မြိတ်တွင် ပထမတန်း ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ

0
698

မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာ အုပ်စု ကင်းဆိုးရွာတွင် ပြီးခဲ့သည့် အပတ်က ပထမတန်းကျောင်းသူ တစ်ဦး အဓမ္မ ပြုကျင့်ခံရကြောင်း အင်္ဂမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းစိုးထံမှ သိရ သည်။
ယင်းကျေးရွာ နတ်သလင်း တောင်ခြေရှိ ရော်ဘာစိုက်ခင်း တစ်ခု တွင် ဧပြီလ ၂၃ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က အသက် ၆နှစ်အရွယ် အမျိုးသမီးငယ်ကို အသက် ၄၀ အရွယ် အမျိုးသားက အဓမ္မပြုကျင့်ခြင်းဖြစ် ကြောင်း အထက်ပါ အုပ်ချုပ်ရေးမှူးက ပြောသည်။
ဖြစ်စဉ်မှာ ရော်ဘာစိုက်ခင်း တွင် ခြံစောင့် မိဘနှစ်ဦး အလုပ်လုပ်နေစဉ် သမီးဖြစ်သူ၏ အော်သံကြားသဖြင့် မိခင်ဖြစ်သူက သွားကြည့်ရာ အိမ်တံခါး ပိတ်ပြီး သမီးဖြစ်သူအား အဓမ္မပြုကျင့် နေသည်ကို တွေ့ရသည်ဟု မိခင်ဖြစ်သူ ၏ ထွက်ဆိုချက်ကို မြိတ်မြို့နယ် ရဲ စခန်း၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြ သည်။
အခင်း ဖြစ်ပွားပြီးနောက် ထွက် ပြေးသွားသည့် ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူအား မြိတ်မြို့နယ် အလယ် ကျွန်းနယ်မြေ၊ ပန်စရာ ရပ်ကွက်ရှိ ၎င်း၏ အဒေါ် နေအိမ်တွင် ဧပြီ ၂၄ ရက်နေ့က ဖမ်းမိခဲ့သည်ဟု အင်္ဂမော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းစိုးထံမှ သိရသည်။
လက်ရှိတွင် မြိတ်မြို့နယ် ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆^၅၁၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်း မှ သိရသည်။