အိုးလုပ်မီးဘေး တွေ့သမျှ တွေးသမျှ

0
560

ဒီရက်ပိုင်းအတွင်း လူတွေ အပြော များဆုံးက အိုးလုပ်ပြင် မီးလောင်မှု အကြောင်းပဲ ဖြစ်မယ်ခင်ဗျ။ ဗြတ်စာ လည်း ဒီရက်ပိုင်းတွေ အတွင်း တွေးမိ နေတာ မီးလောင်မှု အကြောင်းပါပဲ။


တကယ်တော့ အိုးလုပ်ပြင် မီး လောင်မှု မတိုင်ခင် ကတည်းက တွေး နေမိတာပါ။ တလောက ထားဝယ်မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ တောမိုးတောင်မှာ ၃ ရက်ဆက်တိုက် တောမီးလောင် နေ တာကို အစပြုပြီး တွေးနေခဲ့တာပါ။ တောမိုးတောင်မှာ တောမီးလောင်နေစဉ် က တာဝန်ရှိသူတွေ အပါအဝင် လူထု အတော်များများက ကိုယ်နဲ့ မဆိုင်သလို နေခဲ့ကြတာကိုး။

DSCF0023
ဒါကိုအားမလိုအားမရဖြစ်ပြီး ဗြတ်စာ တွေးနေခဲ့တာပါ။
မကြာမီမှာပဲ တောင်ငူမြို့မှာ တောမီး တွေ လောင်လို့ မြို့ကိုတောင် ခြိမ်းခြောက် နိုင်တဲ့ အနေ အထား ထိရောက်ခဲ့သေးတယ် မဟုတ်လား။
ဟော… ခုတော့ ဗြတ်စာတို့ ထား ဝယ်မြို့လယ်ခေါင် ရပ်ကွက်ကြီး တစ်ခု ဖြစ်တဲ့ အိုးလုပ်ရပ်ကွက်မှာ မီးလောင် ခဲ့ပါပြီ။ အိုးလုပ် ရပ်ကွက်ဆိုတာ ဘိုး ဘေး အစဉ်အဆက် ကတည်းက အိုး လုပ်ငန်းနဲ့ အသက်မွေးခဲ့ပေမယ့် မီး လောင်မှုဆိုတာ ဘယ်တုန်းကမှ မဖြစ် ခဲ့တဲ့ ရပ်ကွက်ရယ်လို့  ဂုဏ်ယူခဲ့ကြ တာကိုး။ အရင်က ထားဝယ်မှာ မီး လောင်ပြီဆို တလိုင်းထိန်၊ တလိုင်းမ ရပ်ကွက်၊ သင်္ဘောဆိပ်ရပ်ကွက်၊ ဒေါင်းငူ တံငါရပ်ကွက်တွေ။
ဗြတ်စာတို့ ငယ်ငယ်ကတော့ သင်္ဘောဆိပ်မီးကို ကောင်းကောင်း မီ လိုက်သေး။ ထားဝယ်မှာ မီးအကြီး အကျယ် လောင်ခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်က   ကညုံ စလိုက်တဲ့မီး ကရပ်ပြင်ရပ်ကွက် တစ်ခုလုံး နီးပါး ပြာကျခဲ့တဲ့ ဖြစ်စဉ် ခင်ဗျ။ မှတ်မှတ်ရရ ၁၉၉၆ ခုနှစ် မတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်း။ အဲဒီ ဖြစ်စဉ်ပြီး ကတည်းက ထားဝယ်မှာ မီးလန့်မှု လေးတွေမှအပ ကြီးကြီးမားမား မဖြစ် တော့။ အခုလို ပြန်ဖြစ်လိုက်တော့ တစ်ဲမြို့လုံး ရှော့ရသွားသလို ခံစားလိုက် ရတယ်။ မီးဘေးဆိုတဲ့ အိပ်မက်ဆိုးကြီး ပြန်အခြောက်ခံရသလိုပါပဲ။
ကဲ..ဒီတော့ လောင်ပြီးတာက လောင်ပြီးသွားပြီ။ မီးလောင် ဖြစ်စဉ်ပေါ် အခြေပြုပြီး နောင်မှာ ဒီလို မဖြစ်အောင် ဘယ်လို သင်ခန်းစာတွေ ယူမလဲ၊ ကြို တင် ကာကွယ်မှုတွေ ဘယ်လို စီမံမလဲ ဆိုတာတွေကိုပဲ သုံးသပ်စဉ်းစား ကြရ တော့မှာ ဖြစ်ပါတယ်။
မီးလောင်ပြီဆို ထစ်ခနဲရှိ ခလုတ် တိုက် တရားခံရှာတတ်တာက ဝါယာ ရှော့ခ်ဖြစ်တယ်ဆိုတဲ့ ဆင်ခြေပါပဲ။ ဖြစ်စဉ်တွေမှာ တကယ်ပဲ ဝါယာရှော့ခ် ကြောင့် ဖြစ်တာ ဟုတ်ရဲ့လားဆိုတာကို ရဲရဲတင်းတင်း ဖော်ထုတ်ဖို့ လိုပါသဗျ။ မီးဖို မီးကြွင်းကျန်လား၊ ဘုရားမီးပူ ဇော်ရင်း ဖယောင်းတိုင် လဲကျတာလား၊ တစ်ခုခု ကြော်လှော်ချက်ပြုတ်လို့ ဖြစ် တာလား  ဆိုတာကို အတိအကျ သိ အောင် ဖော်ထုတ်သင့်ပါတယ်။ ဒါမှ လည်း ကြိုတင် ကာကွယ်ရာမှာ ဘာ တွေ လိုအပ်တယ်၊ ဘာတွေ ဆောင် သင့်တယ်ဆိုတာ အဖြေမှန်၊ အခြေအနေ မှန် သိမယ်လို့  ဗြတ်စာ တွေးမိပါတယ်။
မီးဘေး ကြောက်လန့်နေတဲ့ အချိန် တုန်းတော့ မြို့တွင်း လောင်စာဆီ မရောင်းရတို့၊ ဘာတို့ ကန့်သတ်လာမှာ ကလည်း ရှိပါသေးတယ်။ ဒီလို ကန့် သတ်တာဟာလည်း နည်းမှန် လမ်းမှန် ဟုတ်ရဲ့လား။ တကယ်ကော ကန့်သတ် နိုင်ရဲ့လား ဆိုတာကိုလည်း အခြေအနေ အမှန်အတိုင်း သုံးသပ်ရဲဖို့ လိုပါတယ်။
ဗြတ်စာအမြင်တော့ မြို့တွင်း လောင်စာဆီ ရောင်းတာကို အတိုင်း အတာတစ်ခု၊ စည်းကမ်း သတ်မှတ်ချက် တွေနဲ့ ခွင့်ပြုသင့် တယ်လို့ ထင်ပါသဗျ။ ဘာကြောင့်လဲဆိုတော့  ထားဝယ်မြို့ ဆိုတာ ဆိုင်ကယ်ကို အားထား သွား လာနေတဲ့ မြို့ဖြစ်လို့ မြို့တွင်း သင့် တော်တဲ့ နေရာလေးတွေမှာ လောင်စာ ဆီ အလွယ်တကူ ရနိုင်ဖို့လည်း လိုပါ တယ်။ မြို့ထဲ လောင်စာဆီ ရောင်းမယ် ဆိုရင် ဘယ်နှစ်ပီပါပဲ ရောင်းရမယ်။ ခြံဝင်း အကျယ်ဘယ်လောက် ရှိရမယ်။ မီးဘေးကြိုတင် ကာကွယ်ဖို့ ဘယ်လို ဟာတွေနဲ့ ပြည့်စုံရမယ်ဆိုတာမျိုးပေါ့။
နို့မို့ရင်တော့ ခုလို စိုးရိမ်နေရတဲ့ အချိန်မှာ မြို့ပြင်ထွက်ရောင်း၊ သွေးအေး တော့ မြို့ထဲပြန်ဝင်လာ။ ဒီလို ဆေးမြီးတို နည်းတွေနဲ့ပဲ ကုစားလို့ မရနိုင်ဘူးလို့ ဗြတ်စာ ပြောချင်ပါတယ်။
နောက်တစ်ချက်က မီးလောင်ပြီဟေ့ ဆိုရင် လူတွေ ဝိုင်းအုံ ရောက်လာပြီး မီးသတ်ယာဉ်တွေ၊ ကွပ်ကဲမှုအဖွဲ့တွေ အချိန်မီ ဝင်ရောက်ဖို့ အဟန့်အတား ဖြစ်စေတဲ့ အချက်ပါ ခင်ဗျ။ လူ့သဘာဝ ထုံးစံအတိုင်း စပ်စုဖို့ ရောက်လာတာ ဖြစ်နိုင်သလို၊ မိမိရဲ့ မိတ်ဆွေ သူငယ် ချင်း ဆွေမျိုးတွေကို ကူညီဖို့ ရောက်လာ တာလည်း ဖြစ်နိုင်ပါတယ်။ လာမကြည့် ရဘူးလို့တော့ မတားမြစ် စေချင်ပါဘူး ခင်ဗျ။
အဲ တစ်ခုရှိတာက ဒီလာကြည့်တဲ့ သူတွေကလည်း မိမိ အသိစိတ်ဓာတ်နဲ့ မိမိတုံ့ပြန် ကူညီဆောင်ရွက်ပေးတတ် ဖို့ပါပဲ။ လမ်းဖယ် ပေးဆို ဖယ်ပေးလိုက်၊ နောက်ဆုတ်ဆို နောက်ဆုတ် ပေးလိုက်၊ အမှန်တကယ် ကူညီ ကယ်ဆယ်ရေး လုပ်နေတဲ့ သူတွေကို ဦးစားပေးတတ်တဲ့ စိတ်ကလေး မွေးပေးဖို့ပဲ လိုတာပါ။
ဗြတ်စာတို့ဆီမှာ မီးလောင်ရင် အပြစ်ပြော အခံရဆုံးက မီးသတ် တပ်ဖွဲ့ဝင်တွေပါပဲ။ အချိန်မီ မရောက် တာတို့၊ ကားလာရင် ရေမပါဘူးဆိုတာတို့၊ ခဏ လေးနဲ့ ရေကုန်သွားတယ်ဆိုတာတို့ စတဲ့ အချက်တွေက လူပြော အများဆုံး အချက်တွေဗျ။ ဗြတ်စာတို့ ငယ်ငယ်တုန်း ကဆို မီးလောင်ပြီဟေ့ ဆိုရင် မီးသတ် ကား စက်နှိုးမရလို့ တွန်းနှိုးရတဲ့အဖြစ်တွေ တောင်ရှိသေး။ တစ်ခါတစ်လေ မီးသတ် ကားက ဧည့်ရိပ်သာမှာ ရေသွားဖြည့် နေတုန်း မီးလောင်လို့ ရေမပါဘဲ ဆင်း လာရတဲ့ အဖြစ်တွေလည်း ရှိသေးသဗျ။ ဒါတွေက ဟိုးတုန်း အချိန်ကပါ။
တကယ်တော့ မီးသတ်တပ်ဖွဲ့တွေမှာ လည်း သူ့စီမံချက်၊ သူ့ဗျူဟာ၊ သူ့ နည်းပညာ ရှိပါလိမ့်မယ်။ မီးလောင် နေတဲ့ နေရာကို ရေမဖြန်းတော့ဘဲ မီး တား မီးလမ်းဖြတ်တဲ့ အနေနဲ့ ဝိုင်း ပတ် ငြိမ်းသတ်ရတာတွေ ရှိကောင်း ရှိမှာပါ။ ဒါကိုပဲ မီးလောင်တဲ့ နေရာမှာ တော့ မသတ်ဘူးတို့ ဘာတို့ ဖြစ်သွား တာလည်း ရှိမှာပါ။ မီးသတ်ကားတွေမှာ သယ်ဆောင်နိုင်တဲ့ ရေပမာဏနဲ့ပက် ဖြန်းအား အရှိန်နှုန်းတွက်ကြည့်ရင်  မိ နစ်ပိုင်းလေးပဲ ခံတာမျိုးလည်း ရှိမှာ ပါ။ ခဏလေးနဲ့ ရေကုန်သွား တာမျိုး ပေါ့။ ဒီလို အဖြစ်မျိုးတွေ အတွက်တော့ သက်ဆိုင်ရာတွေ အလေးပေး စဉ်းစား သင့်တယ်လို့ တိုက်တွန်း လိုပါတယ်။
အခင်းဖြစ်ရာ နေရာနဲ့ အဝေး မသွားဘဲ ရေကို မြန်မြန် ပြန်ဖြည့်နိုင်တဲ့ အခင်းအကျင်းမျိုး စီမံပေးဖို့တော့ လို မယ်ခင်ဗျ။
ကျွန်တော်တို့ ငယ်ငယ်ကတော့ အုတ်တံတားကြီး လမ်းဆုံမှာ မီးသတ် ရေကန်ကြီး ရှိသဗျ။ နောက်  အ.ထ.က ၃ ကျောင်းဝင်း ထဲမှာလည်း မီးသတ် ရေကန်ကြီး ရှိပါတယ်။ ခုတော့လည်း အဆောက်အအုံ အသစ်တွေ ဆောက် လိုက်လို့ အ.ထ. က ၃ ထဲမှာတော့ မရှိရှာတော့ဘူးဗျ။ လမ်းတွေမှာ မီးသတ် ရေငုတ်တွေ ထားပြီး အရေးကြုံရင် အသုံးချနိုင်အောင် စီမံထားသင့်တယ်လို့ အကြံပြုလိုပါသဗျ။

အခုက ရေကုန်သွားလိုက်၊ ပြန် ပြေးဖြည့်လိုက်၊ ပြန်ဝင်လာရင် လမ်းက ပိတ်နဲ့မို့ အချိန်ဆုံးရှုံးတာ မျိုးတွေ လည်း ရှိပါသေးတယ်။ ဒီလိုအနေအထား မျိုးမှာ ချီးကျူးဂုဏ်ပြုရမှာက ရေရောင်း တဲ့ ထော်လာဂျီ အုပ်စုတွေပါ။ ထားဝယ် မှာ မီးလောင်မှု ဖြစ်လိုက်တိုင်း ရှေ့ဆုံး ကနေ ရောက်ချလာတတ်တာ ဒီထော်လာ ဂျီတွေပါ။ မီးသတ်ကား တွေဝင်ဖို့  အခက်အခဲရှိတဲ့လမ်းကြား အိမ်တွေထဲ အထိ ကူညီငြိမ်းသတ်ပေး တာမို့ သူတို့ရဲ့ စေတနာနဲ့ စွန့်လွှတ် စွန့်စား စိတ် တွေကိုလည်း ဗြတ်စာ ဂုဏ်ပြုမိပါတယ်။
နောက်တစ်ခုက အခင်းဖြစ်ပွားရာဆီကို ချက်ချင်း ရောက်ရှိလာပြီး အကူအညီပေးခဲ့ကြတဲ့ ဆေးဝန်ထမ်း အဖွဲ့တွေပါပဲ။ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ အရေး ပေါ် လူနာတင်ယာဉ် တွေ ချက်ချင်းရောက်လာပြီး မီးလောင်မှု ဖြစ်ပွားရာနေရာနဲ့ အနီးဆုံးမှာ အခြေပြုလို့ ကူညီ ဆောင်ရွက်ပေးခဲ့တာကိုလည်း ဗြတ်စာ မျက်မြင် တွေ့ခဲ့ရပါတယ်။ ဒီဖြစ်စဉ်မှာ ကျန်းမာရေးဝန်ကြီး အပါအဝင် ဆေးဝန်ထမ်းများ အားလုံးတက်ညီလက်ညီနဲ့ လက်တွဲ ဆောင်ရွက်သွား တာဖြင့် အားရ ကျေနပ်စရာ ကောင်းလှပါတယ်။ ဒီအဟုန်လေးကို ဆက်ထိန်းထားနိုင်ပါစေဗျာ။
အမှတ် ၃ အ.ထ.က ကျောင်းဝင်း ထဲမှာ မီးဘေးသင့် ပြည်သူတွေ အတွက် ကယ်ဆယ်ရေး စခန်းဖွင့်တော့လည်း လူမျိုး ဘာသာ မရွေး ကူညီ လှူဒါန်းသူတွေ ဘယ်သူ့တိုက်တွန်းချက်မှ မပါဘဲ စေတနာအလျောက် လာရောက် လှူဒါန်းကြတာကိုလည်း မျက်ရည်ဝဲ ရတဲ့အထိ ဝမ်းသာကြည်နူးစွာ တွေ့ရပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ၊ လူမှုအဖွဲ့ အစည်း အသီးသီးက လူငယ်လေးတွေ၊ ရုံးဝန်ထမ်းတွေ တက်ညီလက်ညီ လုပ်အားပေး ကူညီနေတာကို တွေ့တယ်။
မီးလောင်မှု ဖြစ်တဲ့အချိန်က ရုံးချိန်၊ ဈေးဖွင့်ချိန်၊ အလုပ်သွားချိန် တွေဆိုတော့ လူတော်တော် များများမှာ ဘာပစ္စည်းမှ သယ်ချိန် မရလိုက်တော့ ခုလို ကူညီထောက်ပံ့မှုလေးတွေက တော်တော်လေး အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ တစ်ချို့လည်း လူမှုကွန် ရက် စာမျက်နှာတွေကတဆင့် စုစည်းပြီး လှူဒါန်းကြဖို့ စုစည်းနေကြတာ တွေ့ တော့ အရေးကြီးရင် သွေးနီး တတ်ကြတဲ့ ဗြတ်စာတို့ လူမျိုးတွေရဲ့ ချစ်စရာ ဓလေ့ကို ပိုလို့ တန်ဖိုးတတ်သွား ပြန်ပါ တယ်။
ပြန်ချုပ်ရရင်တော့ မီးဘေးသင့်မှုကို သွေးအေးနေတဲ့ မေ့နေတဲ့ ထားဝယ်မြို့ ကြီးကို အိုးလုပ်ပြင် မီးဘေးက လှုပ်နှိုးလိုက်ပြီမို့ သင်ခန်းစာယူစရာတွေ အတော်အသင့် ထွက်လာမှာတော့ အမှန် ပါပဲ။
ဖြစ်နိုင်ရင် ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆွေးနွေး သုံးသပ်အကြံပြုပွဲလေးတွေတောင် ဖြစ်စေချင် သဗျ။
ဒီလို အကြံပြုသုံးသပ်ချက်လေး တွေကနေ အနာဂတ်ထားဝယ်မြို့ ပြဖွံ့ ဖြိုးမှုအတွက် အထောက်အကူ ဖြစ်အောင် လုပ်ဆောင်သင့်တယ်လို့ ဗြတ်စာ တွေး လိုက်မိကြောင်းပါဗျာ။