တနင်္သာရီတိုင်းဒေသကြီးအတွင်း အကြီးဆုံးထိုင်တော်မူကျောက်တော်ကြီး ဘုရား (စကျင်ကျောက်ဖြင့်ထုလုပ်ထား သည့် ဆင်းတုတော်) ကို ထားဝယ် မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ ရှင်ဓာတ်ဝဲစေတီ ပရဝုဏ်၌ တည်ထား ကိုးကွယ်မည်ဖြစ်ကြောင်း ရှင်ဓာတ်ဝဲ စေတီဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦမောင်အေးက ပြောကြားသည်။

ဓာတ်ပုံ – တင့်လွင်
အထက်ပါ မဟာအတုလမာရဇိန လောကမာရ်အောင် ဆုတောင်းပြည့် ကျောက်တော်ကြီးဘုရား၏ ဥာဏ်တော် အမြင့်မှာ ၁၅ ပေ၊ ဒူးတော်အလျား ၁၂ပေ ရှိပြီး အလေးချိန် ၁၈တန်ခွဲရှိသည်ဟု ယင်းဂေါပကအဖွဲ့ထံမှသိရသည်။
ယင်းဆင်းတုတော်ကို ဧပြီလ ၂၇ ရက်နေ့ညနေ ၅ နာရီခန့်တွင်ပလ္လင် ပေါ်သို့ပင့်ဆောင်ခဲ့သည်။
ရှင်ဓာတ်ဝဲစေတီသည် ထားဝယ် မြို့မှ ၈မိုင်ကျော် အကွာအဝေးတွင် တည်ရှိပြီး ထားဝယ်ဒေသရှိ ရှင်ကိုးရှင် ဘုရားများ အနက်ထင်ရှားသောဘုရားတစ်ဆူဖြစ်သည်။
ထားဝယ်မြို့ရှိ ကျောက်တော်ကြီး ဘုရားများအနက် ဒုတိယအကြီးဆုံးမှာ ဇေယျဝတီကျောင်းတိုက်တွင်ရှိသည့် ဥာဏ်တော် ၉ ပေအမြင့်ရှိသည့်ဆင်းတု တော်ဖြစ်ပြီး တတိယအကြီးဆုံးမှာ လောကမာရဇိန် ဘုရားကြီးဝင်းအတွင်း ရှိကာ ဥာဏ်တော်အမြင့် ၇ ပေ ရှိကြောင်း သိရသည်။