သင်္ကြန်တွင် ဖြစ်ပွားတတ်သော ကျန်းမာရေး ပြသနာများ

0
775

သင်္ကြန် ရေကစားချိန် ရောက်ရှိပြီ ဖြစ်သဖြင့် အောက်ပါ ဖြစ်ပွားတတ်သော ကျန်းမာရေး ပြဿနာများအား သတိပြု ရန် လိုအပ်ပါသည်။

မျက်စိတွင်
မသန့်ရှင်းသောရေဝင်ခြင်း


မျက်စိအား ရေပြွတ်၊ ရေပန့်၊ ရေပူ ဖောင်း စသည်တို့ဖြင့် ထိခိုက်မိခြင်း ဖြစ်ပါက မျက်စိအား ရေကြည်ရေအေးဖြင့် ဆေးကြောပြီး မျက်စိမှိတ် အနားယူပါ။ နောက်တစ်နေ့အပြင် မထွက်ပါနှင့်။ နေကာ မျက်မှန် အကြီးကြီးဖြင့် အကာ အကွယ် ယူပါ။ ဒဏ်ရာ ပြင်းထန်လျှင် မျက်စိအရေးပေါ် ဌာနတွင် ပြသပါ။ မျက်စဉ်း အလွယ်တကူ မခပ်ပါနှင့်။

နားတွင်း ရေဝင်ခြင်း
နားအူခြင်း နားကိုက်ခြင်း၊ နားစည်ကွဲထွက်ခြင်းများ ဖြစ်လျှင် ရေဝင်သော နားနှင့် ဖိအိပ်ပြီး ရေပြန် ထွက်လာရန် ကြိုးစားပါ။ မသိနား မလည်ဘဲ နားသန့်ဆေးရည်များ မခပ် ပါနှင့်။ ဆရာဝန်နှင့် ပြသပြီး ပိုးသတ် ဆေး အာရုံကြောဆေး၊ အကိုက်အခဲ ပျောက်ဆေး သောက်ပါ။ နားကလော်ခြင်း မပြုပါနှင့် တက်ကျွမ်းသော အထွေထွေကု ဆရာဝန်နှင့် ပြသ တိုင်ပင်ပါ။

အရေပြားထိခိုက်ခြင်း
ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း အမြင့်မားဆုံး နံနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း နေပူထဲ ရေပက်ခံ ထွက် လျှင် ဦးထုပ်ဆောင်းပါ။ လည်ကုတ်တွင် ကော်လံပါသော အင်္ကျီဝတ်ဆင်ပါ။ နေလောင်ခံ Sင်္ဏ ၃၀-၅၀ အစရှိသော ခရင်(မ်)များ မျက်နှာ၊ လည်ကုတ်၊ လည်ပင်းနှင့် လက်မောင်း တစ်လျှာက် လိမ်းပြီးမှ ရေပက်ခံထွက်ပါ။ နေကာ မျက်မှန် အကြီးကြီး တပ်ဆင်ပါ။ အင်္ကျီ လက်ရှည် ဝတ်ဆင်၍ ရေပက်ခံထွက် ခြင်းမှာ နေပူထဲတွင် အချိန်ကြာမြင့်စွာ ရပ်တန့်တန်းစီ၍ ရေပက်ခံချိန်တွင် ခရမ်းလွန်ရောင်ခြည် ဒဏ်အား ကာကွယ် နိုင်မည် ဖြစ်ပါသည်။
ထူထဲသော ခြေအိတ်များ ဘွတ်ဖိ နပ်များ တနေကုန် ဝတ်ဆင်ခြင်း၊ စီးထားခြင်းမှာ ခြေထောက်များ နူးပွပြီး အသားအရေ ပျက်စီးကာ သဲဝဲနှင့် အနာများ ဖြစ်နိုင်သဖြင့် ခြေညှပ်ဖိနပ် ကောင်းကောင်းသာ စီးပါ။ ခြေထောက် နှင့် ခြေချောင်းလေးများ တင်းကြပ်စွာ   လှောင်ပိတ်နေခြင်း ရှောင်ပါ။ ညနေ ရေပက်ခံရာမှ အိမ်ပြန်ရောက်လျှင် ဆောင်းခရင်(မ်)အေးအား ခြေထောက် များကို လိမ်းပေးပါ။ ရေသုတ်ပြီးမှ လိမ်းပါ။
ပျက်စီးနေသော အရေပြားအား သနပ်ခါးပါးပါးသာ လိမ်းပါ။ သနပ်ခါး ထူထူလိမ်းခြင်းမှာ အရေပြားပိုပြီး ခြောက်သွေ့ စေပါသည်။
သင်္ကြန်ရေကြောင့် အရက်သေစာ သောက်စားအမူးလွန်လျှင် သင့်လျှော် သော တနေရာတွင် အသက်ရှူ မပိတ်စေ ဘဲ အိပ်စက်ခိုင်းပါ။ အအေးလွန်မသွား ရန် အဝတ်ဖုံး ထားပေးပါ။ ကော်ဖီ ပြင်းပြင်း သောက်နိုင်လျှင် တိုက်ပေးပါ။ အရက်မူးလွန် အိပ်ပျော်နေလျက် ဆက်လက် ရေပက်ခံ ခေါ်ဆောင် မသွား ရန် အရေးကြီးပါသည်။
အော့အန်ခြင်း၊ အစားမှားခြင်း၊ မူးခြင်း ဝမ်းလျှောခြင်းများအတွက် ရေ ပက်ခံနေစဉ် စားသောက်သည့် အစား အစာအား သတိပြုရွေးချယ်ပါ။ စဉ်းစား ပြီး မသန့်ဟုထင်လျှင် မစားပါနှင့်။ အိမ်ပြန် ရောက်လျှင် ဆရာဝန်ပြသပြီး ကုသမှု ခံယူပါ။ အော့အန်ခြင်းများလျှင် ရေပက်ခံစဉ်မှာပင် ဓာတ်ဆားရည်၊ သကြားအချိုရည် စသည်တို့ ရှာဖွေ သောက်ထားပြီးမှ နီးစပ်ရာ ဆေးခန်းတွင် ဝင်ရောက် ကုသမှုခံယူပါ။ ရောဂါမ သက်သာဘဲ နောက်တစ်နေ့ ရေပက်ခံ မထွက်ရန် အရေးကြီးပါသည်။
အမျိုးသမီးငယ်များ အနေဖြင့် မိမိနှင့် မသိကျွမ်းဖူးသူများပေးသည့် ဖျော်ရည်၊ အရက်၊ ဘီယာ၊ ချိုချဉ် စသည်တို့ သတိပြု စားသောက်ပါ။ လိင်စိတ် ကြွဆေးများ ပါဝင်ပြီး ဘ၀ မပျက်စေရန် အထူးဂရုပြု ဆင်ခြင် သင့်ပါကြောင်း သတိပေး ရေးသား အပ်ပါသည်။