လိင်တူချစ်သူ အလှမယ် ရွေးချယ်ပွဲ ကျင်းပမည်

0
635
ဓါတ်ပုံ - ဇော်ဇော်

မြိတ်တွင် လိင်တူ ချစ်သူအလှမယ် ရွေးချယ်ပွဲ ကို လာမည့် မေလ ၁၇ ရက်နေ့တွင် ကြံတော ရပ်ကွက် J & J ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း မြိတ်မြို့နယ်လုံးဆိုင်ရာ (LGBT)Rainbow Myeik  မှ တာဝန်ခံ မငြိမ်း ထံမှ သိရသည်။


ယင်းပွဲကို ပြီးခဲ့သည့် နှစ်က စတင် ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက် ဖြစ်သည်။

ဓါတ်ပုံ - ဇော်ဇော်
ဓါတ်ပုံ – ဇော်ဇော်

” လိင်တူ ချစ်သူတွေရဲ့ အခွင့်အရေး အပြည့်အဝရလာအောင် ရည်ရွယ်ပြီး ပြုလုပ်တာပါ ” ဟု မငြိမ်းက ဆိုသည်။  အဆိုပါ ပွဲတွင် ထားဝယ်၊ မြိတ်၊ ပုလော၊ ကော့သောင်း၊ ကျွန်းစု၊ တနင်္သာရီမြို့များမှ အလှမယ် ၃၀ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန်လျာထားကြောင်း သိရသည်။
ထို့အပြင် ပဒေသာကပွဲကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး လက်မှတ်နှုန်းထားများကို ကျပ် ၃၀၀၀၊ ၅၀၀၀ နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
၁၉၉၀ ပြည့်နှစ်က ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက လိင်တူချစ်သူများကို ရောဂါသည်များ စာရင်းမှ ပယ်ဖျက် ပေးခဲ့သည့် မေ ၁၇ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများ အပေါ် ကြောက်ရွံ့မုန်းတီးမှု အား ဆန့်ကျင်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။