၃ နှစ်အတွင်း မြိတ်တွင် ကိုယ့်အားကိုယ်ကိုး လမ်း ၇၀ ကျော်

0
749

မြိတ်မြို့နယ်တွင် ဘဏ္ဍာရေးနှစ် ၃ နှစ်အတွင်း ကိုယ့်အားကိုယ် ကိုးခင်းသည့် ကွန်ကရစ်လမ်း ၇၀ ကျော်ရှိကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးရုံး အင်ဂျင်နီယာ ဦးစိန်ဝင်းထံမှ သိရသည်။၂၀၁၂ – ၁၃မှ ၂၀၁၄ – ၁၅ ဘဏ္ဍာ ရေးနှစ်များအတွင်း လမ်းပေါင်း ၇၇ လမ်း၊ အရှည် ၈ မိုင် ၁ ဖာလုံကို ကိုယ့် အားကိုယ်ကိုး ခင်းခဲ့ကြခြင်း ဖြစ်ကြောင်း ယင်းရုံးမှ သိရသည်။

road-in-myeik
” မိုးတွင်းမှာဆိုရင် လမ်းပေါ်မှာ ရေက ဒူးလောက်အထိ မြှုပ်နေပြီး သွားလာရေး ခက်ခဲလို့ ကွန်ကရစ်လမ်း ခင်းတာပါ ” ဟု ပါရမီ ၂ ရပ်ကွက် ခတ္တာ လမ်းမှ လမ်းဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်ဝင်းက ပြောသည်။ကိုယ်ထူကိုယ်ထခင်းသည့် လမ်း အများစုသည် ရပ်ကွက်အတွင်း လမ်း များဖြစ်ပြီး သက်ဆိုင်ရာ လမ်းအလိုက် ကော်မတီများ ဖွဲ့စည်းကာ စုပေါင်း ထည့် ဝင်ငွေဖြင့် ခင်းကြသည်ဟု သိရသည်။
မြိတ်မြို့ပေါ်ရှိ မြိတ်တောင်နယ် မြေ၊ မြိတ်တောင်ကျေးရွာ၊ အ လယ်ကျွန်း နယ်မြေ၊ နောက်လယ် ရပ်ကွက်နှင့် ရေပုန်း ရပ်ကွက် တို့တွင် ကိုယ့်အားကိုယ်ကိုး ခင်းသည့်လမ်း အများဆုံးဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးရုံးထံမှ သိရ သည်။
ကွန်ကရစ်လမ်း ခင်းသည့်အခါ နည်းပညာအပိုင်းသာ ကူညီခွင့်ရှိပြီး ကတ္တရာလမ်းခင်းသည့်အခါတွင်မူ ကတ္တရာပုံး အချို့ ကူညီသည်ဟု ဦးစိန်ဝင်းက ရှင်းပြသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ် အတွင်း မြို့နယ်စည်ပင်၏ ရန်ပုံငွေ ဖြင့် လမ်းပေါင်း ၁၈ လမ်းကို ကတ္တရာလမ်း ထပ်ပိုးလွှာခင်းပြီး လမ်း ၂၀ ကျော်ခန့်ကို စည်ပင်နှင့် လူထု ပူးပေါင်းပြီး ကတ္ကရာ လမ်းခင်းခဲ့ကြသည်ဟု ယင်းရုံးက ပြောသည်။