ကော့သောင်းတွင် မူးယစ်ဆေးဝါး ရှာဖွေရန် ခွေးစသုံးမည်

0
967

ကော့သောင်းခရိုင်အတွင်း မူးယစ် ဆေးဝါး ရှာဖွေရန် ခွေးကို စတင် အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း ကော့ သောင်းမြို့နယ် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးမှု ပြုလုပ်မည့် နေအိမ်၊ ကားဂိတ်စသည့် မသင်္ကာဖွယ်နေရာများအား သွားရောက် ရာတွင် ရဲတပ်ဖွဲ့ဝင်များ ရှာဖွေရန် ခက်ခဲသည့် နေရာတချို့ကို ခွေးအား အသုံးပြုကာ အနံ့ခံရှာဖွေ စေမည် ဖြစ် ကြောင်း ကော့သောင်းမြို့နယ် မူးယစ် ရဲတပ်ဖွဲ့ ဒုရဲမှူးမြင့်ထွန်းက ပြောသည်။
” မြေကြီးထဲ တူးမြှုပ်ထားတာတို့၊ အိမ်တိုင်တွေထဲမှာ ထည့်ဝှက်ထားတာ တို့၊ လူခန္ဓာကိုယ်ထဲ ထည့်ဝှက်ထားတာ စတဲ့ မမြင်နိုင်တဲ့နေရာတွေမှာ ဝှက်ထား ရင် အဲဒီခွေး အကူအညီနဲ့ ရှာဖွေသွားမှာ ” ဟု ၎င်းက ဆိုသည်။

မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးရန် အတွက် အနံ့ခံအားကောင်းသည့် Labrador အမျိုးအစား ခွေးတစ်ကောင် ကို အသုံးပြု မည်ဖြစ်ပြီး ယင်းခွေးကို သင်တန်း ၆ လ ပေးထားပြီး ဖြစ်သော် လည်း လက်ရှိအသုံးမပြုမီ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ် ပေးနေကြောင်း မူးယစ် ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံ မှ သိရသည်။