မုဒုံမြို့နယ်ရှိ သဘာဝအင်းများ အကွက်ချ မရောင်းရန် ဆန္ဒပြ

0
741

မွန်ပြည်နယ်၊ မုဒုံမြို့နယ် တံခွန်တိုင် နှင့် ဝက်သဲကျေးရွာတို့ရှိ သဘာဝ အင်းကြီးများကို အကွက်ချ မရောင်းရန် နှင့် မူလ ဧရိယာ အတိုင်း ထားပေးရန် ဧပြီ ၂၉ ရက်နေ့က ဒေသခံ ၅၀၀ ခန့်က ဆန္ဒပြခဲ့ကြသည်။


အင်းများကို သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများက အကွက်ချ ရောင်းချ နေသဖြင့် ရွာသူရွာသားများက သက်ဆိုင်ရာ ပြည်နယ်နှင့် ပြည်ထောင်စု တာဝန်ရှိသူ အဆင့်ဆင့်ကို တိုင်ကြားသော်လည်း တစ်စုံတစ်ရာ မဖြေရှင်းပေး၍ ယင်းသို့ ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြ ခေါင်းဆောင်များက ပြောသည်။
လက်ရှိတွင် အကွက်ရိုက်ထားပြီး ဖြစ်ကာ ဈေးနှုန်းပြောထားပြီးသည့် အဆင့် ရောက်နေပြီဟု မုဒုံမြို့နယ် တံခွန်တိုင်ကျေးရွာမှ ဦးမြင့်နိုင်က ပြောသည်။
]]အုပ်ချုပ်ရေးမှူးက ကျွန်တော် တို့ကို ခေါ်ပြောတယ်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ဖို့ အတွက်ဆိုပြီးတော့ ပြောတယ်}} ဟု  ဦးမြင့်နိုင်က ဆိုသည်။
ဧရိယာ ၁၀၀ ဧကခန့်ရှိ တံခွန်တိုင်း ကျေးရွာအင်းကို ပေ ၄၀ _ ပေ ၆၀ ရှိ အကွက်ပေါင်း ၄၃ ကွက်ရိုက်မည် ဖြစ်ကာ တစ်ကွက်လျှင် သိန်း ၃၀ နှုန်းဖြင့် ရောင်းချရန် ကျေးရွာအုပ် ချုပ်ရေးမှူးမှ တဆင့် အသိပေးထား သည်ဟု ၎င်းက ပြောသည်။
ဝက်သဲကျေးရွာ အင်းကို ၂၀၀၈ ခုနှစ်က အကွက်ဖော်ခဲ့ပြီး၊ ၁၄ ဧက ရှိသည့်အနက် ၃ ဒသမ ၅ ဧကကို မြေကွက် ၅၀ ဖော်ပြီး ၁၃ ကွက်ကို လမ်းဖောက်သည့် ကုမ္ပဏီကို ပေးခဲ့ ကြောင်း ယင်းမြေကွက်ရောင်းချငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ဝက်သဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေဝင်းက ပြောသည်။
သဘာဝအင်းများ ပျောက်ပျက်သွား ပါက အင်း ပတ်ဝန်းကျင်တွင် နေထိုင် နေကြသည့် ဒေသခံများ ရေအခက်အခဲ ပြဿနာနှင့် ကြုံတွေ့ရမည်ကို ဒေသခံ များက စိုးရိမ်လျက်ရှိသည်။