ကျွန်းစု ရေရှားပြသနာ တစ်လကျော်ကြာအထိ မပြေလည်သေး

0
811

ပြီးခဲ့သည့် မတ်လ ဒုတိယပတ် ခန့်မှ စပြီးရေရှားပါးခဲ့သည့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် တစ်လကျော် အချိန်ကြာ လာသည်အထိ ရေပြဿ နာမပြေလည် သေးဟု ဒေသခံများထံမှ သိရသည်။


ရေရှားပါးမှု ပြဿနာနှင့် ကြုံတွေ့ နေရဆဲဖြစ်သည့် ရပ်ကွက်များမှာ အမှတ်(၁)(၂)(၃)ရပ်ကွက်များဖြစ်ကြပြီး ယင်းရပ်ကွက် နေထိုင်သူများသည် အမှတ်(၄) ရပ်ကွက်ရှိ တွင်းရေနှင့် အမှတ်(၃)ရပ်ကွက်ရှိ ဘုန်းတော်ကြီး ကျောင်းမှ အဝီစိတွင်း ရေကို အားကိုး အားထားပြုနေရကြောင်း ကျွန်းစုမြို့ ခံတစ်ချို့က ဆိုသည်။
” ရေရှားနေတာက ဆယ်တန်း စာမေးပွဲ မဖြေခင်ကတည်းပါ အခုချိန် ထိလည်း ရှားနေတုန်းပဲ ” ဟု ကျွန်းစုမြို့ နေသူ မဥမ္မာချိုက ပြောသည်။ကျွန်းစုမြို့နယ်ရှိ ဒေသခံများသည် သောက်သုံးရေများအဖြစ် တွင်းရေများ နှင့် မြို့နယ်စည်ပင်သာယာရေး ဦးစီး ဌာနက ဖြန့်ဝေပေးနေသည့် ရေကို အသုံးပြုနေကြကြောင်း ၎င်းတို့ထံမှ သိရသည်။
” စည်ပင်က ရပ်ကွက်တွေကို အလှည့်ကျစနစ်နဲ့ အချိန်ပိုင်းသာ ရေလွှတ်ပေးတာပါ။ အိမ်ခြေက အများ ကြီးဆိုတော့ လုံလောက်မှု မရှိပါဘူး ”  ဟု အမှတ်(၂) ရပ်ကွက်နေ ဒေသခံ တစ် ဦးက ပြောသည်။ယင်းသို့ ရေရှားနေသည်ကို ကျွန်းစု မြို့နယ်ရှိ ရေတပ်စခန်း ဌာနချုပ်မှ ရပ်ကွက်အတွင်းသို့ သောက် သုံး ရေများကို လာရောက် လှူဒါန်း ပေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် မြိတ်မြို့နယ် ကျွဲကူး ကျေးရွာရှိ ရပ်ကွက်တစ်ချို့တွင် လည်း နေအပူရှိန် မြင့်မားခြင်းကြောင့် တွင်း ရေများ ခန်းခြောက်လာခဲ့ပြီး ရေရှား ပါးမှု ကြုံတွေ့ခဲ့ရသဖြင့် ခရိုင် မီးသတ် ဦးဌာနမှ သောက်သုံးရေများဖြန့် ဝေပေး ခဲ့ရသည်ဟု ယင်းဦးစီးဌာနထံမှ သိရသည်။