မြိတ်တွင် လုပ်ငန်းတိုးချဲ့ရန် ထိုင်းလုပ်ငန်းရှင်များ ကမ်းလှမ်း

0
851

ထိုင်းနိုင်ငံ စူရပ်ဌာနီခရိုင်မှ ကုမ္ပဏီ ၇ ခုက မြိတ်တွင် လုပ်ငန်းများ တိုးချဲ့ရန် ဒေသခံ စီးပွားရေး လုပ်ငန်း ရှင် များကို လာရောက် တွေ့ဆုံ ကမ်းလှမ်းခဲ့သည်ဟု မြိတ်လုပ် ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။
ထိုင်းနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး ဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနတို့မှ ကြီးမှူးပြီး ထိုင်းနိုင်ငံ စူရပ်ဌာနီ ခရိုင်မှ ကုမ္ပဏီ ၇ ခု၏ စီးပွားရေးလုပ်ငန်းရှင် ၇ ဦးနှင့် မြိတ်ခရိုင် ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် သည့် ထိုင်း-မြန်မာ စီးပွားရေးအမြင် ဖလှယ်ခြင်းနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို မေလ ၁ ရက်နေ့က ပုလဲသန္တာ ဟို တယ်တွင် ပြုလုပ်ခဲ့ကြသည်။
” မြိတ်မှာ စည်သွပ်စက်ရုံကို လာလုပ်မယ်။ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ဒေသ ထွက် သားငါးများကို ရနောင်းသို့ တင်ပို့ ချင်ပါတယ် ” ဟု  ထိုင်းလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။
မြိတ်တွင် ရေထွက်ပစ္စည်းကို အဓိက ထုတ်လုပ်သည့် ကုမ္ပဏီမှာ ပြည့်ဖြိုးထွန်း ကုမ္ပဏီဖြစ်သည့် အတွက် ထိုင်းနိုင်ငံလုပ်ငန်းရှင်များက သားငါး များနှင့် ရေထွက်ပစ္စည်းများကို ဝယ်ယူ မည်ဆိုပါက ပြည်ဖြိုးထွန်း ကုမ္ပဏီ ပိုင်ရှင်ဖြစ်သည့် တနင်္သာရီတိုင်း ဒေသ ကြီး ငါးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ထံတင်ပြပြီး စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကုန်သည်နှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ထိုင်းစီးပွား ရေးလုပ်ငန်းကုမ္ပဏီ ၇ ခုမှ မြိတ်ဒေသ တွင် ထွက်ရှိသည့် သီဟိုဠ်စေ့၊ ဂဏန်း ပျော့၊ ငါးမျိုးစုံ၊ ဆီအုန်း စသည့်ပစ္စည်း များကို ထိုင်းနိုင်ငံသို့ တင်သွင်းမည့်သူ များနှင့် ထိုင်းနိုင်ငံမှ တစ်ပတ်ရစ်ကား များ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်း များ၊ စက်အပိုပစ္စည်းများနှင့် ရေခဲမုန့် များကို ဒေသအတွင်း ပြန်လည်ဖြန့်ချိ ရောင်းချသူများကို လိုအပ်နေကြောင်း သိရသည်။