၃နှစ်အထက် နေထိုင်သူများ အိမ်ထောင်စုစာရင်း ထုတ်ပေးမည်

0
667

ကော့သောင်းခရိုင် အတွင်း ၃ နှစ် အထက် နေထိုင်သူများကို အိမ်ထောင်စု စာရင်း အခမဲ့ ထုတ်ပေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး နိုင်ငံသား စိစစ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန တိုင်းဦးစီးမှူး က ပြောကြား သည်။


ဧပြီလ ၂၉ ရက်နေ့တွင် ပြု လုပ်သည့် မိုးပွင့် အထူးစီမံချက် လုပ်ငန်းရှင်းလင်းပွဲ တွင် တိုင်းဦးစီးမှူးက  ယင်းသို့ ပြောကြား ခဲ့သည်။
အိမ်ထောင်စု စာရင်း ပြုလုပ်ရန် အတွက် ရပ်^ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကော်မတီအဖွဲ့များ၏ ထောက်ခံချက် လိုအပ်ကြောင်း သိရသည်။
နယ်စပ်မြို့ဖြစ်သည့် ကော့သောင်း တွင် ရွှေ့ပြောင်း အလုပ်သမား အများ အပြားနေထိုင်ကြပြီး အိမ်ထောင်စုတွင်း မရှိဘဲ  နှစ်အတန်ကြာ နေထိုင်နေသူများ လည်း ရှိသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ချို့ကဆိုသည်။
” တချို့ဆို ရပ်ကွက်ရုံးမှာ ဧည့် စာရင်းတိုင်ပြီး နေထိုင်ကြတယ် ” ဟု ဘုရင့်နောင်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသား တစ်ဦးက ပြောသည်။
ရွေးကောက်ပွဲ နီးလာပြီဖြစ်သည့် အတွက် အသက်ပြည့်ပြီးသူနှင့် နိုင်ငံသား ဖြစ်သူတိုင်း မဲပေးခွင့်ရရှိရန် မှတ်ပုံတင် နှင့် အိမ်ထောင်စု လိုအပ်သောကြောင့် ယင်းသို့ စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု  အထက်ပါ တိုင်းဦးစီးမှူးက ဆိုသည်။