ကဆုန်လပြည့်နေ့ နှစ်ကျိပ်ရှစ်ဆူ ရေသပ္ပာယ်ပွဲ ပထမဆုံးအကြိမ် ကျင်းပ

0
715
ဓါတ်ပုံ - မိုးအိ

ကော့သောင်းမြို့တွင် ကဆုန်လပြည့်နေ့တွင် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များအား မြို့တွင်းလှည့်လည် ရေသပ္ပာယ် ပူဇော်ခံပွဲကို ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။

ဓါတ်ပုံ - မိုးအိ
ဓါတ်ပုံ – မိုးအိ

မြို့ပေါ် ၁၀ရပ်ကွက်နှင့် ပရဟိတ အသင်းတို့ ပူးပေါင်းကာ ခရိုင် သာသ နာ့ အနုဂ္ဂဟအသင်း ဦးဆောင်မှုဖြင့် ရပ်ကွက်များအတွင်း ကြွချီကာ ရေသပ္ပာယ် အပူဇော်ခံခြင်းဖြစ်သည်ဟု အဆိုပါပွဲကို ဦးစီးကျင်းပသည့် ကော့သောင်းခရိုင် သာသနာ့အနုဂ္ဂဟအသင်းမှ သိရသည်။” ဒီလို မြင်ကွင်းမျိုးတွေ့ရတာ စိတ်ချမ်းသာတယ်။ ဘုရားမသွားနိုင်တဲ့ သက်ကြီးအဖိုးအဖွားတွေလည်း ရေသပ္ပာယ်ခွင့်ရကြတယ် ” ဟု သီရိမြိုင်ရပ်ကွက်နေ ဦးမျိုးမင်းအောင်က ဆို သည်။ ယင်းရေသပ္ပာယ် အပူဇော်ခံပွဲကို နောက်နှစ်များတွင်လည်း လက်ဆင့်ကမ်းကျင်းပရန် မျှော်လင့်ကြောင်း ပြည်တော်အေးဘုရား ဂေါပကအတွင်းရေးမှူး ဦးတင်ထွေးက ပြောသည်။