်ဆောက်တမ်း ကစားရင်း အင်ဂျင်နီယာ ပညာ..၊ ဆေးကုတမ်း ကစားရင်း လူနာ အပေါ် ဆက်ဆံရမည့် ဆရာဝန်တစ်ယောက်ရဲ့ အလုပ် စသဖြင့်ပေါ့ ဆရာမရယ်..။ ဆရာမ ဆို စာသင်တမ်း ကစားခဲ့မှာပေါ့..။
ဈေးရောင်းတမ်း ကစားရင်း ဈေး ကွက်စနစ်မှ တိုက်ရိုက်ကွင်းဆင်းခွင့်..၊ မီးပုံးပျံ၊ လေထီး၊ စွန်လွှတ်တမ်းများ ကစားရင်း အာကာသမှာ ရွက်လွှင့် နည်းတွေ စိတ်ကူးကြံဆခွင့်..၊ နောက် ဆုံး..၊ စစ်တိုက်တမ်းကစားရင်း စစ်သေ နင်္ဂဗျူဟာတွေ ကိုယ်တိုင်ချမှတ်ခွင့် ရလာမယ် မဟုတ်လား ဆရာမ။
ခုခေတ်ကလေးတွေမှာ အဲလို လွတ်လပ်စွာ ဆော့ကစားခွင့်..၊ တီထွင် ကြံဆခွင့်တွေ နည်းပါး ဆုံးရှုံး နေလိုက် တာ..။
တစ်ချို့ဆို မှန်ရေကန်ထဲ ရောက် နေတဲ့ အလှမွေးငါးလေးတွေလို..။ ကျောင်း၊ ကျူရှင်နဲ့ သင်တန်းတွေရဲ့ သင်ကြားမှုအချိန် သံသရာကြီးထဲမှာ ခေါက်ရိုးတွေ ကျိုးလို့ပေါ့။
ဆရာမရေ . . .. ။ သူတို့ရဲ့မွေးရာ ပါ ပါရမီနဲ့ ပင်ကိုယ် စွမ်းရည်လေးတွေက ဆရာ^ဆရာမတို့ရဲ့ လောဘနဲ့ မိဘ တွေရဲ့ အတ္တဥခွံထဲမှာ ပိတ်မိနေကြပြီ ခင်ဗျ။
ရင်နင့်ဖွယ် နောက်တစ်ချက် ကတော့..။
ပညာကို ငွေကြေးနဲ့ လဲလှယ် နေရတဲ့ ခေတ်ကြီးမှာ တပည့်နဲ့ ဆရာ ကြားမှာလည်း ရိုသေ ကိုင်းရှိုင်းမှုတွေ ယုတ်လျော့ကျဆင်း ကုန်ပြီဗျ..။ ဆရာမ တို့ ဘ၀နဲ့ ရင်းပြီး တည်ဆောက်ခဲ့တဲ့ ယုံကြည် ကိုးစားမှု တံတိုင်းကြီးတွေ ပြိုလဲ ပျက်စီး ကုန်ပြီလေ..။ အနန္တဂိုဏ်း ဝင် ဆရာတို့ရဲ   ” နာ ၃ နာ ” က ကလေး တွေရဲ့ အိပ်ယာဝင် ပုံပြင်အဆင့်ကို လျောကျ ပျောက်ကွယ်လုလု ဖြစ်နေခဲ့ ပေါ့။
ဒီတော့ ဆရာမရယ်..။
လက်ရှိ ရုံးတွေမှာ တာဝန်ထမ်း နေတဲ့ ဆရာမ ဖြစ်ခဲ့ဖူးသူတွေအနေနဲ့ အစဉ်အလာ ကြီးမားခဲ့ဖူးတဲ့ ဂုဏ်သိက္ခာ ကို ဆက်လက် ထိန်းသိမ်း ထားနိုင်ပြီး ဆရာ၊ ဆရာမလောင်းလျာ လေးတွေ အပေါ် ကိုယ်ချင်းစာတရား ထားနိုင်ကြ မယ်ဆိုရင်..၊
ကျူရှင်သင်တဲ့ ဆရာ၊ ဆရာမ ကလည်း ကိုယ်ဖြတ်သန်းဖူးခဲ့တဲ့ ကလေး ဘ၀ကို ပြန်တွေးပြီး အနာဂတ် နိုင်ငံတော် ကို ပုံဖော်ကြမယ့် ကလေးတွေ ဘက် ပြန်ငဲ့ကွက်ကြမယ်ဆိုရင်..၊
အစိုးရနဲ့ မိဘတွေကလည်း တရား တွေ ဖော်ထုတ်ပြီး သားသမီးတွေရဲ့ စံပြခေါင်းဆောင်တွေ နေရာရဲရဲ ယူနိုင်ကြ မယ်ဆိုရင်..
ဆရာမကို ကျွန်တော်တို့ ” မင်္ဂလာ ပါ ဆရာမ ” လို့ လိပ်ပြာသန့်သန့် အားရ ပါးရ ပြန်နှုတ်ဆက်နိုင်မယ် ထင်တယ် ခင်ဗျ။