ပြီးခဲ့သည့် ၂၀၁၄ – ၂၀၁၅ ဘဏ္ဍာ ရေးနှစ်က ကော့သောင်း – ရနောင်း နယ်စပ်ကုန်သွယ်မှု ပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၆ သန်း ကျော် ကျဆင်းခဲ့ကြောင်း ကုန်သွယ်ရေး ဦးစီးဌာန၊ ကော့သောင်း နယ်စပ် ကုန်သွယ်ရေး စခန်းထံမှ သိရသည်။
ယင်းဘဏ္ဍာရေးနှစ်၏ ပို့ကုန်နှင့် သွင်းကုန် နှစ်မျိုးစလုံး ကုန်သွယ်မှု ပမာဏ တန်ဖိုးကျဆင်းသွားကြောင်း အထက်ပါဌာနမှ သိရသည်။
ကုန်သည်များနှင့် လုပ်ငန်းရှင်များ က ကုန်စည်စီးဆင်းမှု လွယ်ကူပြီး စရိတ် သက်သာသည့် မြ၀တီဘက်ကို ပြောင်းရွှေ့ လုပ်ကိုင်ကြသည့်အတွက် ယခင်က ကော့သောင်းမှ ရန်ကုန်သို့ တင်သွင်းသည့် ကုန်တချို့ လျော့သွား သည်ဟု ကော့သောင်း နယ်စပ် ကုန်သွယ် ရေးစခန်း ဒုညွှန်ကြားရေးမှူးက ရှင်းပြ သည်။
ထို့အပြင် ငါးမဖမ်းရ ရာသီပြောင်းလဲ သတ်မှတ်မှုကြောင့်လည်း ရေထွက်ပစ္စည်း တင်ပို့မှု အနည်းငယ် လျော့ကျခဲ့သည်ဟု ၎င်းက ပြောသည်။
” လမ်းပန်း ဆက်သွယ်ရေးကြောင့် လည်း ပါတယ် ” ဟု ကော့သောင်းမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြော သည်။
ကုန်သွယ်မှု မြှင့်တင်လိုပါက လမ်း၊ တံတားနှင့် လျှပ်စစ်မီးကို ဖြည့် ဆည်းရန် အစိုးရအနေဖြင့် ထည့်သွင်း စဉ်းစားရန် လိုသည်ဟု မှတ်ချက်ပြု သည်။
ယင်းသို့ ကုန်သွယ်မှု ကျဆင်း ခြင်းသည် ထီးခီး၊ မောတောင်၊ မြ၀တီ စသည့် နယ်စပ်ဂိတ်များ ဖွင့်လှစ်မှုနှင့် လည်း ဆက်စပ်သည်ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။
၂၀၁၀ မှ ၂၀၁၅ ခုနှစ် ငါးနှစ် အတွင်း ယခုနှစ်ကဲ့သို့ ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ်ကလည်း ကုန်သွယ်မှု ကျဆင်းဖူးသည်ဟု ကုန်သွယ်ရေး ဦးစီး ဌာန၊ကော့သောင်းနယ်စပ် ကုန်သွယ်ရေး စခန်းထံမှ သိရသည်။
ကော့သောင်းနယ်စပ်ဂိတ် ကုန်သွယ်မှု ပမာဏ တန်ဖိုး
ဘဏ္ဍာနှစ် | ပို့ကုန် (ကန်ဒေါ်လာ) | သွင်းကုန် (ကန်ဒေါ်လာ) | စုစုပေါင်း (ကန်ဒေါ်လာ) |
၂၀၁၃-၂၀၁၄ | ၃၈.၂၄၇ သန်း | ၈၄.၂၅၅ သန်း | ၁၂၂.၅၀၁ သန်း |
၂၀၁၄- ၂၀၁၅ | ၃၅.၈၅၁ သန်း | ၇၉.၆၇၆ သန်း | ၁၁၅.၅၂၇ သန်း |
