စည်းကမ်းမဲ့ အမှိုက်ပစ်သူများကြောင့် ဘုမ္မော်ချောင်း တိမ်ကောလာ

0
697
ဓါတ်ပုံ - အောင်သူ

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ကြောင်း ထားဝယ်မြို့ရှိ အဓိက ချောင်း တစ်ခုဖြစ်သည့် ဘုမ္မော်ချောင်းမှာ အမှိုက်များနှင့် ပြည့်နှက်ကာ တဖြည်းဖြည်း တိမ်ကောလာကြောင်း ချောင်း တစ်လျှောက် နေထိုင်သည့် ဒေသခံ များထံများက ပြောသည်။

ဘုမ္မော် ရပ်ကွက်သူ ရပ်ကွက်သားများအပြင် မြို့တွင်းရှိ စားသောက် ဆိုင်လုပ်ငန်းရှင် အချို့ကပါ အခကြေးငွေပေးကာ အမှိုက်များကို အဆိုပါ ချောင်းအတွင်း လာရောက် စွန့်ပစ် လေ့ရှိသဖြင့် တဖြည်းဖြည်း တိမ်ကောလာပြီး နှစ်စဉ် ရေကြီးရေလျှံမှုကို ခံစားနေရသည်ဟု ဘုမ္မော်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။

ဓါတ်ပုံ - အောင်သူ
ဓါတ်ပုံ – အောင်သူ

” ညဘက် လူခြေတိတ်ချိန်ဆိုရင် အထုတ်ကြီး အထုတ်ငယ်နဲ့ လာပစ်ကြတာပဲ။ တခါတခါဆို ခွေးသေ တွေပါ ပါတယ်။ အမှိုက်တွေက ပလပ်စတစ် တွေပဲဆိုတော့ မီးဘေးတောင် စိတ်ပူ နေရတယ်” ဟု ဘုမ္မော်ချောင်းနံဘေး နေထိုင်သည့် အမျိုးသားကြီး တစ်ဦးက ပြောသည်။
ချောင်းအတွင်းသို့ အမှိုက်မပစ်ရန် ချောင်းအနီးအနား နေထိုင်သူများကို ဘုမ္မော်ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ စာပို့ အကြောင်းကြားထားသော်လည်း ချောင်းအနီး အနားနေထိုင်သူများ အပါအဝင် အခြားရပ်ကွက်များကလည်း လာရောက်စွန့်ပစ်နေမှုများရှိနေသေး ကြောင်း ၎င်းက ဆိုသည်။”စည်ပင်က ချောင်းအထက်ပိုင်းကို အရင်က လာတူးဖူးတယ်။ ချောင်းအောက်ပိုင်းကို ဆက်မတူးတော့ ဘာမှ မထူးလာဘူး ” ဟု အထက်ပါ အမျိုးသားကြီးက ဆိုသည်။

ချောင်းတိမ် ကောမှုကြောင့် မိုးရာသီ ရေကြီးရေလျှံမှုကို ဘုမ္မော် ရပ်ကွက်အပြင် ဒေါင်းငူရပ်ကွက်ပါ စားနေရသည်ဟု ဒေါင်းငူရပ်ကွက် နေထိုင်သူများက ပြောသည် အဆိုပါ ချောင်းအား တူးဖော်ပေးရန် အစီအစဉ် ရှိမရှိကို တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ၁၂ ကြိမ်မြောက် အစည်း အဝေးတွင် သရက်ချောင်း မြို့နယ်မဲ ဆန္ဒနယ်အမှတ် ၁ မှ လွှတ်တော် ကိုယ်စားလှယ် ဦးငွေဝင်းက မေးမြန်း ခဲ့သည်ကို ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်က အကြီးစား တူးဖော်မှု ပြုလုပ်ခဲ့ပြီး ထားဝယ်မြို့ နယ် စည်ပင် သာယာ ရေးအဖွဲ့မှ ချောင်းရေစီး ရေလာ ကောင်းမွန်ရေး နှစ်စဉ်လုပ် ဆောင်လျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီးမှ ပြန်လည် ဖြေကြားခဲ့သည်။
ဘုမ္မော်ချောင်းကို ဆေးရုံလမ်းမှ စတင်၍ အ.ထ.က ၂ ကျောင်းအနီးအထိ အရှည်ပေ ၆၆၀၀၊ အကျယ် ၁၀ ပေနှင့် အနက် ၈ ပေ အတိုင်းအတာဖြင့် အကြီးစား တူးဖော်မှုပြုလုပ်ခဲ့သည်ဟု စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦးမှ ဖြေကြားခဲ့သော်လည်း ယခုဘဏ္ဍာရေး နှစ်တွင် တူးဖော်ရန် အစီအစဉ်ရှိမရှိကိုမူ ထည့်သွင်းဖြေကြားသွားခြင်း မရှိပေ။
သို့သော် ဘုမ္မော်ချောင်းအား ယခုနှစ် မိုးရာသီမတိုင်မီ တူးဖော်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြတောင်းဆိုထားကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးလှရွှေက ပြောသည်။