ပုလော ကုလားကျားပွဲ နှင့် အိန္ဒိယ ပူလီ ကာလီပွဲ

0
944

ဂျိန်းဂျိန်းနီဒေါင်း ဆိုတဲ့ အသံ နဲ့ လောဘတ်အနံ့ကို ရလိုက်တယ် ဆိုရင်ပဲ ပုလောသား တစ်ယောက် အဖို့ သင်္ကြန်ရောက်တော့မယ် ဆို တာကို အလိုလို သိလိုက်ပါပြီ။


အဲဒီ အသံဟာ စည်းချက်ညီညီ ထွက်ပေါ်နေရင်း လူအုပ်ဟာလည်း မြို့အနှံ့ကို တဖြည်းဖြည်း ရွေ့လျား နေပါတယ်။ အဲဒီလူအုပ်ရဲ့ အလယ် မှာ ရှိနေတာကတော့ တန်ခူးလ ရာသီရဲ့ ပူပြင်းတဲ့နေရဲ့ အောက်မှာ အင်္ကျီမပါဘဲ မမောနိုင် မပန်းနိုင် ကပြ အသုံးတော် ခံနေကြတဲ့ ကုလားကျားတွေ ဖြစ်ပါတယ်။ ကျားကပွဲရဲ့ လူရွင်တော်တွေ ဖြစ်တဲ့ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ရုပ်ပြောင် ဖြစ်အောင် ဆေးခြယ်ထားတဲ့ မုဆိုးတွေ လည်း ပါပါတယ်။ မုဆိုးတွေဟာ ကျားတွေရဲ့ အနာစသ ကို အမြင့်ဆုံး အထိ ရောက်အောင် ဖန်တီးပေးကြ သူတွေပါ။tiger-dance
ပုလောမြို့ရဲ့ ဒေသန္တရ အလေ့ အထတစ်ခုက အခါကြီး ရက်ကြီး တွေမှာ ဘုန်းကြီးကျောင်းတွေ အတွက် အလှူခံတဲ့အခါ ကခုန်ပြီး အလှူခံလေ့ ရှိကြပါတယ်။ အလှူ ရှင် ဘက်ကလည်း ဒီလို ဖျော်ဖြေ တာကို တောင်းဆိုတတ်သလို အလှူ ခံသူတွေ ဘက်ကလည်း ဘုန်းကြီး ကျောင်းအတွက် အလှူငွေ ပိုမို ရအောင်ဆိုပြီး ကခုန်ပေး လေ့ရှိကြ ပါတယ်။ ပုလောမြို့မှာတော့ အဲဒီ လို အလှူခံတာမျိုးကို အိမ်ခုန် တယ်လို့ ခေါ်ပါတယ်။ ကျားကပွဲ ဟာလည်း အိမ်ခုန်ခြင်း တမျိုးပါပဲ။ ဒီကျား ကပွဲဟာ ၂၀၁၅ သင်္ကြန်မှာ ဆိုရင်တော့ နှစ်စဉ်မပျက်ကပြ လာခဲ့ကြတာ ၉၄ နှစ် ကြာရှိနေပြီ ဖြစ်ပါတယ်။
သက္ကရာဇ် ၁၂၈၃ (ခရစ် ၁၉၂၁) ခုနှစ်မှာ ပုလောမြို့မှာ ပုလိပ် ဌာနအုပ်အဖြစ် လာရောက် တာဝန် ထမ်းဆောင်တဲ့ ဦးကြာပိန်က ဦးဆောင် ပြီး နယ်ခံတွေ ဖြစ်တဲ့ ဦးအောင်ငွေ၊ ဦးချီတို့ ပါဝင်တဲ့ အဖွဲ့က စတင် ကပြခဲ့ကြတာပါ။ ပုလောမြို့မှာ မကခင် ကတည်းက မြိတ်မှာ ကနေကြပြီး ဖြစ်ပါတယ်။ အဲဒီကျား အကဟာ မြိတ်မြို့က ဂေါ်ရင်ဂျီ ကုလား၊ ပဝတ်ကုန်း ရာဘာခြံမှ ဂေါ်ရင်ဂျီ ကုလားတွေ ကတဲ့ အကနဲ့ ဆင်တူနေတဲ့ အတွက် ကုလားကျား ယဉ်ကျေးမှုဟာ မြိတ်မှ တဆင့် ပုလောသို့ ရောက်ရှိ လာ တယ်လို့ ယူဆမိပါတယ်။ ဒီနေ့ အချိန်မှာတော့ ကုလားကျားပွဲဟာ တနင်္သာရီ၊ ပုလောနဲ့ မြိတ် (၃) မြို့သာ ရှိပါတော့တယ်။
ကျားကပွဲရဲ့ သမိုင်းကို ပြန် လှန်ရရင်တော့ အိန္ဒိယမှာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော် လောက်က အစပြုခဲ့ပြီး ဒီနေ့ အချိန်အထိ ကပြ ဖျော်ဖြေလျက်ရှိတဲ့ ကျားကပွဲ တစ်ခု ရှိပါတယ်။ အဲဒီပွဲကို ပူလီကာလီ (ဏကူင Kalင) လို့ ခေါ်ပါတယ်။ ပူလီဆိုတာ ကျား ဖြစ်ပြီး ကာလီဆိုတာ ကတာကို ခေါ်တာပါ။ Kနမala ပြည်နယ်၊ Thမငျကမ မြို့တော်မှာ ဟိန္ဒူ ဘာသာဝင်တွေရဲ့ နှစ်စဉ် ကောက် သစ်စားပွဲ ကျင်းပချိန်မှာ ပြုလုပ် တာလည်း ဖြစ်ပါတယ်။ ဖြစ်ပေါ် လာပုံက မဟာရာဇာ တစ်ဦးဖြစ်တဲ့ စက်သန် သမ်ပူရန်က  တောရိုင်း တွေရဲ့ ဓလေ့ကို ထင်ဟပ်ပြနိုင်တဲ့ ရိုးရာအကတစ်ခုကို ဖန်တီးဖို့ ကြိုးစားခဲ့ရာက စတယ် ပြောရမှာပါ။ ပထမဆုံး ကပြခဲ့ နေရာကတော့ ဗြိတိသျှတွေရဲ့ မွတ်ဆလင် စစ်တန်း လျားနားက လမ်းပေါ်မှာ ဖြစ်ပါ တယ်။ အဲဒီကနေပြီး စတင်နာမည် ကြီးလာပြီး နှစ်စဉ် ကပြလာလိုက်တာ ဒီနေ့ အချိန်မှာတော့ နိုင်ငံခြား ခရီးသွားတွေပါ လာရောက် ဆင်နွှဲ နေကြတာကို တွေ့ရပါတယ်။ အိန္ဒိယ ကျားအက ဝတ်စားဆင်ယင်မှု မူလ အစမှာတော့ ဒီနေ့လို မျက်နှာ ဖုံး သားရေ ခေါင်းစွပ်တွေ မပါသေး ပါဘူး။
ပုလောမြို့ကျားကတဲ့ ပုံစံက တော့ ယောက်ျားတစ်ယောက်ရဲ့ တစ်ကိုယ်လုံးမှာ ဆေးထမ်း ကို အဝါရောင် အောက်ခံဆေးအဖြစ် သုတ်လိမ်းပြီး တောထဲက ကျားအ သွင်အနီနဲ့ အနက်စင်းများကို ရေးဆွဲထားပါတယ်။ ခေါင်းပေါ်မှာ လည်း ကျားနားရွက်ပုံနှင့် တူတဲ့ နားရွက် နှစ်ခုပါတဲ့ ခေါင်း စွပ်နဲ့ မျက်မှန်နက်ကို တပ်ထား ပါတယ်။ နှုတ်ခမ်းပေါ်က အနီရောင် ဆေးက တော့ အသက်သွင်းတဲ့ ဆေးဖြစ် ပါတယ်။ ]]က}} ခါနီး မနက်ရောက် တော့မှ အသက်သွင်းတဲ့ အနေနဲ့ သုတ်လိမ်းပေးတာ ဖြစ်ပါတယ်။ တချို့တွေဆို အဲဒီအသက် သွင်းတဲ့ အချိန်မှာပဲ မူမမှန် ဖြစ်တတ်တာ တွေ ရှိပါတယ်။ ခါးမှာ အတွင်းခံ ဘောင်းဘီ အပေါ်မှ ပုဆိုးတစ်ထည် ကို လက်ဝှေ့ ထိုးသမားများ ခါး စည်းထားသလို စည်းထား ပါတယ်။သူရဲ့ ခါးစည်း အလိပ်ခဲမှာ သံကြိုး၊ နိုင်လွန် ကြိုးတွေကို တခါတရံ ထည့်သွင်း ထားတတ်ပါတယ်။ အဲဒီလို ပြင်ဆင် ထားတဲ့ ကုလား ကျားဟာ ကျားက ပွဲရဲ့ အခရာ တွေလည်း ဖြစ်ပါတယ်။ ကုလား ကျားရဲ့ ခါးအနောက်ဘက်ရှိ ပုဆိုးစကို ဆွဲထားတဲ့ သန်မာထွား ကြိုင်းတဲ့ လူတစ်ဦးလည်း ရှိနေပါ တယ်။ အဲဒီကျားဆွဲသူတွေဟာ ကုလားကျားက သူကို မိနစ် စက္ကန့်နဲ့ မခြား ဂရုစိုက်နေရပါတယ်။
ကုလားကျား ကပြဖျော် ဖြေပုံကတော့ ကုလားကျားပွဲရဲ့ တီးဝိုင်းအဖွဲ့က ကုလားကျားဗုံ( ကုလားစည်တို) အနည်းဆုံး ၃-၄ လုံး၊ သံပုံးနှင့် မောင်းတွေကို တီးလိုက်တာနဲ့ တပြိုင်နက် ကျား အဖွဲ့ဝင်တွေဟာ လှုပ်ရှား လာကြပါ တယ်။ ကုလားကျားကလည်း ညာ လက်ကို မြှောက်လျက် ဘယ်လက်ကို ခါးထောက်လျက် ခြေလက်၊ ခေါင်း တွေကို စည်းချက် ကျကျလှုပ်ရှားခြင်း စတင်က လာကြပါတယ်။ ကျား တွေရဲ့ ရှေ့နဲ့ ဘေးမှာ သစ်သားဖြင့် ပြုလုပ်ထားတဲ့ ဓား၊ ဒူးလေး၊ သေနတ်တွေနဲ့ ကုလားကျားကို ချောင်းလိုက်၊ ရွယ်လိုက် စတဲ့က ဟန်နဲ့ မုဆိုး တွေကလည်း လှုပ်ရှား လာကြပါတယ်။ မုဆိုးတွေရဲ့ ကိုယ်ပေါ်မှာ မုဆိုး အစစ်တွေလို ဝတ်စားဆင်ယင် ထားပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုဟာ တခါတရံ မှာ ကုလားကျားပွဲရဲ့ လူရွှင်တော်လို ဖြစ်နေတတ်ပါတယ်။ ဂျိန်းဂျိန်းနီ ဒေါင်း ဆိုပြီးကုလား ကျားဗုံသံဟာ နှေးနှေးနဲ့ မှန်မှန် ပေါ်ထွက်နေတဲ့ အချိန်မှာ ကုလား ကျားတွေကလည်း ရပ်ကခြင်း၊ လမ်းလျှောက်ကခြင်း၊ ထိုင်ကခြင်း သုံးမျိုးကို လိုသလို ပြောင်းလဲ ကပြ သွားလေ့ရှိပါတယ်။ တန်ခူးလရဲ့ နေရောင်အောက်မှာ ကိုယ်ပေါ်က သင်္ဘောဆေး ပူစပ်စပ် တွေကြောင့် မူးမော်လာခဲ့ရင် ရှုဖို့ဆိုပြီး ကျားအချို့ လက်ထဲမှာ သံပုရာသီးကို တွေ့ရတတ်ပါတယ်။ ထိုင်ကတဲ့ အခါမှာ ကျားအချင်းချင်း ဒါမှမဟုတ် ကျားနဲ့ မုဆိုး သံပုရာသီးကို လှိမ့်ပြီး ကစားတဲ့ အကကို သံပုရာသီးကစားအက လို့ လည်း ခေါ်ကြပါတယ်။
ကုလားကျားဟာ ]က} နေရင်း စိတ်အား ထက်သန်လာပါတယ်။ မုဆိုးကလည်း ကုလားကျားကို ဒေါသဖြစ်အောင် ဟန်ရေး ပြလာပါ တယ်။ ကုလားကျားရဲ့ အမူအရာက လည်း တဖြည်းဖြည်းနဲ့ ခက်ထန် လာပြီး ကိုယ်ခန္ဒာရော ဆေးနီသုတ် ကျား အသက်သွင်းထားတဲ့ နှုတ်ခမ်း ပါ တုန်ခါလာပါရော။ ကျားဆွဲက လည်း ကုလားကျားရဲ့ ကြိုးကို ဘယ်လက်နဲ့ တင်းတင်း ကိုင် ထားပြီး ညာလက်နဲ့ ခါးကို ပိုက် ထား လိုက်ပါတော့တယ်။ အဲဒီ အချိန်မှာပဲ ကုလားကျားဟာ ဝေါင်း လို့ အော်ပြီး အောက်ဖက်ကို ခေါင်း ငိုက်ကျပြီး တွေ့ရာကို ကိုက်ပါ တော့တယ်။ အဲဒါကို မူးနီစီး တယ်လို့ ခေါ်ကြပါတယ်။ ကျားဝိုင်း ရဲ့ ဗုံသံကလည်း ပိုပြီး ကျယ်လောင် ပြီး မြန်လာပါတယ်။ ကျားဖမ်းတွေ ကလည်း ကျားကို ဝိုင်းဝန်းချုပ်ကိုင် ထားကြလို့ ကျားဟာ လေထဲမှာ ဝမ်းလျားမောက်လျက် အနေအထား ဖြစ်နေပါတယ်။ ဒီအချိန်မှာ လော ဘတ်ခွက်ကိုင်တွေက လောဘတ်ငွေ့ ကို ကုလားကျား ရှုမိအောင်လေနဲ့ မှုတ်ပေးရပါတယ်။ ကျွန်တော်တို့ ကတော့ မူးနီစီးတဲ့ ကျားကို ကျားထီးလို့ ခေါ်ပြီး တစ်ခါမှ မစီးဖူးတဲ့ကျားကို ကျားမ လို့ ခေါ်ကြပါတယ်။ ဒါကတော့ ကုလား ကျားပွဲရဲ့ ကပြပုံကို ဖော်ပြထား တာ ဖြစ်ပါတယ်။
ပုလောမြို့မှာတော့ ကျား ကပွဲကို လယ်ဝိုင်းကျောင်း၊ အရှေ့ ကျောင်း၊ အနောက်ကျောင်း ဆိုပြီး ဘုန်းကြီးကျောင်း (၃) ကျောင်းက ဒါယိကာ ဒါယိကာမတွေက ဦးစီးပြီး သင်္ကြန်မတိုင်ခင် တစ်ပတ်လောက်လိုကတည်းက စတင်ပြီး ကပြ အ လှူခံလေ့ ရှိကြပါတယ်။ ပထမဆုံး လယ်ဝိုင်းကျောင်း၊ နောက် အရှေ့ ကျောင်း၊ သင်္ကြန် အကြို ရက်မှာ တော့ နှစ်စဉ်အစဉ် အလာ မပျက် အနောက်ကျောင်း ကျားအဖွဲ့က စည်ကားစွာ ကပြလေ့ ရှိကြပါတယ်။
ကျားကတဲ့ နေ့တွေရောက်ရင် လူအုပ်လိုက်ကြီး မြို့ကို ပတ်လေ့ ရှိကြပါတယ်။ မိန်းကလေးတွေ ကလည်း မနီးမဝေး၊ တချို့က အိမ် ပေါ်တွေကနေ ကြည့်လေ့ရှိကြ ပါတယ်။ ကျားတွေက အများအား ဖြင့် လမ်းဆုံလမ်းခွတွေ ရောက်ရင် မူးနီ စီးလေ့ရှိကြ ပါတယ်။ ထူးခြား ချက်တစ်ခုက မူးနီစီးဖူးတဲ့ လူတစ် ယောက်ဟာ နောက်နှစ်တွေမှာ ကျားကဖွဲ့ထဲ ဝင်မက စေကာမူ ကျားဗုံ သံကြားရင် မျက်လုံးတွေ နီလာပြီး ကျားတွေကြားထဲဝင်ကာ မူးနီစီးလေ့ ရှိပါတယ်။ တချို့တွေဆို အိမ်ပေါ်ကနေ ကျားအုပ်ကြားထဲ ခုန်ချတာမျိုး တွေ့ရပါတယ်။
မူလအစလို့ ယူဆထားတဲ့ ပူလီကာလီပွဲနဲ့ကတော့ တီးပုံ၊ ကပုံတွေက ခြားနားနေတာကို တွေ့ရပါတယ်။ ပူလီကာလီပွဲရဲ့ ဆေးခြယ်သမှု အပိုင်းမှာ နှစ်မျိုး တွေ့ရပါတယ်။ ရင်ဘတ်ကို ကျား ခေါင်းပုံ သဏ္ဌာန်ခြယ်သခြင်းနဲ့ ကျား အရေအခွံကဲ့သို့ ခြယ် သခြင်း တို့ ဖြစ်ပါတယ်။ ကျားခေါင်းပုံ ခြယ်သမှုတွေ ရင်သားနှစ်ခုကို မျက်လုံး နှစ်လုံးအဖြစ် ခြယ်ပြီး ဗိုက်ကို ပါးစပ်အဖြစ် ခြယ်ထား တာကို တွေ့ရပါတယ်။ ကျားတွေ သာမက ခြင်္သေ့အရုပ်တွေ ခြယ်သ ထားတာကို တွေ့ရပါတယ်။ အရောင်တွေ ကလည်း အဖြူအမဲ၊ အဝါအနီနဲ့ အစိမ်း စသည်ဖြင့် ရောင်စုံ ကျားတွေကို တွေ့မြင်ရပါ တယ်။ အဲဒီဆေးခြယ်တဲ့ ပန်းချီဆရာ တွေဟာ သေချာ လေ့ကျင့်ထားတဲ့ ပန်းချီ အကျော်အမော်တွေ လည်း ဖြစ်ပါတယ်။ ကျားပုံ၊ ခြင်္သေ့ပုံ မျက်နှာဖုံးတွေကိုလည်း တပ်ဆင်ထားကြပါတယ်။ ခါးမှာလည်း ခြူတွေကို သီကုံးပြီး ပတ်ထားပါတယ်။
တီးလုံးမှာကတော့လည်း ဂျိန်းဂျိန်းနီဒေါင်းလို တီးလုံးမျိုးကို တီးစလောက်သာ အသုံးပြုတာကို တွေ့ရပါတယ်။ တီးတာကတော့ ဗုံတင်မကဘူး ခြူသံတွေပါ ပါလာ တယ်။ တီးတဲ့ တိုင်မင် ကလည်း မြန်ပါတယ်။ ကပုံကတော့ သူတို့ ရေးခြယ်ထားတဲ့ ရင်သားနဲ့ ဗိုက်ပေါ်က ကျားအရုပ်များကို လှုပ် ကာ ကပြကြတာ ဖြစ်ပါတယ်။ သံပုရာသီး လိမ့်ပြီးက တာတော့ တွေ့ရပါတယ်။ တန်းစီပြီး လက် ချင်းချိတ်ကာ ကျန်လက်ကို မြှောက်ပြီး ကတာမျိုးလည်း တွေ့ ရပါတယ်။ ဗုံကတော့ ဗုံရှည်ကို အသုံးပြုပါတယ်။
ထူးဆန်းတာတတစ်ခုက ပုလောကုလားကျားရဲ့ မူလဇစ်မြစ် လို့ ယူဆကြတဲ့ ပူလီကာလီ (အိန္ဒိယကုလားကျားပွဲ) မှာ မူးနီစီး တာလည်း မရှိသလို လောဘတ် ခွက်ကိုင်တဲ့ သူတွေကိုလည်း မတွေ့ ရပါဘူး။
ပုလောကျားပွဲဟာ ပုလောမြို့မှာ ကျင်းပတဲ့ ရိုးရာပွဲတွေ ထဲမှာတော့ အစည်ကားဆုံးလို့ ဆိုနိုင်ပါတယ်။