မော်လမြိုင်လူငယ် သံချပ်အဖွဲ့ မြင်တာကို တည့်တည့်ပြောမည်

0
584
ယမန်နှစ်သင်္ကြန်က မော်လမြိုင်လူငယ်သံချပ်အဖွဲ့၏ ဖျော်ဖြေမှုမြင်ကွင်း/ ဓာတ်ပုံ - ယဉ်စနိုင်း

“မြင်တာကို တည့်တည့်ပြောမယ်” မော်လမြိုင်လူငယ်သံချပ်အဖွဲ ယခုနှစ် သင်္ကြန်တွင်လည်း ဖျော်ဖြေမည်ဖြစ်ကြောင်း သံချပ်အဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။

ယမန်နှစ်သင်္ကြန်က မော်လမြိုင်လူငယ်သံချပ်အဖွဲ့၏ ဖျော်ဖြေမှုမြင်ကွင်း/ ဓာတ်ပုံ – ယဉ်စနိုင်း[/caption]
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၁၉၈၈ ခုနှစ်မတိုင်ခင်က ရှိခဲ့သည့် သင်္ကြန်သံချပ်ဖျော်ဖြေမှုကို ပြန်လည်ဖော်ထုတ်လိုသည့် ရည်ရွယ်ချက်ဖြင့် ပထမဆုံးအကြိမ်အဖြစ် “မြင်တာကို တည့်တည့်ပြောမယ်”“သင်္ကြန်နဲ့ သံချပ်ခွဲခြားလို့ မရဘူးဆိုတာကို ယခုခေတ်လူတွေ သိအောင်လို့” ဟု သံချပ်အဖွဲ့ခေါင်းဆောင် ကိုကြည်ဇော်လွင်က ပြောသည်။
 ယမန်နှစ်သင်္ကြန်က မော်လမြိုင်လူငယ်သံချပ်အဖွဲ့၏ ဖျော်ဖြေမှုမြင်ကွင်း/ ဓာတ်ပုံ - ယဉ်စနိုင်း
လူငယ်များဖြင့် ဖွဲ့စည်းထားပြီး ပြည်သူလူထု၏ နစ်နာချက်များ၊ ခေတ်နှင့်မလျော်ညီသည့် အချက်များ၊ ဒီမိုကရေစီအရေး နိုင်ငံသားတို့၏ ကျင့်ဝတ်တာဝန်များကို အဓိကထား ထည့်သွင်း ဖျော်ဖြေသွားမည့်အပြင် အမုန်းမပွားရေး လှုပ်ရှားမှုကိုလည်း လုပ်ဆောင်သွားမည်ဟု ကိုကြည်ဇော်လွင်က ရှင်းပြသည်။

“မနှစ်ကတော့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပြီးတော့ ဖျော်ဖြေခိုင်းတဲ့ မဏ္ဍပ်ရှိသလို မဏ္ဍပ်ထဲ ပေးမဝင်တာတွေလည်း ရှိခဲ့ပါတယ်” ဟု ယမန်နှစ်ကတည်း သံချပ်ဖျော်ဖြေမှုတွင် ပါဝင်ခဲ့သည့် မင်းဟံတလမွန်က ပြောသည်။

သံချပ်အဖွဲ့သည် သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့ထိ မော်လမြိုင်မြို့ပေါ်ရှိ မဏ္ဍပ်များတွင် လိုက်လံ ဖျော်ဖြေသွား မည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်လူငယ်သံချပ်အဖွဲ့တွင် အမျိုးသား၊ အမျိုးသမီးအဖွဲ့ဝင် ၂၅ ယောက်ခန့်ပါဝင်ပြီး သင်္ကြန်မဏ္ဍပ်များတွင် ဧပြီလ ၁ ရက်နေ့မှ စကာ သံချပ်တိုက်သွားမည်ဟု သိရသည်။

မော်လမြိုင်တွင် ၁၉၈၈ ခုနှစ်မတိုင်ခင်ချိန်ထိ သင်္ကြန်တွင် ရပ်ကွက်အလိုက် သံချပ်အဖွဲ့များရှိသည့်အပြင် ယင်းသံချပ်အဖွဲ့တို့က ပြိုင်ပွဲပြုလုပ်ပြီး ဆုရရှိသည့်အဖွဲ့များကို ပြည်နယ်အစိုးရအဖွဲ့၏ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ဆုပေးသည့် အစဉ်အလာရှိခဲ့သည်။