နှစ်ရက်အတွင်း တရားမဝင် မြန်မာ အလုပ်သမား ၃၁ ဦး အဖမ်းခံရ

0
726

ထိုင်းနိုင်ငံသို့ သွားရောက်မည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၁ ဦးကို ထိုင်းရဲတပ်ဖွဲ့မှ အဝေးပြေး လမ်းပေါ်တွင် နှစ်ရက်အတွင်း ဖမ်းမိခဲ့ သည်ဟု ကရပူရိမြို့နယ်ပါချန် ရဲစခန်း ထံမှ သိရသည်။


မေလ ၅ ရက်နေ့တွင် ရနောင်း ခရိုင် ကရပူရိမြို့နယ်၊ ချွန်ဖွန် ရပ်ကွက် အနီး ဟိုင်းဝေးလမ်းမကြီးတွင် တားဆီး စစ်ဆေးရေး ပြုလုပ်နေစဉ်မြန်မာ အလုပ်သမား အမျိုးသား ၁၇ဦး ၊ အမျိုးသမီး ၃ဦး ပေါင်း ၂၁ ဦးကို ဖမ်းမိခဲ့သည်ဟု အထက်ပါ ရဲစခန်း တာဝန်ရှိသူက ပြောသည်။
မေလ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဖန်ငခရိုင် သကွတ်ပါမြို့နယ်တွင် အထောက်အထားမဲ့ ခိုးဝင်လာသည့် မြန်မာအလုပ်သမား ၁၀ ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ဖမ်းမိ မြန်မာရွှေ့ပြောင်း အလုပ် သမားများကို ရနောင်း လ.၀.က သို့ လွှဲပြောင်း ပေးအပ်သွားမည်ဟု ကရပူရိ ရဲစခန်းထံမှ သိရသည်။