မောင်နှမမြို့တော် တည် ထောင် ခြင်း အထိမ်းအမှတ် ကုန်စည်ပြပွဲ

0
806

မြိတ်ခရိုင်နှင့် ပရာကျွတ်ခီရီခန် ခရိုင်တို့ မောင်နှမမြို့တော် တည်ထောင် ခြင်း အထိမ်းအမှတ်အဖြစ် မြိတ်မြို့နယ် ကမ်းနားလမ်းရှိ မြိတ်ကုန်တိုက်တွင် ဧပြီလ ၄ ရက်နေ့မှစပြီး ကုန်စည်ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း ကုန်တိုက် တာဝန်ခံမှ ဦးဖိုးလိပ်ထံမှ သိရသည်။

အဆိုပါ ကုန်စည်ပြပွဲသည် မြိတ်ခရိုင်နှင့် ပရာကျွတ်ခီရီခန်ခရိုင်တို့ တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များ အရ နှစ်နိုင်ငံချစ်ကြည်ရေး ကုန်စည်ပြပွဲ ဖြစ်ကြောင်း သိရသည်။
ထိုင်းဘက်မှ ကုမ္ပဏီပေါင်း ၄၀ မှ ထုတ်ကုန်ပစ္စည်းများကို လာရောက် ပြသ သွားမည်ဖြစ်ကာ ဒေသထွက် ကုန်များအတွက် အများဆုံး ဆိုင်ခန်း ၁၀ ခုခန့်ရှိနိုင်မည်ဟု မြိတ်ခရိုင် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ ထိုင်းကုမ္ပဏီတွေ တိုက်ရိုက် ချိတ်ဆက်မိပြီး လုပ်ငန်း အခွင့်အလမ်း တွေ ရလာနိုင်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

မြိတ်ဒေသမှထွက် ရေထွက်ပစ္စည်း များ၊ မုန့်ကုလားမဲ၊ ဟာလာဝါတို့နှင့် ထားဝယ်မြို့မှ ငါးမုန့်နှင့် မုန့်မျိုးစုံတို့ကို ထည့်သွင်း ပြသသွားရန် စီစဉ် ဆောင်ရွက်နေဆဲဖြစ်ကြောင်းဟု ဦးဖိုးလိပ်က ပြောသည်။မြိတ်ခရိုင်နှင့် ပရာကျွတ် ခီရီခန်ခရိုင်တို့သည် မောင်နှမမြို့ တော် အဖြစ် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က နေပြည်တော်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေး ထိုးပြီး နှစ်နိုင်ငံချစ်ကြည်ရေး တည် ထောင် ထားပြီးဖြစ်ကြောင်း သိရသည်။

ကုန်စည်ပြပွဲကို ဧပြီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပမည်ဖြစ်ကာ ထိုင်းရိုးရာ အက များဖြင့် ဖျော်ဖြေပွဲများ ကို ပြုလုပ်သွားမည်ဖြစ်ကာ ပုဂံ အကများကိုလည်း ထည့်သွင်း ကျင်းပ နိုင်ရန် ဆောင်ရွက်နေသည်ဟု သိရ သည်။