ခိုးဝင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဆယ်ကျော် ထိုင်း ရဲတပ်ဖွဲ့ ဖမ်းဆီး

0
556

ထိုင်းနိုင်ငံအတွင်း အထောက်အ ထားမဲ့ ခိုးဝင်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၆ ဦးကို ဧပြီလ ၂၉ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ ကြောင်း ထိုင်းအဝေးပြေးလမ်း စစ်ဆေး ရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။


ဘန်ကောက် အဝေးပြေးလမ်းမကြီး တွင် တရားမဝင် ခိုးဝင်လာသူများ ဖြတ်သန်းမည်ဆိုသည့် သတင်းအရ စစ်ဆေးရေး ပြုလုပ်နေစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါ ရဲတပ်ဖွဲ့ အဖွဲ့ ခေါင်းဆောင် ရဲမှူး ပီတက်ဝေါင်ဝါနစ်က ပြောသည်။
ဖမ်းဆီးခံထားရသူများမှာ အမျိုး သမီး ၉ဦး ၊ အမျိုးသား ၁၇ ဦး တို့ဖြစ်ပြီး ထိုင်းနိုင်ငံ နယ်စပ်တစ်ခုဖြစ် သည့် ဖူနမ်ရွန် ဘက်မှ ခိုးဝင်လာသူများ ဖြစ် သည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသားများအား အထောက် အထားမဲ့ ပို့ဆောင်ပေးခဲ့သည့် ထိုင်း လူမျိုး အမျိုးသားတစ်ဦးနှင့် ခိုးဝင် လာသည့် မြန်မာ အလုပ်သမားများအား ဖမ်းဆီးအရေးယူထားသည်ဟု အထက် ပါရဲတပ်ဖွဲ့ ထံမှသိရသည်။