မဲရုံလုံခြုံရေးအတွက် အရန်မီးသတ်များကို ယာယီ ရဲတပ်သားခန့်မည်

0
594

လာမည့် ရွေးကောက်ပွဲ မဲရုံလုံခြုံ ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ် ၅ ခုတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များကို ယာယီ ရဲတပ်သားအဖြစ် ပြောင်းလဲ ခန့်အပ် သွားမည်ဖြစ်ကြောင်း ခရိုင်မီးသတ် ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်ဝင်းထံမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ရွေးကောက်ပွဲ ကာလအတွင်း မြို့နယ်နှင့် ရပ်ကွက်ကျေးရွာများမှ မဲရုံများတွင် လုံခြုံရေးရဲတပ်သား အင် အား မလုံလောက်သည့်အတွက် ယင်း သို့ ပြောင်းလဲတာဝန်ပေးရခြင်း ဖြစ် ကြောင်း သိရသည်။
မြို့နယ် တစ်မြို့နယ်လျှင် ၃၅ ဦး ခန့်အပ်ရန် အကြောင်းကြားထားကြောင်း ဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။
မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်း ဆောင်စဉ်အတွင်း မီးသတ်တပ်ဖွဲ့မှ ယာယီ ရပ်နားရမည်ဖြစ်ပြီး မဲရုံလုံခြုံ ရေးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် သင်တန်းများကိုလည်း သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း ဦးစီးမှူးက ရှင်းပြသည်။
လက်ရှိတွင် စတင်ခန့်အပ်ရန် ပြင်ဆင်နေပြီး လစာများကိုလည်း လက်ရှိ ရဲတပ်သားတစ်ဦး၏ နှုန်းထား အတိုင်း ပေးမည်ဖြစ်ကြောင်း ထပ် လောင်း ရှင်းပြသည်။
” အများစုက စိတ်ဝင်စားမှု နည်း နေပါတယ် ” ဟု မြိတ်တောင် ကျေးရွာမှ အရန် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး က ဆို သည်။
အလုပ်ကိုယ်စီရှိခြင်း၊ အလုပ်တာ ဝန် အလုပ်ချိန်စသည်တို့နှင့် ပတ်သက် သည့် အသေးစိတ် အချက်အလက်များ မထုတ်ပြန်သေးသည့် အတွက် တာဝန်ယူ ရမည်ကို စဉ်းစား စရာဖြစ်နေသည်ဟု ၎င်းက မှတ်ချက် ပြုသည်။
မြိတ်ခရိုင်တွင် မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ပုလောနှင့် ပလောက်မြို့ နယ်ခွဲတို့ ရှိသည်။
မြိတ်မြို့နယ်တွင် အရန် မီးသတ် တပ်ရင်း(၄)ရင်းနှင့် အရန် မီးသတ် တပ်ဖွဲ့ဝင် အင်အား ၂၄၀၆ ဦးရှိကြောင်း သိရသည်။